အပိုင်း ၇၉ / အပိုင္း ၇၉

2.1K 239 7
                                    

Unicode

အမျိုးသမီးကျင်းလည်း မနေနိုင်ဘဲ ပြုံးမိသွား၏။ လက်ဆောင်က သေးငယ်ပေမယ့် လက်ဆောင်ထဲတွင် ကွယ်ဝှက်နေတဲ့ ချစ်ခြင်းမေတ္တာက ပို၍ လေးလံလှသည်။ သူမက ချက်ချင်းဘဲ နှင်းဆီဖူးလေးတွေနှင့် လက်ဖက်ရည်နှစ်အိုးကျိုရန် ယင်းဟုန်ကို ခိုင်းလိုက်သည်။ များမကြာမီမှာပဲ ဖျော့တော့သော ပန်းရနံ့က သူတို့၏ နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး ပူပင်ကြောင့်ကြမဲ့သော ပျော်ရွှင်မှုကို ခံစားရစေသည်။

“ယွမ်ယောင် ငါကြားတာတော့ မင်းရဲ့ နီယွင်ဆိုင်က မကြာခင်မှာ မဖွင့်သေးဘူးဆိုရင် အဲ့ဒီ အမျိုးသမီးတွေက မင်းဆီကို လူလွှတ်တော့မလို့ဆို”

သေချာပေါက် အမျိုးသမီးကျင်းသည်လည်း စာအုပ်ငယ်လေးကို လက်ခံရရှိခဲ့သည်။ သူမက ၎င်းကို ကြည့်ပြီးနောက် စေ့စေ့စပ်စပ် တွေးခေါ်တတ်သည့် မုယွမ်ယောင်အား သူမ စိတ်ထဲမှ ချီးကျူးလိုက်သည်။ အမျိုးသမီးကျင်း ကိုယ်တိုင်ကလည်း ဒီဝတ်စုံတွေကို ပိုင်ဆိုင်လိုစိတ် ရှိနေသည်။

မုယွမ်ယောင်က ဖိတ်စာကို ထုတ်လိုက်သည်။

“သုံးရက်နေရင် ကျွန်မတို့ ဖွင့်တော့မှာပါ။ ကြည့်ကြည့်ပါဦး ကျွန်မက သခင်မကို အထူးဖိတ်ကြားဖို့အတွက် လာခဲ့တာပါ။ အကယ်၍ သခင်မ အားရင် လာရောက်ပြီး ကျွန်မတို့ကို အားပေးလို့ရတယ်”

“သေချာပေါက် ငါ လာရမှာပေါ့၊ မင်းရဲ့ ဒီစာအုပ်ငယ်ထဲမှာပါတဲ့ ဝတ်စုံတွေကို ကြည့်ပြီး ငါမျက်စိကျနေခဲ့တာ ကြာပြီ၊  မင်းက အဲ့ဒီအဆောက်အဦးကို ပြန်လည် ပြင်ဆင်မွမ်းမံဖို့ အချိန်အများကြီး သုံးခဲ့တာဆိုတော့ ငါ လုံးဝကို မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားနိုင်တယ်၊ ဒီအခွင့်အရေးကို အသုံးပြုပြီး လာမကြည့်ခဲ့ရင် နောင်တရနေရလိမ့်မယ်”

မုယွမ်ယောင်က တောက်ပစွာ ပြုံးပြလိုက်သည်။

“ဒါဆိုရင် သခင်မ ရောက်အလာကို ကျွန်မ စောင့်မျှော်နေပါ့မယ်”

သုံးရက်က ခဏလေးနှင့် ကုန်ဆုံးသွားသည်။ စုချင်နှင့် မုယွမ်ယောင်တို့ အစောကြီးထပြီးနောက် လန်းဆန်းစွာနှင့် အောက်ထပ်သို့ ဆင်းလာကြသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now