အပိုင်း ၁၆၃ /အပိုင္း ၁၆၃

1.1K 137 2
                                    

Unicode

အခန်း ၁၆၃ - ဘုရင်ခံကတော်ဆီက လက်ဆောင်

အထိန်းတော်ချင်းက တွန့်ဆုတ်စွာနဲ့ ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်သည်။

“မိန်းကလေးမုက ပါးနပ်လှပါပေတယ်။ စစ်ယဲ့က အမှန်တကယ်ပဲ ယွဲ့ဝမ်ပါ”

မုယွမ်ယောင်က ‘ထင်သားပဲ’ဆိုတဲ့ အမူအရာတစ်ခုပြပြီး ယွဲ့ဝမ်ဆီက ယူထားတဲ့ ဓားမြှောင်ကို ထုတ်လိုက်သည်။

“ဒီဓားမြှောင်ကိုရတော့ ကျွန်မ သေချာကြည့်ကြည့်မိတာ။ ဓားမြှောင်ရဲ့အစွန်းမှာ မထင်ရှားတဲ့ အမှတ်အသားလေးတစ်ခု တွေ့ခဲ့တယ်လေ။ သာမန်လူဆို ရှာတွေ့ချင်မှ တွေ့လိမ့်ပေမယ့် ဒါက တရုတ်စကားလုံး ‘ယွဲ့’ဆိုတာ ကျွန်မသိတယ်”

အထိန်းတော်ချင်း တဒင်္ဂ အံ့အားသင့်သွားသည်။ သူ မုယွမ်ယောင်လက်ထဲက ဓားမြှောင်ကိုယူကာ အသေအချာ ကြည့်ရှုလိုက်သည်။ အမှန်တကယ်ပင် ယွဲ့ဝမ်ကိုယ်တိုင် ထွင်းထားတဲ့ အမှတ်အသားဖြစ်သည်။ ယွဲ့ဝမ်က ဒီအမှတ်အသားကို အလွန်နှစ်သက်ပြီး အရင်ကလည်း သူ့ပစ္စည်း တော်တော်များများပေါ်မှာ ထိုအမှတ်အသားကို လုပ်ထားတတ်သည်။ ထို့ကြောင့် သူမြင်ဖူးနေတာ မဆန်းပေ။ ၎င်းက ထူးခြားတဲ့ပုံစံ ရှိပေမယ့်လို့ ၎င်းရဲ့ အဓိပ္ပာယ်ကို သူ မသိခဲ့ပေ။ ဘယ်လိုဖြစ်လို့ မုယွမ်ယောင်က တရုတ်စာလုံး ‘ယွဲ့’ကို မြင်နိုင်တာလဲ?

“မိန်းကလေးမု၊ ကျုပ်တော့ သေချာကြည့်ကြည့်ပေမယ့် ဘာမှန်းမမြင်ရပါဘူး”

မုယွမ်ယောင်က ဓားမြှောင်ကို ပြန်ယူလိုက်သည်။

“ဒါက ခန့်မှန်းရသိပ်လွယ်နေရင် ဝမ်ရယ်က ဒီအမှတ်အသားကို ဓားမြှောင်ပေါ် ထွင်းထားပါ့မလား”

သူ့အနေနဲ့ ပြရဲတယ်ဆိုရင်လည်း သာမန်လူတွေ မမြင်နိုင်အောင်လုပ်မှာ သဘာဝပဲလေ။

အထိန်းတော်ချင်းက ဆက်ပြီး မေးခွန်းထုတ်လိုက်သည်။

“မိန်းကလေးမုက ဝမ်ရယ်ရဲ့ သရုပ်မှန်ကို ခန့်မှန်းပြီးသွားပြီဆိုတော့ မိန်းကလေးရဲ့အကြံက ဘာများလဲ?”

“ကျွန်မမှာ ဘာအကြံရှိနိုင်မှာမလို့လဲ။ ဝယ်ရယ်က မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကျွန်မက သာမညလူတစ်ယောက်လေ။ ဒီတော့ သေချာပေါက် ဝယ်ရယ်ကို စိတ်ကျေနပ်စေပြီး မျက်နှာကောင်းယူလို့ရမယ့် နည်းလမ်းတွေ စဉ်းစားရမှာပေါ့ရှင်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now