အပိုင်း ၁၂၂ / အပိုင္း ၁၂၂

1.4K 156 4
                                    

Unicode

❗ Storygloryမှာ 132ထိကြိုတင်ပေးထားပါတယ်❗

အပိုင်း၁၂၂ - ဘယ်သူက ပိုပြီး အပြစ်ကင်းဆုံးလဲ

တင်းယွဲ့ရှင်းက မျက်ရည်တွေကို သုတ်လိုက်သည်။ သူမရဲ့အပြစ်ကင်းမှုကို မိန်းကလေးငယ်လေးမှ မေးခွန်းထုတ်လာလိမ့်မည်ဟု ထင်မထားခဲ့ပုံရ၏။ ဒါပေမယ့် သူမ မလာခင်ကတည်းက ပြင်ဆင်ပြီးသားမို့ ဒီကိစ္စကို ဖြေရှင်းနိုင်သည်။

“မိန်းကလေးမု ငါ ငါ့ညီမကိုရှာဖို့ အစောကြီးကတည်းက လာခဲ့သင့်တာ၊ ဘယ်လိုဘဲဖြစ်ဖြစ် ငါ့ညီမရဲ့ အပြုအမူတွေကြောင့် မိဘတွေက အရမ်းကို ဒေါသထွက်ပြီး အခုသူတို့ ဖျားနာနေကြတာမလို့ သူတို့ကို စောင့်ရှောက်ဖို့ အိမ်မှာနေနေရတာ၊ ဒီနေ့တော့ ငါ့မိဘတွေရဲ့ အခြေအနေက အတော်လေး တည်ငြိမ်နေပြီ။ ဒါက အခွင့်ကောင်းမလို့ ညီမလေးကို မိဘတွေခွင့်လွှတ်အောင် ပြန်တောင်းပန်ခိုင်းချင်လို့ သူမကို ပြန်လာခေါ်တာ”

မုယွမ်ယောင်က စိတ်ထဲတွင် နှာမှုတ်လိုက်သည်။ တင်းယွဲ့ရှင်းရဲ့ စကားလုံး အနည်းငယ်ဖြင့် ထောင်ဖမ်းနိုင်မှုကြီးက ကျွမ်းကျင်လှသည်။ အကယ်၍ တင်းယွဲ့လန်သာ ပြန်မသွားဘူးဆိုလျှင် သူမက သမီးကောင်းတစ်ယောက် မဟုတ်နိုင်တော့ပေ။ အကယ်၍ သူမ ပြန်သွားခဲ့လျှင်လည်း ရလဒ်က ပိုပြီးဆိုးရွားလိမ့်မည်။

“တင်း‌လောင်ရယ်နဲ့လောင်ဖုရန်လည်း ဖျားနေတာလား။ သခင်မတင်းကလည်း အရင်ရက်က အိမ်ကနေ ဒေါသတကြီးထွက်လာပြီး ဖျားသွားတာ။ စိုးရိမ်ပူပန်စရာတွေများနေခဲ့လို့လေ။  တင်းဇနီးမောင်နှံကလည်း သူမ ဖျားနာနေတာကြောင့် ပိုပြီးစိတ်ပင်ပန်းသွားကြတာနေမယ်၊ သူတို့က အသက်ကြီးနေပါပြီ၊ အကယ်၍ သခင်မတင်းသာ ပြန်သွားရင် သူတို့ကျန်းမာရေးပိုဆိုးသွားမှာကို သူမက စိုးရိမ်နေတာ၊ အခုတော့ သခင်နဲ့သခင်မကြီးရဲ့ အခြေအနေက ပြန်ကောင်းလာပြီဆိုတော့ သူတို့ဒေါသတွေလည်း လျော့သွားလောက်ပြီ။ သူတို့သမီးရဲ့ ဆုံးဖြတ်ချက်ကိုလည်း ထောက်ခံပေးကြပါလိမ့်မယ်”

(လောင်ရယ် - သခင်ကြီး
လောင်ဖုရန် - သခင်မကြီး)

မုယွမ်ယောင်၏ မျက်နှာက ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေသည်။ သူမက ကျင်းလန်ဆီ လှည့်လိုက်ပြီး သူမကို ပြောလိုက်သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now