အပိုင်း ၁၄/ အပိုင္း ၁၄

2.6K 273 6
                                    


Unicode

သိပ်မကြာခင်မှာပဲ ကိုယ်ရံတော်နှစ်ယောက်က ယွဲ့ဝမ်ရဲ့ဘေးတွင် ပေါ်လာသည်။

"သခင် ဒီငယ်သားလာတာ နောက်ကျသွားပါတယ်။ အပြစ်ပေးပါ။"

ယွဲ့ဝမ်က ခေါင်းငုံ့ထားပြီး လက်ထဲမှာလည်း ကြိုးနီတစ်ခုကို ကိုင်ထားသည်။ ချိတ်ထားတဲ့ ခေါင်းလောင်းနှစ်ခုကြောင့် စိတ်ဝင်စားစရာ မြည်သံလေးကလည်း ထွက်ပေါ်နေသည်။

"တောင်အောက်ကရွာမှာ သွားရှာ!"

သူ့ဓားမြှောင်ကိုတောင် ယူရဲမှတော့ တော်တော် သတ္တိကောင်းတဲ့သူပဲ။

"ဟုတ်ကဲ့"

"အိုက်ယား ယွမ်ယောင် ဘယ်တွေ ရောက်နေတာလဲ"

ယန်ရှီက သူမရဲ့ ရေရွှဲနေတဲ့ စကပ်ကိုကြည့်ရင်း ဇဝေဇ‌ဝါဖြင့် မေးလာသည်။ အခု ဆောင်းဝင်နေပြီ ဖြစ်တာကြောင့် ဦးနှောက်မှန်တဲ့သူဆိုရင် ရေထဲ ဆင်းဆော့နေမှာ မဟုတ်ပေ။

"အဖွားဒဏ်ရာက တော်တော်ပြင်းတယ်။ သမားတော်ပင့်ဖို့ကျလည်း ကျွန်မတို့မတတ်နိုင်တာနဲ့ တောင်ပေါ်တက်ပြီး ဒဏ်ရာကုဖို့ ဆေးဖက်ဝင်အပင်တွေ ရှိလို့ရှိငြား သွားရှာလာတာ။ တောင်နောက်က စမ်းချောင်း နွေးနွေးလေးမှာ ဆေးပင်လတ်လတ်ဆတ်ဆတ်တွေ တွေ့တာနဲ့ သွားခူးမလို့ လုပ်ရင်း မတော်တဆ ချော်လဲသွားတာ..."

"ဟင်း...ဒီကလေးကတော့လေ တော်တော် ရိုးအလွန်းတယ်။ ညည်းအဖွားကဖြင့်... ထားလိုက်ပါတော့ လာသွားရအောင် ညည်းနဲ့ ညည်းအမေက ပိန်ပိန်ညှပ်ညှပ်လေးတွေ... ညည်းအဖွားကို ရွှေ့နိုင်မှာ မဟုတ်ဘူး"

"ကျေးဇူးပါ အဒေါ်ယန်"

သူတို့ အိမ်ရှေ့ရောက်ရောက်ချင်းပဲ လီရှီရဲ့ ဆူဆဲနေတဲ့အသံကို ကြားလိုက်ရသည်။

"မိန်းမယုတ်! အဆိပ်ပြင်းတဲ့ကောင်မ ဓားပေါင်းထောင်ချီနဲ့ အထိုးခံရသင့်တာ! ရေလေးတိုက်ခိုင်းတာကို ငါ့ပေါ် မှောက်ကျရလား! အသုံးကို မကျဘူး ဘာလို့ မီးထဲမှာ သေမသွားလိုက်တုန်း! မျက်နှာဖြစ်ဖြစ် လောင်သွားရမှာ အဲ့တာမှ ယောကျာ်းတကာကို လိုက်မြူစွယ်လို့ မရတော့မှာ! ချန်အာရေ အသေစောလိုက်တာ ဒီအမေအိုကြီး မင်းမိန်းမလက်ထဲ သေရတော့မယ်..."

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now