အပိုင်း ၅၈ / အပိုင္း ၅၈

2.3K 251 2
                                    

Unicode

လျိုလျန်တစ်ယောက် မုယွမ်ယောင်၏ စူးစိုက်ကြည့်ခြင်း ခံလိုက်ရသည်။ သူတို့ နေထိုင်ရာအိမ်တော်ဆီ ပြန်ရောက်တဲ့အထိ နားမလည်နိုင်ဘဲ စိတ်ရှုပ်ထွေးနေခဲ့သည်။ မုယွမ်ယောင်ကတော့ သစ်သီးသကြားချောင်းကို အားရပါးရစားပြီး ထိုကိစ္စကို လုံးဝ မေ့ပျောက်သွားခဲ့သည်။

စုချင်က တံဆိပ်ပြားကို စိုးရိမ်တကြီး စိုက်ကြည့်နေသည်။ သူမက မုယွမ်ယောင် ပြန်လာတာမြင်တော့ အမြန် ဆွဲခေါ်လိုက်သည်

“ကြည့်ပါဦး သူတို့တွေ တံဆိပ်ပြား မှားပို့ လိုက်တယ်”

မုယွမ်ယောင်က တံဆိပ်ပြားကို သေချာစစ်ဆေးကြည့်ရှုပြီးနောက် ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ

“မမှားပါဘူး”

“ဘုရား ဘုရား သမီး ဘာတွေပြောနေတာလဲ တံဆိပ်ပြားပေါ်မှာ ‘စုအိမ်တော်’ ဆိုတဲ့နာမည် ထွင်းထားတယ်လေ”

“ဟုတ်တယ်လေ ‘စုအိမ်တော်’ ဆိုပြီး သမီး သူတို့ကို ထွင်းခိုင်းထားတာ။ သမီးက ဒီအိမ်ကို အမေ့အတွက် ဝယ်ပေးထားတာလေ သေချာပေါက် ဒီအိမ်နာမည်ကို အမေ့နာမည် အစွဲပြုပြီး ပေးရမှာပေါ့”

စုချင်က မှင်သေသေ ဖြစ်သွားပြီး သူမမျက်နှာက အံ့ဩမှုနှင့် ပျော်ရွှင်မှုတို့ ရောထွေးနေသည်။ ထို့နောက် သူမက ခေါင်းခါလျက်

“အမေတို့တွေ အိမ်ကို တံဆိပ်ပြားတပ်မယ်ဆိုရင် တကယ်တမ်း မုအိမ်တော် ဖြစ်သင့်တာလေ အမေ့ရဲ့ မျိုးရိုးနာမည်ကို ပေးစရာ အကြောင်းမှ မရှိတာ”

မုယွမ်ယောင်က သူမပြောစကား နားမထောင်ဘဲ လျိုလျန်ကို တံဆိပ်ပြား သွားချိတ်ရန် ညွှန်ကြားလိုက်သည်။ စုချင်က သူမကို မတားပေမယ့် ဆက်လက် နားပူနေသေးသည်

“အိုက်ယား ရပ်လိုက် အဲ့တာကို ဖြုတ်ချလိုက်ပါ”

“ဒီတံဆိပ်ပြားက ဘယ်လောက်တောင် ခမ်းနားကောင်းမွန်လိုက်လဲ ကြည့်ပါဦး လွှင့်ပစ်ရမှာ နှမြောစရာကြီး။ ပြီးတော့ သမီး အသစ်ရောက်တဲ့ မိန်းကလေးတွေကို စုအိမ်တော်ဆီ လွှတ်ပေးဖို့ သခင်မကျင်းကို ပြောပြီးသား ။ သမီးတို့သာ ဒါကို ပြောင်းလိုက်ရင် သူတို့တွေ အိမ်ကို ရှာမတွေ့ဘဲ ဖြစ်နေမှာပေါ့”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now