❗ Storygloryမှာ 146ထိကြိုတင်ပေးထားပါတယ်❗Unicode
အပိုင်း ၁၃၆ - အဲ့လူတွေကိုသတိထား
"အစ်မယင်းဟုန်၊ အစ်မ နီယွင်ဖန်းကို မလာတာ အတော်ကြာပြီပဲ.."
"မုမိန်းကလေးကို နှုတ်ခွန်းဆက်သပါတယ်။ သခင်မက လောလောဆယ် အရမ်းအလုပ်များနေလို့ အပြင်ထွက်ဖို့ အချိန်မရှိဘူးရယ်။ ဒီနေ့ သခင်မက မိန်းကလေးကို အိမ်တော်ဆီ အလည်လာဖို့ ပြောခိုင်းလိုက်တာမို့ ကျွန်မလည်း အိမ်ကနေ ထွက်လာလို့ရခဲ့တာ..."
မုယွင်ယောင်အပေါ် ယင်းဟုန်၏ သဘောထားမှာ ရင်းနှီးမှုအရိပ်အယောင်များရှိကာ လေးစားမှုရှိပြီး ယခင်ကလို ပေါ့ပေါ့ပါးပါး မပြောတော့ပေ။
မုယွမ်ယောင်က လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး
"ကောင်းလိုက်တာ၊ ကျွန်မလည်း သခင်မနဲ့ ပြောစရာတွေရှိတယ်။ သွားရအောင်.."
"ဟုတ်ကဲ့ပါ၊ ရထားလုံးက အိမ်ဝင်ပေါက်မှာ ရောက်နေပြီးပါပြီ..."
မုယွမ်ယောင် ချောင်အိမ်တော်ထံရောက်လာသည်။ သူမ ခြံဝင်းထဲမှာလူအနည်းငယ်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ယင်းဟုန် ကို မေးလိုက်သည်။
"အစ်မယင်းဟုန်၊ အိမ်တော်ကြီးမှာ လူတွေရှိနေပုံပဲ.."
“သခင်မက သူတို့ကို ယာဂုဝေပေးဖို့လွှတ်လိုက်တာပါ။ ပန်းထိုးပညာ သင်ယူသူတွေ များလွန်းလို့ လူတွေ စုရုံးဖို့ မလွယ်ဘူး။ သင်ယူချိန်ကြာမြင့်တာကြောင့် နားချိန်ကျ စားဖို့ အိမ်ပြန်နေရရင် အချိန်ဖြုန်းနေသလိုဖြစ်နေလို့ သခင်မက ကျင်းလင်မြို့ကအမျိုးသမီးတွေအတွက် နေ့လည်စာအဖြစ် ယာဂုဝယ်ဖို့ အိမ်တော်ရဲ့ငွေကို ထည့်အသုံးပြုလိုက်တာ..”
"သခင်မက တကယ်တော်တာပဲ"
ဒီလှုပ်ရှားမှုကြောင့် သခင်မကျင်း မည်မျှဂုဏ်သတင်းကျော်ကြားသွားမည်ကို ဘယ်သူမှ မမှန်းဆနိုင်။
အခန်းထဲဝင်သွားချိန် သခင်မကျင်းရဲ့ လက်ထဲက ချည်ထိုးဘောင်လေးကို မုယွမ်ယောင် တွေ့လိုက်ရသည်။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...