အပိုင်း ၆၄ / အပိုင္း ၆၄

2.2K 250 6
                                    

Unicode

မုယွမ်ယောင်နှင့် သခင်မကျင်း ရထားလုံးပေါ်သို့ အတူတူတက်ပြီး စီရင်စုဘုရင်ခံ၏ အိမ်တော်သို့ ထွက်ခွာသွားကြသည်။ သူတို့ရောက်ရှိချိန်တွင် ဧည့်သည်အများအပြား ရောက်နှင့်နေပြီဖြစ်ကာ အချင်းချင်း စကားပြောနေကြလေသည်။

သူတို့နှစ်ယောက် အိမ်တော်ထဲ ဝင်ရောက်လာသည့်နှင့် စီရင်စုဘုရင်ခံဇနီး၏ ကိုယ်ပိုင်အစေခံတွေက ပွဲခန်းမဆီ ခေါ်ဆောင်ကြသည်။

မုယွမ်ယောင်က နှုတ်ဆက်စရာရှိသူတွေကို နှုတ်ဆက်ပြီးနောက် မတ်တပ်ထကာ စီရင်စုဘုရင်ခံဇနီးကို တစ်ချက် အမြန်ကြည့်လိုက်သည်။ သူမက မုယွမ်ယောင် ချုပ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမရဲ့ အစိမ်းရောင်ဝတ်စုံက စနစ်တကျ ရွေးချယ်ထားတဲ့ အဆင်တန်ဆာ၊ ကောင်းမွန်လှပတဲ့ မျက်နှာခြယ်သထားမှုနှင့် လိုက်ဖက်နေသည်။ သူမပုံစံက အင်မတန် ကျက်သရေရှိကာ တင့်တယ်နေ၏။

“မင်းက သခင်မကျင်း ခဏတိုင်း ချီးကျူးနေတဲ့ မိန်းကလေး ဖြစ်ရမယ်”

မုယွမ်ယောင်က ထပ်မံ ဦးညွှတ်နှုတ်ဆက်လိုက်၏။

“ဒီအရပ်သူ မုယွမ်ယောင် သခင်မကို နှုတ်ဆက်ပါတယ်”

မုယွမ်ယောင်ရဲ့ အပြုအမူတွေက ပြီးပြည့်စုံနေတာကြောင့် စီရင်စုဘုရင်ခံကတော် အလွန် စိတ်ကျေနပ်သွားသည်။

“သခင်မကျင်းက မင်းကို အရမ်းသဘောကျနေတာ မအံ့ဩတော့ပါဘူး။ မင်းက တကယ်ထက်မြက်တဲ့ မိန်းကလေးပဲ။ မင်းချုပ်ပေးတဲ့ ဝတ်စုံကို တို့ တကယ်ကြိုက်တယ်။ ရှေ့လျှောက် မင်းကိုပဲ ဒုက္ခပေးမိတော့မယ်”

မုယွမ်ယောင်ရဲ့ မျက်နှာမှာ အံ့အားသင့်မှုနဲ့ စိုးထိတ်မှုတို့ အသင့်အတင့် ရောနေသည်။

“သခင်မရဲ့ တောင်းဆိုမှုတွေက လုံးဝ ဒုက္ခမဖြစ်ပါဘူး။ ဆုလာဘ်ချီးမြှင့်မှုအတွက် ကျွန်မက ကျေးဇူးတင်ရမှာပါ”

“အဲ့တာ မင်း ရသင့်ရထိုက်တဲ့အရာလေ။ မင်းချုပ်တဲ့ အဝတ်အစားတွေ ကောင်းမွန်နေသရွေ့ ဆုလာဘ်ချီးမြှင့်မှုတွေ ပိုရလာဦးမှာ”

“ဟုတ်ကဲ့ပါ သခင်မ”

မုယွမ်ယောင်တစ်ယောက် ကိုယ့်အခြေအနေကိုယ် အတော်လေး ကောင်းမွန်နေတယ်လို့ ခံစားမိသည်။ ဒီအမျိုးသမီးတွေက အဝတ်အစားတွေနဲ့ အဆင်တန်ဆာတွေအပေါ် အများကြီး သုံးဖြုန်းဖို့ ဆန္ဒရှိကြသည်။ သူတို့က တစ်နှစ်မှာ ငွေဒင်္ဂါးထောင်ကျော်ထိ သုံးစွဲကြသည်။ ဒီအတွက်သာ မဟုတ်လျှင် မုယွမ်ယောင် ငွေရဖို့ရန်အတွက် အဝတ်အစားချုပ်လုပ်ဖို့ ရွေးချယ်ခဲ့မည် မဟုတ်ပေ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now