Unicode
အပိုင်း ၁၇၁ - မတွေ့တာကြာပြီ ထန်ပါးဝမ်
မုယွမ်ယောင်က ထိုင်ချလိုက်ပြီး ဆေးမှုန့်ထုပ်ကို ကောက်ယူလိုက်သည်။
“အကယ်၍ ဒါသာ တကယ့်အဆိပ်ဆိုရင် ငါမင်းရဲ့ စကားတွေကို ယုံပေးမယ်၊ ကံမကောင်းစွာနဲ့ မင်းရဲ့ပြဇာတ်က မပြည့်စုံဘူး ၊ ဒီဆေးမှုန့်ထုပ်က မင်းကို သွေးအန်စေလိမ့်မယ် ဒါပေမယ့် မသေစေနိုင်ဘူး၊ မင်း အချိန်မှီကုသနိုင်ရင် လအနည်းငယ်အတွင်း သက်သာသွားလိမ့်မယ်”
ချိုက်ချင်းက ခေါင်းမော့လိုက်ပြီး သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက မထိန်းချုပ်နိုင်ဘဲ တုန်လှုပ်နေသည်။
“သခင်မလေးမု ဘယ်လိုလုပ် ဆေးပညာကို…”
“ဒီကမ္ဘာပေါ်မှာ စိတ်အနှောက်အယှက်ပေးနိုင်တဲ့သူတွေ အများကြီးရှိလို့ ငါ့ကိုယ်ငါ ကာကွယ်နိုင်ဖို့အတွက် နည်းလမ်းအများကြီး သုံးရမှာပဲ၊ အကယ်၍ ဆေးတွေအကြောင်း ငါနားမလည်ဘူးဆိုရင် မင်းလှည့်စားတာခံရမှာလေ"
ချိုက်ချင်းက ခဏလောက် တိတ်ဆိတ်နေပြီး ရုတ်တရက် မျက်ရည်များ ကျလာတော့သည်။
“သခင်မလေးမု ကျွန်မက သေသင့်တဲ့သူပါ၊ ကျွန်မက အတွေးတွေအများကြီး ရှိမနေသင့်တဲ့သူပါ၊ ဒါပေမယ့် ကျွန်မမှာ တကယ်ကို တခြား ရွေးချယ်စရာ မရှိပါဘူး၊ အာ့မောင်က ဒဏ်ရာရနေတယ် ဒါပေမယ့် သမားတော်ပြပေးဖို့ ငွေမရှိဘူး၊ နန်အာက ဆယ့်တစ်နှစ်ဆိုပေမယ့် ဝဝလင်လင် မစားနိုင်တာကြောင့် ရှစ်နှစ်၊ကိုးနှစ်အရွယ် ကလေးတစ်ယောက်သာသာဘဲ ရှိပါတယ်…”
မုယွမ်ယောင်က အေးစက်စက်မျက်ဝန်းတွေဖြင့် ချိုက်ချင်းကို ကြည့်လိုက်ပြီး ရွံ့ရှာမှုတို့က သူမစိတ်ထဲတွင် ဖြတ်ပြေးလာသည်။
“မင်းက သူတို့ကို အခုထိ အသုံးချနေတုန်းလား! မင်းကို ငါက အပြစ်မပေးနိုင်ဘူးလို့ ထင်နေတာလား? ဒီကမ္ဘာမှာ လူတစ်ယောက်ကို သဲလွန်စတစ်ခုမှမကျန်အောင် သတ်ပစ်ဖို့အတွက် နည်းလမ်းတွေ အများကြီးရှိတယ်၊ မင်းပြောသလိုပဲ အရာရှိတွေက သာမန်လူတွေသေတာကို ဂရုစိုက်နေမှာ မဟုတ်ဘူး၊ ငါ့မှာ သူတို့နဲ့ရင်ဆိုင်ဖို့ နည်းလမ်းအများကြီး ရှိတယ်”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...