အပိုင်း ၆၁ / အပိုင္း ၆၁

2.2K 235 8
                                    

Unicode

စုချင်က သက်ပြင်းချလိုက်သည်။

"လူတွေရဲ့ ပတ်သက်မှုတွေက ရှုပ်ထွေးလွန်းတယ်၊ ကိစ္စသေးသေးလေး တစ်ခုနောက်ကွယ်မှာတောင် ကိန်းအောင်းနေတဲ့ အကြောင်းပြချက် အများကြီးရှိတာပဲ"

အကယ်၍ အနာဂါတ်မှာ စုမိသားစုက သူတို့ကိုတွေ့သွားပြီး အဝေးကိုခေါ်သွားရင်ကော? သူမ ထိုအခြေအနေမျိုးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ် ရမည်နည်း?

စုချင်က အတွေးတွေထဲ နစ်မျောနေတာကို မြင်တော့ မုယွမ်ယောင်က အလျင်အမြန် သူမလက်ကို ကိုင်လိုက်သည်။

"အမေက အမေကြိုက်တာဘဲ လုပ်သင့်တယ်၊ တခြားဟာတွေ တွေးပူမနေပါနဲ့"

အကယ်၍ လူတစ်ယောက်က ဒါအတွက် အရမ်း စိုးရိမ်နေမယ်ဆိုရင် အဲ့ဒီလူရဲ့အဆင့်အတန်းက လူအဖွဲ့အစည်းမှာ နိမ့်နေသေးတယ်လို့ ဆိုလိုသည်။

အကယ်၍ တစ်ယောက်ယောက်ကသာ အရေးကြီးတဲ့သူ ဖြစ်နေမယ်ဆိုရင် အခြားလူတွေ သူမအတွက် အရာရာ ဆောင်ရွက်ပေးတာကို စောင့်နေရုံပဲ ဖြစ်သည်။ ဒါကြောင့် မုယွမ်ယောင်၏ ပန်းတိုင်က စုချင်ရဲ့ ဂုဏ်အဆင့်အတန်းကို မြှင့်တင်ပေးရန်ဖြစ်ပြီး စုချင်သည် ပူပင်ကြောင့်ကြမဲ့သော ဘဝမျိုးဖြင့် နေထိုင်နိုင်ရန် ဖြစ်သည်။

"ကောင်းပါပြီ"

စုချင်က ခေါင်းညိတ် လိုက်သည်။ ဘယ်လိုဘဲဖြစ်ဖြစ် သူမသည် မုယွမ်ယောင်၏စကားများကို ပို၍အာရုံစိုက်ပေးရန် တိတ်တဆိတ် ဆုံးဖြတ်ထားသည်။ အနည်းဆုံး သူတို့ စုမိသားစုထဲ ၀င်ရောက်ဖို့ အချိန်ကျလာခဲ့လျှင်ပင် မုယွမ်ယောင်အတွက် အခက်အခဲဖြစ်အောင် လုပ်မည် မဟုတ်ပေ။

နောက်တစ်နေ့တွင် မုယွမ်ယောင်က မိန်းကလေးဆယ်ယောက်ကို ပန်းထိုးနည်း သင်ပေးနေပေမယ့် သူတို့အားလုံး စိတ်ပျံ့လွင့်နေကြသည်။

"ဘာတွေ ဖြစ်နေကြတာလဲ? တစ်ခုခုဖြစ်ထားလို့လား?"

မိန်းကလေးဆယ်ယောက်က တစ်ခဏကြာအောင် တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြပြီးနောက် သူတို့ထဲမှ တစ်ယောက်က ပြောလာသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now