အပိုင်း ၄၂/ အပိုင္း ၄၂

2.3K 268 1
                                    

Unicode

မုယွမ်ယောင် သူမရှေ့က ချောမောလှပတဲ့ လူငယ်လေးကို ကြည့်လိုက်သည်။ သို့သော် သူမ မအံ့ဩမိပေ။ သူမအရင်တုန်းက လျိုလျန်ကို ကျင်းဝမ်အိမ်တော်မှာ တွေ့ဖူးပြီးသား ဖြစ်သည်။ သူ့မျက်နှာ၏ ဘယ်ဘက်ခြမ်းတွင် အနီရောင်အမာရွတ်ရှိပြီး ညာဘက်မျက်နှာက အမာရွတ်ကင်းကာ လုံးဝ ပြီးပြည့်စုံလေသည်။ အထူးသဖြင့် သူ့မျက်လုံးတွေပင်။ လူအများစုထက် မျက်တွင်းနက်ကာ နိုင်ငံခြားသွေး ပါဟန်တူ၏။

"လျိုလျန် ကျွန်မ ကျန်းနန်မြို့ဆီသွားဖို့ လှေလုပ်ငန်းကနေ လှေတစ်စီး ငှားချင်တယ်။ လှေလုပ်ငန်းက ယုံကြည်စိတ်ချရတယ်လို့ ကျွန်မကြားထားတယ် ကျွန်မအတွက် သွားပြီး ငှားပေးပါ ဟုတ်ပြီလား"

မုယွမ်ယောင်က သူ့ကို ငွေစတစ်ထုတ် ပေးလိုက်သည်။

လျိုလျန်က ခေတ္တ ဆိတ်ငြိမ်နေပြီးနောက် ငွေစကို ယူကာ အောက်ထပ်ကို ဆင်းသွားသည်။

မုယွမ်ယောင် သူ့နောက်ကျောပြင်ကို စိုက်ကြည့်နေရင်း သူမမျက်လုံးတွေက အေးစက်နေသည်။ ထိုအချိန်တုန်းက လျိုလျန်ဟာ ကျင်းဝမ်ကို လုံးဝ သစ္စာရှိနေခဲ့သည်။ သို့သော်လည်း ဒါက သူမအပေါ်လည်း သစ္စာရှိလိမ့်မယ်လို့ ဆိုလိုတာမဟုတ်ပေ။ သူမအတွက် ဒီအလုပ်ကို ဆောင်ရွက်ပေးဖို့ သူ့ကို စေခိုင်းလိုက်တာက သူဒီငွေကိုယူပြီး ဘယ်တော့မှ ပြန်မလာဘဲ နေမလားသိရအောင် အနည်းငယ် စမ်းသပ်လိုက်ခြင်း ဖြစ်သည်။

သူမ သူ့ကို လေးနာရီကနေ ခြောက်နာရီလောက်အထိ ကြာအောင် စောင့်နေခဲ့သည်။ ကောင်းကင်ယံတွင် အလင်းရောင် လုံးဝ ပျောက်ကွယ်သွားချိန်ရောက်မှ လျိုလျန်ဟာ လေအေးကို ကျောပြုလျက် တံခါးခေါက်လာသည်။

မုယွမ်ယောင်ရဲ့ မျက်လုံးတွေက တောက်ပသွားပြီး သူမရဲ့ ကြည်လင်နေသော မျက်လုံးတွေက တဖိတ်ဖိတ် လက်နေသည့်အတိုင်း လွန်စွာ လှပနေသည်။

"စာချုပ်ရခဲ့လား"

လျိုလျန်က စာချုပ်နှင့်အတူ ကျန်ရှိနေသည့် ငွေသားနှင့် ငွေစတွေကိုပါ မုယွမ်ယောင်ကို ကမ်းပေးလာသည်။ မုယွမ်ယောင်က စာချုပ်ကို ကြည့်ပြီး ပေးချေခဲ့သော ငွေပမာဏကို တွေ့လိုက်ရသည့်အခါ သူမမှင်သက်သွားမိပြီးနောက် မေးလိုက်သည်

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now