အခန်း၉၀ / အခန္း ၉၀

2.1K 244 8
                                    

Unicode
အခန်း ၉၀

နီယွင်မှာ နောက်လိုက်တပည့် မိန်းကလေး ဆယ်ယောက်ရှိသည်။ ထိုနောက်လိုက်တွေကို လက်ပန်းထိုးနည်းတွေ သင်ကြားပေးနေတဲ့ မုယွမ်ယောင်အမည်ရှိ မိန်းမငယ်လေးက အသက်ဆယ့်သုံးနှစ်မျှသာ ရှိသေးသည်။ ထိုမိန်းကလေးက အင်မတန် အရည်အချင်း ရှိပေမယ့်လည်း သူမအရည်အချင်းထဲမှာ ထိုမိန်းကလေးတွေကို သစ္စာရှိ နောက်လိုက်တွေအဖြစ် လေ့ကျင့်ပေးနိုင်သော အချက်တော့ မပါပေ။ သူတို့ကို ငွေပမာဏ ပေါပေါသီသီပေးပြီး ဆွဲဆောင်လို့ရမှာ အသေအချာပင်။

အချိန်ယူ စဉ်းစားပြီးနောက် လရောင်ခြယ်ဆိုင်ရှင်က သူ့အကြံကို ချက်ချင်း ထုတ်မပြောသေးပေ။ အဲ့ဒီအစား သူက အစေခံကို အခန်းထဲက ထွက်သွားဖို့ လက်ဟန်ပြလိုက်သည်။ အဲ့ဒီနောက် သူက အတွေးထဲ နစ်မြောရင်း အခန်းပတ်လည် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ ခဏအကြာမှာတော့ သူ ဆုံးဖြတ်ချက်ချလိုက်သည်။

“အဲ့ဒီမိန်းကလေးတွေကို ပိုကောင်းတဲ့ အလုပ်ခံစားခွင့် ပေးနိုင်ရင် ငါ့ဘက်ပါလာမှာ သေချာတယ်။ ပြီးတော့ သခင်မကျင်း ဟိုကောင်မလေးဘက်မှာ ရှိနေရင်တောင် ငါ တစ်ယောက်ယောက်ကို ငွေပေးခိုင်းလိုက်ရင် လုံးဝသိမှာမဟုတ်ဘူး!”

မုယွမ်ယောင်က လဝက်အတွင်း ရောက်လာတော့မယ့် ချီရှီပွဲတော်အတွက် ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေဆဲပင်။ လီထောင်ချီဝေးတဲ့ မြို့တော်ရှီးလင်မှာတော့ အေးစက်တဲ့ အရောင်အဝါတစ်ခု လွှမ်းခြုံနေတဲ့ ယွဲ့ဝမ်က သူ့လက်အောက်ငယ်သားရဲ့ တင်ပြချက်ကို နားထောင်နေရင်း သူ့ရဲ့ ကျက်သရေရှိလှတဲ့ မျက်ခုံးနှစ်သွယ်က အနည်းငယ် စုကျုံ့သွား၏။

(TN/ တစ်လီက ၀.၄ကီလိုမီတာနဲ့ ညီမျှပါတယ်)

“ဘာပြောတယ် ပြန်ပြောစမ်း!”

“သခင်၊ ကျွန်တော်တို့ ယူဖို့လုပ်နေတဲ့ အိမ်တော်ကို တခြားသူတစ်ယောက်က ဝယ်သွားပါပြီ”

သက်တော်စောင့် ယွီဟိန်တစ်ယောက် စိုးထိတ်နေ၏။

“နောက်ပြီး အဲ့တာက အထူးဆန်းဆုံးအပိုင်း မဟုတ်သေးပါဘူး။ ဒီထက်ထူးဆန်းတာက ကျင်းလင်မြို့မှာ နီယွင်လို့ခေါ်တဲ့ အင်္ကျီဆိုင်တစ်ဆိုင် ဖွင့်ထားပါတယ်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now