အပိုင်း ၈၇

2K 227 6
                                    

Unicode

ကြမ္မာငင်တဲ့ ထိုနေ့မှာ နေ့ရောညပါ မိုးတဖွဲဖွဲ ရွာနေသည်။ ရာသီဥတု မကောင်းလို့ ဘယ်သူမှ လာမှာ မဟုတ်ဘူးလို့ မုယွမ်ယောင် တွေးနေစဉ်မှာပဲ ထီးတစ်ချောင်းကိုင်ရင်း သူမဆီ ပြေးလာနေတဲ့ ယင်းဟုန်ကို မြင်လိုက်ရသည်။

မုယွမ်​ယောင်က ချက်ချင်း ထရပ်ပြီး ဘေးနားရှိ အဝတ်ချိတ်စင်ပေါ်က အဝတ်တစ်ထည်ကို ယူကာ ယင်းဟုန်ကို ကြိုဆိုဖို့ သွားလိုက်သည်။

"အစ်မယင်းဟုန် မိုးရွာနေတုန်းကြီးကို ရောက်လာတယ်! သခင်မက အရေးကြီးကိစ္စတစ်ခုခု ခိုင်းလိုက်လို့လား"

မိုးက သည်းသည်းမဲမဲကြီး မဟုတ်ပေမယ့် လေထန်တာမို့ ယင်းဟုန်ရဲ့ အဝတ်အစားတွေ စိုရွှဲနေသည်။ ခြောက်အောင် သုတ်ဖို့လည်း အချိန်မရှိတာမို့ သူမက တံခါးပေါက်မှာပဲ ရပ်နေပြီး ပြောလာသည်။

"မိန်းကလေးမူ သခင်မက ပြောခိုင်းလိုက်တာ။ လရောင်ခြယ်ဆိုင်ရှင်ကလည်း သူ့ကိုယ်ပိုင် စာစောင် ဖန်တီးထားတယ်တဲ့လေ! စာစောင်ထဲမှာလည်း မိန်းမလှလေးတွေ အများကြီးပါတယ်ဆိုပဲ။ စာစောင်နာမည်က လရောင်ခြယ်လက်စွဲစာအုပ်တဲ့

အခုဆို အဲ့ဒီလက်စွဲစာအုပ်ကို အိမ်တော်‌အများကြီးဆီ ပို့ပြီးနေပြီ။ သခင်မက ဂရုစိုက်ဖို့ သတိပေးခိုင်းလိုက်တာပါ"

မုယွမ်​ယောင်က ယင်းဟုန်ကို အထဲဆွဲခေါ်ရင်း
"ရာသီဥတုတောင် မထောက်ပဲ လာသတိပေးတဲ့အတွက် အစ်မယင်းဟုန်ကို ကျေးဇူးတင်ပါတယ်။ မိုးက တဖြည်းဖြည်းနဲ့ သည်းလာပြီ ကျွန်မ အဝတ်ခြောက်တစ်ထည်လောက် ယူခဲ့မယ်။ မိုးတိတ်မှ အိမ်ပြန်လိုက်လေ နော့"

ယင်းဟုန်က ရွှဲရွှဲစိုနေတဲ့ စကပ်ကို ပြန်ငုံ့ကြည့်ပြီး အလျင်စလို ငြင်းဆိုလိုက်သည်
"မဟုတ်တာ ရပါတယ်။ စိုနေပြီပဲဟာ အိမ်ပြန်ပြီးပဲ လဲလိုက်ပါတော့မယ်"

မုယွမ်​ယောင်က လက်ကို လွှတ်မပေးတဲ့အပြင် တင်းတင်းကြပ်ကြပ် ကိုင်ရင်း ယင်းဟုန်ကို အထဲရောက်အောင် ခေါ်လိုက်သည်။
"အစ်မအတွက် အဝတ် သီးသန့် ချုပ်ပေးထားလို့ပါနော်။ ကြည့်မသွားရင် နောက်ကျ သေတ္တာအောက်ခြေထဲမှာပဲ ပိနေလိမ့်မယ်။ ပြောရရင် အစ်မကိုယ်တိုင်းနဲ့ ချုပ်ထားတာမလို့ တခြားသူဝတ်လို့မှမရပဲ"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now