အပိုင်း ၁၀၅/အပိုင္း ၁၀၅

1.9K 214 2
                                    

အပိုင်း ၁၀၅ - အဝတ်အရင်ဝတ်ပါရစေဦး!

ယွဲ့ဝမ်ဘာလုပ်ချင်နေလဲဆိုတာ မုယွမ်ယောင်လည်း သေချာမသိပေ။ အရင်ဘဝတုန်းကလည်း သူ့အကြောင်း နည်းနည်းပဲသိခဲ့ရသည်။ စစ်တပ်ထဲမှာပဲ အမြဲတမ်းနေပေမယ့် ဧကရာဇ်က မျက်နှာသာမပေးဘူးဆိုတဲ့ အကြောင်းနဲ့ ထိုသူက အေးစက်စက်နဲ့အကြင်နာမဲ့တဲ့လူသားဆိုတာပဲ သိထားသည်။ သူသာ သူမကို တကယ်သတ်ချင်ရင် လွယ်လွယ်လေးသတ်လိုက်လို့ရတာမို့ နည်းနည်း ဇောတကတက်ကြည့်ဖို့ လုပ်လိုက်သည်။

"ဒီနေ့ နီယွင်ဖန်းဒုတိယထပ်မှာ ခြေရာနှစ်ခုတွေ့ထားတယ်။ အဲ့တာ ရှင်နဲ့ရှင့်လက်ထောက်မဟုတ်လား"

ယွဲ့ဝမ်က ဘာတုံ့ပြန်မှုမှမပြဘဲ အေးစက်စက်စိုက်ကြည့်နေ၏။

မုယွမ်ယောင်က ဆက်ပြောလာသည်။
"နီယွင်ဖန်းရဲ့ပိုင်ဆိုင်မှုတွေကိုခိုးယူဖို့ ဆိုင်ထဲကို ဖောက်ထွင်းဝင်တယ်! ခြေရာတွေကျန်ခဲ့တဲ့ကော်ဇောကို ကျွန်မလူတွေကို သိမ်းခိုင်းထားပြီးပြီ။ ကျွန်မမှာလည်း သက်သေတွေရှိထားပြီးသား"

"အိုး…"

ယွဲ့ဝမ်က ခပ်တိုးတိုးရယ်လာသည်။ သူ့ရှေ့ကမိန်းကလေးက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ကြောက်လွန်းလို့တုန်နေတာတောင် ခြိမ်းခြောက်စကားကပြောလိုက်သေးတယ်။ သူမွေးထားတဲ့ကြောင်လေးအတိုင်းပဲ ခုတ်ဖို့ပဲသိပြီး လက်သည်းနုနုလေးတွေက သူ့ကိုမထိခိုက်နိုင်ဘူးဆိုတာကျ မသိဘူး။

"နှစ်ယောက်စလုံး သက်သေတွေရှိနေမှတော့ ဆွေးနွေးကြည့်ကြတာပေါ့"
 
တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့မိန်းကလေး။ စုမိသားစုကိစ္စကလည်း သူ့နဲ့ သွားဆက်စပ်နေတယ်။ အဲ့ဒီအပြင် ဒီလိုအရွယ်လေးနဲ့ သားအမိနှစ်ယောက်တည်း ကျန်းနန်ကို လာဝံ့သေးတယ်။ အဲ့လိုသတ္တိခွန်အားတွေက သာမန်မိန်းကလေးတစ်ယောက်မှာ ရှိနေနိုင်တဲ့အရာမျိုးမဟုတ်ဘူး။ လက်ရှိတော့ သူမကို ရှင်းပစ်ချင်စိတ် သိပ်မရှိသေးဘူး။

မုယွမ်ယောင်လည်း စိတ်သက်သာရာရသွားသည်။ ရှေ့ကနတ်ဆိုးက ချက်ချင်း ဓားနဲ့ထိုးလိုက်မှာ ကြောက်နေတာ! အခုတော့ ထိုလူက သတ်ဖို့ရည်ရွယ်ချက်မရှိသေးဘူးထင်တယ်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now