Unicode
အပိုင်း ၁၇၀ - ရက်စက်သော တွက်ချက်မှုများ
မုယွမ်ယောင်က လျိုလျန်ကို ဝင်ခွင့်မပေးမီ လက်ကိုအရင်သုတ်လိုက်၏။
“ချိုင်ယွဲ့ ရဲ့သခင်လေး ထန်ပါးဝမ်ကို ပြောတာလား?”
“ဟုတ်ပါတယ်၊ သခင်”
မုယွမ်ယောင်က သူမအကြည့်တွေကို ပြန်ရုတ်လိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် တွေးဆနေသည်။ ဘယ်လိုတောင် တိုက်ဆိုင်တာလဲ၊ သူကယ်ခဲ့တဲ့သူက တကယ်တော့ ထန်ပါးဝမ်ဆီကနေ ဒဏ်ရာရခဲ့တာဖြစ်သည်။ ဒါဆို ဒါက တိုက်ဆိုင်မှုလား ဒါမှမဟုတ် ကြိုတင်စီစဉ်ထားတာလား?
“မင်းက ထန်ပါးဝမ်ရဲ့နောက်လိုက်ကို လက်ချောင်းတစ်ချောင်းဖြတ်ပစ်ဖူးတာမလို့ သူ မင်းကိုသိမှာအသေအချာပဲ”
“ဟုတ်ပါတယ်၊ ခုနက သခင် လူကယ်နေတာမို့ မတင်ပြခဲ့တာပါ၊ ကျွန်တော့်ကို အပြစ်ပေးပါ”
မုယွမ်ယောင်က သူ့ကို ကြည့်လိုက်သည်။ ထိုနေ့က လျိုလျန်ရဲ့ မူလဇစ်မြစ်ကို မေးမြန်းတော့ ဒီလူက သူမတူပဲ ထူးကဲစွာ သူမကို သတိထားနေခဲ့သည်။ သူ့အမူအရာနှင့်ပြုမူပုံက သူမ အသားမကျအောင်အထိ လေးစားလွန်းနေသည်။
“ငါသိပြီ၊ အောက်ကိုဆင်းတော့။ သူ ကျင်းလင်မြို့ကို ဘာလုပ်ဖို့လာတာလဲဆိုတာ သွားစစ်ဆေးကြည့်လိုက်ဦး”
“ဟုတ်ကဲ့ပါ သခင်”
လျိုလျန် ထွက်သွားပြီးနောက် မုယွမ်ယောင်က ခဏလောက်တွေးနေပြီးမှ တင်းလွဲ့လန်ရှိရာသို့ ထွက်လာခဲ့သည်။
တင်းယွဲ့လန်ရဲ့ဒဏ်ရာတွေက သက်သာလုနီးပါးဖြစ်နေပြီ ဖြစ်သည်။ ဒါပေမယ့် သူမရဲ့ စိတ်အနေအထားက အရင်ကထက် ပိုပြီးတိတ်ဆိတ်လာပြီး သူမက အချိန်တိုင်း ငေးမှိုင်နေသည်။ စုချင်က သူမကို တိတ်တဆိတ် အကြံတွေပေးပေမယ့် ထိုအရာတွေအားလုံး အချည်းနှီးဖြစ်သွား၏။ မုယွမ်ယောင် ရောက်တော့ တင်းယွဲ့လန်ချည်ထိုးနေတာကို တွေ့လိုက်ရသည်။ သူမရဲ့ ချည်ထိုးမှုနည်းလမ်းက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာပြီး အခုဆို မုယွမ်ယောင်နှင့်ပင် ယှဉ်နိုင်လာသည်။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...