အပိုင်း ၁၅၁ /အပိုင္း ၁၅၁

1.3K 140 2
                                    

Unicode

အခန်း ၁၅၁ - ပူးရှန့်လုံ လက်ဖက်ရည်ဆိုင်

“ကျေးဇူးတင်ပါတယ် လူကြီးမင်း။ တကယ်တော့ ကျွန်မမှာ လက်ဖက်ခြံရှိတယ်လေ…မနက်ဖြန်ကျရင် လက်ဖက်ရည်ဆိုင် ဖွင့်တော့မှာ။ ဒါကြောင့် ကျွန်မ အဲ့ဆိုင်ကို ကောင်းကောင်းစီမံပြီး ‘ပူးရှန့်လုံ’ဆိုတဲ့ နာမည်ကို တစ်တိုင်းပြည်လုံးသိအောင် ဖြန့်မှာ။ နောင်နှစ်အနည်းငယ်ကြာလို့ ကျွန်မလက်ဖက်ရည်ဆိုင် နာမည်ကြီးလာရင် မြို့တော်ကို လာနိုင်တော့မှာ။ အဲ့အခါကျ တော်ဝင်နန်းတော်ကို အလည်လာပြီး ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုလှည့်ပါ့မယ်”

စုချင်းဝူက မုယွမ်ယောင်ကို စိုက်ကြည့်နေရင်း သူ့မျက်လုံးထဲကအရောင် ပြောင်းလဲသွားသည်။
“ပူးရှန့်လုံ? ‘တောင့်တမှုမရှိ’ လို့အဓိပ္ပာယ်ရတဲ့ လက်ဖက်ရည်ဆိုင်လား။ အဲ့နာမည် ဘယ်လိုပေးဖြစ်သွားတာလဲ”

“ကျွန်မရဲ့ လက်ဖက်ရည်ဆိုင်ကို ဉယျာဉ်ခြံထဲက ခြောက်ထပ်ဆောင်ကြီးမှာ ဖွင့်ထားတာ။ ကျွန်မက လက်ဖက်ရည်အကြောင်း ကောင်းကောင်းသိပြီး ခုံမင်နှစ်သက်သူတွေအတွက် အေးအေးဆေးဆေး စကားစမြည်ပြောရင်း အနားယူလို့ရမယ့်‌ နေရာတစ်ခု ဖန်တီးချင်တယ်။ လက်ဖက်ရည်ပညာရှင်ကြီးက ဆိုခဲ့ဖူးတယ်…
‘ရွှေပုံကြီးကို မတောင့်တဘူး၊ ကျောက်စိမ်းအိုးကို မတောင့်တဘူး၊ နန်းတော်ကြီးကိုလည်း မတောင့်တဘူး၊ ကျင်းလင်မြို့ကို ဖြတ်စီးတဲ့ အထပ်တစ်သောင်းနဲ့ ရှီကျန်းမြစ်ကိုပဲ တောင့်တတယ်’လို့လေ။ အဲ့တာကို အစွဲပြုပြီး ဆိုင်ကို ပူးရှန့်လုံလို့ ခေါ်လိုက်တာ”

မိန်းမစိုးရှုက ခေါင်းကို ခပ်သာသာ ညိတ်သည်။ မုယွမ်ယောင်က လက်ဖက်ရည် ကောင်းကောင်း လုပ်တတ်မယ်လို့ ထင်တာကြောင့်တော့ မဟုတ်ပေမယ့် သူမရဲ့စကားတွေက သူ့အာရုံကို နှိုးဆွသွားသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူက နန်းတော်မှာ ကောင်းပေ့ဆိုတဲ့ လက်ဖက်ရည်တွေနဲ့တောင် ဆုချီးမြှင့်ခံရဖူးတာပဲ။ အဓိက အကြောင်းအရင်းက သူဟာလည်း လက်ဖက်ရည်နှစ်သက်သူ ဖြစ်နေပြီး ပူးရှန့်လုံကို မုယွမ်ယောင် ဖော်ပြညွှန်းဆိုပုံတွေက အင်မတန် လှပနေတာကြောင့် တစ်ခါလောက် သွားကြည့်ချင်စိတ် ဖြစ်မိ၏။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now