အပိုင်း ၁၂၆ /အပိုင္း ၁၂၆

1.4K 145 1
                                    

Unicode

အပိုင်း 126 - ယွဲ့ဝမ်ထံသို့ စာတစ်စောင်

နေ့လယ်ခင်းတုန်းက တင်းယွဲ့လန် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာကို မြင်ပေမယ့် အများကြီး တွေးမကြည့်ခဲ့ပေ။ နောက်ပိုင်း သူမမျက်နှာပေါ်က ဒဏ်ရာကို သေချာကြည့်လိုက်တဲ့အခါမှ ဒဏ်ရာက တမင်ကုတ်ခြစ်ခံရတာမျိုးထက် မတော်တဆ ပြတ်ရှရာနဲ့ တူနေသည်။

သူမ ကျိုးဝေ့ကိုလည်း သံသယဖြစ်ပေမယ့် ဒီတစ်ကြိမ် သူရောက်လာရတဲ့ ရည်ရွယ်ချက်ကို တွေးကြည့်မိတော့ တင်းယွဲ့လန်ကိုထိခိုက်နာကျင်အောင် လုပ်ပြီး သူ့ကိုယ်သူ ဓားဦးတည်စေလောက်အောင် မတုံးအဘူးလို့ သူမ ခံစားမိသည်။

အဖြစ်နိုင်ဆုံးသော သုံးသပ်ချက်က တင်းယွဲ့လန် ကိုယ်တိုင် ဒဏ်ရာရအောင် လုပ်လိုက်တာပဲ ဖြစ်မည်။ ကျိုးဝေ့နဲ့ ပတ်သက်မှုကို အပြီးပိုင် ဖြတ်တောက်ပစ်ဖို့ နေ့လယ်ခင်းတုန်းက ကျယ်လောင်တဲ့ ဆူညံထွက်လာကအစ အကုန်လုံး သူမကိုယ်တိုင် တမင် ဖန်တီးတာပဲ ဖြစ်ရမည်။

စုချင်က ခေါင်းညိတ်သည်။

“အဲ့လိုဖြစ်ဖို့ မျှော်လင့်ပါတယ် ခံနိုင်ရည်ရှိလောက်မှာပါ"

ညအချိန်တွင် မုယွမ်ယောင် အိပ်ရေးဆတ်နေခဲ့သည်။ ထို့ကြောင့် နောက်နေ့တွင် အနည်းငယ် နောက်ကျမှ နိုးလာသည်။ သူမ အိပ်ယာမှ ထကာ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရေးလုပ်ပြီး အောက်ထပ်ဆင်းလာချိန်တွင် တင်းယွဲ့လန်နဲ့ ကျင်းလန်က စားပွဲမှာ ထိုင်နေကြတာကို တွေ့လိုက်ရသည်။

"သခင်မ နောက်ထပ် နည်းနည်း အနားယူပါဦးလား။ ဒဏ်ရာက နာနေသေးလား”

တင်းယွဲ့လန်ရဲ့ပါးက ဒဏ်ရာရထားတာကြောင့် ဘာအမူအရာမှ မပြနိုင်ပေမယ့် သူမမျက်လုံးတွေကတော့ ရှေ့မှောက်ရှိ အတားအဆီးနဲ့ လှည့်စားမှုတွေကို ဖောက်ထွင်းသိနိုင်သကဲ့သို့ တည်ငြိမ်ပြီးကြည်လင်၍ အဓိပ္ပာယ်ပါသည့် အကြည့်တစ်ခု လှစ်ဟပြနေသည်။ သူမက မထီဟန်ဖြင့်

“ဒဏ်ရာသေးသေးလေးပဲ ဘာမှ မဖြစ်ပါဘူး”

မုယွမ်ယောင်က တစ်စက္ကန့်မျှ အံ့ဩမှင်သက်သွားသည်။ ကျိုးဝေ့နှင့် တင်းယွဲ့လန် မနေ့က နှစ်ယောက်တည်း ဘာအကြောင်းအရာတွေ ပြောခဲ့တယ်ဆိုတာ သူမ မသိပေမယ့် တင်းယွဲ့လန်က တစ်ညတာ အတွင်း သေချာ စဉ်းစားတွေးတောပြီးပုံရ၏။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now