အပိုင်း၈၂
သူမခါးနေရာမှာ အဝတ်ကကျပ်ပြီး လက်နေရာနှင့် ကိုယ်အောက်ပိုင်းက အခြားဝတ်စုံအများစုထက် ပိုပွသည်။ သူမ လမ်းလျှောက်တဲ့အခါ ဝတ်စုံက လေပေါ်ဝဲနေသည့် အတိုင်းပင်။
သူမဆံသားအများစုကို မြှောက်စည်းထားပြီး ဖြူဖွေးနေသည့် လည်တံလေးက ကျော့ရှင်းစွာပေါ်နေသည်။ ငွေရောင်အဆင်တန်ဆာတွေကို ဆံနွယ်တွေကြားတွင်ထိုးစိုက်ထားပြီး တွဲလောင်းကျနေသော 'ပုရောင်' ဆံထိုးက သူမနားကို ထိလျက်ရှိသည်။ အလွန်လှပတဲ့နားကပ်တွေက လဝန်းပုံသဏ္ဉာန်ရှိပြီး သူမ၏ပြီးပြည့်စုံသော မျက်နှာခြယ်သထားမှုနှင့် ပေါင်းစပ်လိုက်လျှင် သူမက လနတ်သမီးအတိုင်းပင် ဖြစ်သည်။
အမျိုးသမီးကျင်းသည် အားလုံး၏စိုက်ကြည့်ခြင်းခံနေရတာကြောင့် အနည်းငယ်ရှက်ရွံကာ သူမ၏အင်္ကျီလက်ဖြင့် ခါးကို ကွယ်ထားလိုက်သည်။
“ဒီဝတ်စုံက ခါးနေရာမှာ နည်းနည်းလေးကျပ်လွန်းနေတယ်။ ဒါ သိပ်မသင့်တော်ဘူးလို့ မင်းမထင်ဘူးလား”
အမျိုးသမီးကျောက်နှင့် ကျန်တဲ့လူတွေကတော့ ခုမှ ပြန်သတိကပ်မိကြသည်။ သူမက အမျိုးသမီးကျင်းရဲ့လက်ကို အမြန်ဆွဲဖယ်လိုက်ပြီး
“မင်းဘာတွေပြောနေတာလဲ ယွမ်ယောင်ရဲ့လက်ရာက အကောင်းတကာ့အကောင်းဆုံးပဲ ဒီဝတ်စုံက မင်းကိုယ်ပေါ်မှာ အလိုက်ဖက်ဆုံးပဲ”
အမျိုးသမီးချန်နှင့် အမျိုးသမီးဝူတို့ကလည်း ခေါင်းညိတ်ကြသည်။ သူတို့လို အလွန်ဂျီးများပြီး လက်ပေါက်ကပ်တဲ့သူတွေတောင် ဒီအဝတ်စုံမှာ အပြစ်စိုးစဥ်း မရှာနိုင်ကြချေ။
အမျိုးသမီးကျောက်က ဝတ်စုံကို သေချာ လေ့လာကြည့်ရှုပြီး အနည်းငယ် မနာလိုစွာ မှတ်ချက်ပေးသည်
“အမျိုးသမီးကျင်းက သိပ်ကံကောင်းတာပဲ ကျွန်မတို့မိတ်ဆွေလေး ယွမ်ယောင်ကို ကျွန်မတို့ ပိုပြီး စောစောတွေ့ခဲ့ရင် အကောင်းသား၊ ကြည့်ပါဦး သူမက မင်းရဲ့ဝတ်စုံကို ပထမဆုံးချုပ်ပေးတာ… ကြည့်ရတာ ကျွန်မတော့ ဒီကို ခဏတိုင်း ပိုလာလည်သင့်တယ်လို့ ထင်တယ်”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...