အပိုင်း ၁၆၇ /အပိုင္း ၁၆၇

1.1K 139 4
                                    

Unicode

အပိုင်း ၁၆၇ - လျိုလျန်ရဲ့ သရုပ်မှန်

အထိန်းတော်ချင်းက သူရောက်လာတာ ကြားတော့ အမြန် ရှေ့ထွက် နှုတ်ဆက်သည်

“မိန်းကလေး ရောက်လာပါပြီလား အဲ့ဒီဆိုင်းဘုတ်က…”

“ကျွန်မ သိပါတယ် ခဏအတွင်း ကျွန်မ လျိုလျန်ကို ဧကရာဇ်မင်းမြတ်ရဲ့လက်ရေးမူ ယူခဲ့ခိုင်းလိုက်ပါမယ်။ လူကြီးမင်း တစ်ယောက်ယောက်ကို ကူးခိုင်းပြီး ဆိုင်းဘုတ်လုပ်လို့ ရပါတယ်”

“ကောင်းပြီ ကောင်းပါပြီ။ ကျွန်တော်လည်း လူတစ်ယောက် တွေ့ထားတယ်။ သူက ကျင်းလင်မြို့က နာမည်အကြီးဆုံး အလှဆင်သူပါ။ သူက သေချာပေါက် ပြီးပြည့်စုံတဲ့ဆိုင်းဘုတ် ပြုလုပ်ပေးမှာပါ”

မုယွမ်ယောင် ပြုံးမိသည်
“ကျွန်မ လူကြီးမင်းရဲ့ အကဲဖြတ်နိုင်စွမ်းကို ယုံကြည်တာပေါ့”

အထိန်းတော်ချင်းက သူ အစိုးရိမ်လွန်နေခဲ့တာကို သတိထားမိပြီး ရယ်မောလေသည်

“မိန်းကလေး ဧကရာဇ်ရဲ့ ရွှေရောင်ဆိုင်းဘုတ်နဲ့ဆိုတော့ ဒီနေ့ ဆိုင်မှာ ကြိုတင်နေရာယူထားတဲ့ အရေအတွက်က ရုတ်တရက် နှစ်ဆတိုးသွားပြီး ပူးရှန့်လုံက နောက်လကုန်ထိ စာရင်းအပြည့်ပေးပြီးသား ဖြစ်သွားပါပြီ။ ဒါ့အပြင် ဒီမနက်အစောပိုင်းက ကုန်သည်အများအပြား လက်ဖက်ခြောက် လာမှာကြပေမယ့် ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်က ရောင်းပေးနိုင်ဖို့ သေးလွန်းပါတယ်”

သူ့အသံတွင် နောင်တအပြည့် ပါနေသည်။ သူ့တံခါးဝကို တစ်ယောက်ယောက်က ငွေလျန်တွေနဲ့ ရောက်လာခဲ့ပေမယ့် မယူနိုင်ခဲ့ပေ။

“ကျွန်မတို့ လက်ဖက်ရည်ဆိုင်က သေးပေမယ့် ကျန်းနန်ခရိုင်တစ်ခုလုံးက ကျယ်ဝန်းလှပါတယ်။ ကျွန်မတို့တွေ လက်ဖက်ရွက် လတ်လတ်ဆတ်ဆတ်တွေဝယ်ပြီး ကိုယ်တိုင် လှော်လို့ရတယ်လေ။ အချို့နေရာတွေက လက်ဖက်ရွက်သယ်ယူဖို့ အဆင်မပြေဘူးဆိုရင် ကျွန်မတို့တွေ လက်ဖက်ရွက်ဘယ်လိုလှော်ရမလဲသိတဲ့ သူတစ်ယောက်ကို တိုက်ရိုက် စေလွှတ်လို့ရတယ်။ ဒါဆို ကျွန်မတို့တွေ ခြံဝန်းတစ်ခုရှာပြီး ပူးရှန့်လုံဆိုင်းဘုတ် ချိတ်ဆွဲလိုက်ရုံပေါ့။ နောင်အနာဂတ်ကျရင် ပူးရှန့်လုံက ပိုလို့တောင် နာမည်ကြီးလာဦးမှာ။ ကျွန်မတို့တွေ တခြားတစ်နေရာမှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဖွင့်ချင်တယ်ဆိုရင် အဲ့ဒီမှာ အားထားလို့ရမယ့်လူတစ်ယောက် လိုလိမ့်မယ်။ အခုကတည်းက လုပ်ထားမယ်ဆိုရင်ရော”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now