အပိုင်း-၁၅/ အပိုင္း-၁၅

2.6K 253 1
                                    


Unicode

"နင်... နင်ဘာလုပ်မလို့လဲ"

လီရှီ၏အသံက စူးရှပေမယ့် ခပ်အက်အက် ဖြစ်နေသည်၊၊

"စိတ်အေးအေးထားပါ ကျွန်မ ကျန်းချိုင်ကျူးနဲ့ ကိစ္စမပြီးမချင်း ရှင် ဘေးကင်းနေဦးမှာပါ"

လီရှီတစ်ယောက် တံတွေးမြိုချမိလိုက်ရင်း စုချင်ကို စူးစိုက် ကြည့်လိုက်သည်။

"နင် ကံဆိုးစေတဲ့ဟာမ နင် ဘာလို့ သူ့ကို မထိန်းတာလဲ"

မုယွမ်ယောင် အနည်းငယ် စိတ်တုန်လှုပ်သွားရကာ စုချင်ကို အမြန် လှည့်ကြည့်လိုက်သည်။ သူမစိတ်ထဲရှိ အမုန်းတရားက ကြီးမားလွန်းတာကြောင့် သူမအမေ၏ ခံစားချက်တွေကို ထည့်သွင်းစဥ်းစားဖို့ မေ့လျော့သွားခဲ့သည်။ သူမအမေ သူမကို မုန်းသွားတော့မှာများလား။

မုယွမ်ယောင်၏ တောင်းပန်တိုးလျှိုးသော အကြည့်ကို တွေ့ရတဲ့အခါ စုချင်၏ နှလုံးသားက အရည်ပျော်သွားရသည်။

"ယောင်အာက အမြဲတမ်း ဖြူစင်ပြီး ကြင်နာတတ်ခဲ့တာ။ သူဒီလိုလုပ်နေတာတွေ အားလုံး ရှင့်အမှားကြောင့်ပဲ ယောင်အာ မကြောက်နဲ့ အမေ သမီးဘက်မှာ ရှိတယ်။ သမီး ဘာလုပ်လုပ် အမေ အမြဲတမ်း ထောက်ခံပေးနေမယ်"

မုယွမ်ယောင်က စုချင်၏ ရင်ခွင်ထဲတိုးဝင်ပြီး သူမကို ပျော်ရွှင်စွာ ပွေ့ဖက်လိုက်သည်။ သူမ၏ ထွေးပွေ့မှုက အလွန် နွေးထွေးနူးညံ့ကာ သူမ၏ အရာအားလုံးကို လက်ခံပေးလိမ့်မည်ဟု ခံစားရသည်။

"အမေ၊ အမေဒီမှာ ရှိနေတာ သမီးအရမ်းပျော်တာပဲ"

"ရူးလိုက်တဲ့ ကလေးမလေး"

ယန်ရှီ အိမ်ထဲကနေ ငိုယိုထွက်လာတာက လူအများကို ပို၍ အာရုံစိုက်မိသွားစေသည်။ ဘာဖြစ်ခဲ့တယ်ဆိုတာ သူတို့သိရှိရချိန်၌ လီရှီအပေါ် ပို၍ မုန်းတီးလာကြသည်။ ရွာထဲမှာ တစ်ဖက်သားကို အခက်တွေ့စေတတ်တဲ့လူမျိုး မရှိတာတော့ မဟုတ်ပေမယ့် လီရှီလိုမျိုးဆိုရင်တော့ သူမတစ်ယောက်သာ ဒုက္ခအပေးဆုံးသူ ဖြစ်လိမ့်မည်။

တခြားတစ်ဖက်မှာတော့ ကျန်းချိုင်ကျူးတစ်ယောက် အလွန် စိုးရိမ်နေသည်။ သူက စုချင်နှင့် မုယွမ်ယောင်ကို ဝယ်ယူရန် လီရှီနှင့် အပေးအယူ ပြုလုပ်ပြီး ဖြစ်တာကြောင့် သူကောင်းကောင်း အိပ်စက်အနားယူခဲ့ပြီး နောက်တစ်နေ့မနက်မှာတော့ မုအိမ်က ပြာကျသွားကာ လီရှီ ခြေထောက်ကျိုးသွားကြောင်း သိလိုက်ရသည်။ ဒါ သူ့အစီအစဥ် ကျရှုံးသွားတယ်လို့ ဆိုလိုတာပဲ မဟုတ်လား။ ကျန်းချိုင်ကျူးတစ်ယောက် တစ်နေရာတည်းမှာ တောင်လျှောက်မြောက်လျှောက် လျှောက်နေတုန်း အိမ်တော်ထိန်းတင်းရှန်က စာရွက်တစ်ရွက်ကို ကိုင်ပြီး သူ့ဆီ လျှောက်လာသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now