Unicode
လျိုလျန်က အေးစက်စက်ဖြင့် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ အသံတစ်စက်မှ မထွက်ဘဲ တံခါးဆီသို့ ပြန်လှည့်သွားပြီး အစောင့်တစ်ယောက်လို မတ်တပ်ရပ်နေသည်။ သို့သော် သူ့မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်တော့ မျက်နှာနီအောင် ရယ်နေသည့် မုယွမ်ယောင်ကို တွေ့လိုက်သည်။ တကယ်ကို လူတစ်ယောက်က ရယ်နေတာတောင် ကြည့်ကောင်းတယ်ဆိုတာ သူ တွေ့ရှိလိုက်ရသည်။
မုယွမ်ယောင်က ခဏလောက်ကြာကြာ ရယ်နေသေးသည်။ သူမ မျက်ရည်တွေကို သုတ်ဖို့ လက်ချောင်းလေးတစ်ချောင်းကို သုံးလိုက်ပြီး စုချင်က စိုးရိမ်စွာဖြင့် အခန်းထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။
“ယောင်အာ မင်း အဲ့ဒီအကြောင်း ကြားပြီးပြီလား?”
“ဟင်? ဘာကို ကြားရမှာလဲ?”
“နွေဦးပိုးထည်ဆိုင် အကြောင်းလေ”
စုချင်က သူမ၏ စိုးရိမ်ပူပန်မှုကို မရပ်တန့်နိုင်ခဲ့ပေ။
“အမေ ကျင်းလန်နဲ့ ကျင်းချောင်ဆီကနေ ကြားခဲ့တာတော့ နွေဦးပိုးထည်ဆိုင်က တိုင်းပြည်ရဲ့ ရန်သူတွေနဲ့ ပူးပေါင်းကြံစည်တာ ပေါ်ပေါက်သွားတယ်ဆိုဘဲ”
“တိုင်းပြည်ရဲ့ ရန်သူတွေနဲ့ပေါင်းကြံတယ်…ဘယ်လိုတောင် ယုတ်မာတာလဲ…”
မုယွမ်ယောင်က မျက်ခုံးပင့်လိုက်သည်။ ဒါက သေချာပေါက် စုမိသားစုရဲ့ ပုံစံဘဲ။
မုယွမ်ယောင်က ခုထိ ပျော်နေသေးပုံ ပေါ်တာကြောင့် စုချင်က ပိုပြီး စိုးရိမ်လာကာ တံခါးကို ပိတ်လိုက်သည်။ ထို့နောက် သူမက တိုးတိုးလေး ပြောလိုက်သည်။
“ယောင်အာ အဲ့တာနဲ့ ပတ်သတ်ပြီး ပိုလေးလေးနက်နက် မတွေးမိဘူးလား? အမေ ကြားတာတော့ နွေဦးပိုးထည်ဆိုင်ကို သေသေချာချာ စုံစမ်းစစ်ဆေးပြီးတော့ ‘တိုင်းပြည်ရန်သူတွေနဲ့ ပူးပေါင်းတယ်’ ဆိုတာ ဘာမှဟုတ်မနေဘူးတဲ့၊ အဲ့တာက ဇကရာဇ်မင်းမြတ်ရဲ့ မွေးနေ့အတွက် သူတို့ ဆက်သတဲ့ လက်ဆောင်က ပြဿနာတစ်ခုပေါ်ပေါက်လာပြီး ဧကရာဇ်ကို များစွာ အမျက်ထွက်စေခဲ့တာ! နောက်ထပ်ကြားတာက အဲ့ဒီလက်ဆောင်က ပန်း….”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...