အပိုင်း ၅၆ / အပိုင္း ၅၆

2.2K 248 4
                                    


Unicode

စုဝမ်ယွမ်က ထပ်ပြောနေလည်း အသုံးမဝင်မှန်း သိရှိခံစားလိုက်ရပြီး မြေပြင်ပေါ် ဒူးထောက်ချလိုက်သည်။ ဧကရာဇ်ရဲ့ ဒေါသက သူ့ကို ခေါင်းမဖော်နိုင်အောင် မြေပြင်မှာ ပြားပြားဝပ်နေစေခဲ့သည်။

အချိန်အတော်ကြာပြီးတဲ့နောက် ဧကရာဇ်က အေးစက်စွာနဲ့ ပြောလာသည်

“ငါကိုယ်တော် ဒီကိစ္စကို အမတ်စုဆီ ပုံအပ်လိုက်မယ် မွေးနေ့လက်ဆောင်ကို သုံးပြီး တော်ဝင်အစိုးရကို ကျိန်ဆဲဖို့ ကြိုးစားတာဆိုတော့ အမတ်စုက ဒီလူကို လွှတ်ပေးမယ်လို့တော့ မထင်ဘူး”

“ဟုတ်ကဲ့ပါ ဘုရင်မင်းမြတ် ဒီအရာရှိက တရားခံကို သေချာပေါက် ရှာပါ့မယ်”

မုယွမ်ယောင်ရဲ့ အသစ်ဝယ်ယူထားတဲ့ အိမ်ကို သန့်ရှင်းရေးလုပ်လို့ ပြီးသွားပြီ ဖြစ်သည်။ သူမက နေ့ကောင်းရက်မြတ်ကို ရွေးပြီးသည်နှင့် စုချင်နဲ့အတူ ပျော်ရွှင်စွာနဲ့ ပြောင်းရွှေ့လာခဲ့သည်။

စီရင်စုဘုရင်ခံရဲ့ စားသောက်ပွဲ ပြီးသွားတဲ့နောက် လူတော်တော်များများက လျှို့ဝှက်ဆန်းကြယ်တဲ့ အပ်ချုပ်သမလေးအကြောင်း သိရဖို့ သခင်မကျင်းဆီ လာရောက်ကြလေသည်။ သခင်မကျင်းက လူအချို့ကိုတော့ လာခွင့်မပြုဘဲ ပြန်လွှတ်လိုက်သည်။ သူမက ကျန်တဲ့လူတွေရဲ့ နာမည်တွေကို စုစည်းပြီး ထိုစာရင်းကို ယင်းဟုန်အား မုယွမ်ယောင်ဆီသို့ ပို့စေလိုက်သည်။

နှစ်ရက်အကြာ မနက်အစောပိုင်းတွင် မုယွမ်ယောင်က ချောင်အိမ်တော်သို့ ရောက်လာခဲ့သည်။

“မင်း ဒီကိုလာလိမ့်မယ်ဆိုတာ ခန့်မှန်းမိလို့ အစေခံတွေကိုတောင် ပိလောချွမ် ပြင်ခိုင်းထားပြီးပြီ လာမြည်းကြည့်ပါဦး”

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ချောင်ယွင်နျန်က သူမ အခန်းထဲမှာသာ နေနေခဲ့သည်။ သခင်မကျင်းက အလွန်အင်မတန် ပျော်ရွှင်နေတာကြောင့် မုယွမ်ယောင်ကို ပို၍ပင် ကောင်းကောင်းမွန်မွန် ဆက်ဆံ၏။

“သခင်မကို နှုတ်ဆက်ပါတယ် ယွမ်ယောင်က သခင်မကို ကျေးဇူးတင်စကားပြောဖို့ လာခဲ့တာပါ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now