အပိုင်း ၈၁ / အပိုင္း ၈၁

2K 233 7
                                    

Unicode

"သခင်မကျင်းက ကတဲ့အခါ နတ်သမီးလေးတစ်ပါးလိုပဲ လှတယ်ဆိုတဲ့ ဂုဏ်သတင်းတွေ ကျွန်မလည်း ကြားဖူးလို့ ဒီဝတ်စုံကို လုပ်ဖြစ်သွားတာ။ တခြားသခင်မတွေလည်း ရှိနေမှတော့ ဒီဝတ်စုံကို သခင်မ စမ်းဝတ်ကြည့်ပါဦးလား"
မုယွမ်​ယောင်က အပြုံးသေးသေးလေးနဲ့ အကြံပြုလိုက်သည်။

"အကြံကောင်းပဲ! သခင်မကျင်း ကျွန်မတို့ကို ကြည့်ရဖို့ အခွင့်အရေးလေး ပေးပါနော်"

သခင်မကျင်း ကိုယ်တိုင်ကလည်း ထိုဝတ်စုံကို ဝတ်ကြည့်ဖို့ စိတ်အားထက်သန် နေသည်။ အခုလို အားလုံးက စိတ်လှုပ်ရှားစွာ ဝိုင်းကြည့်နေကြတော့ ငြင်းလို့ မကောင်းတာမို့ သူမက မတ်တပ်ထရပ်ကာ ပြောလိုက်သည်။

"ဒါဆို ငါ စမ်းဝတ်ကြည့်လိုက် မယ်လေ။ ယွမ်ယောင် အဝတ်လဲခန်းက ဘယ်နားမှာလဲ"

"အဝတ်လဲခန်း အဆင့်သင် ပြင်ပြီးသားပါ။ ကျေးဇူးပြုပြီး သခင်မ လိုက်ခဲ့ပါရှင်"
မုယွမ်​ယောင်က ထရပ်ကာ ကျန်တဲ့သခင်မတွေကို ယဉ်ယဉ်ကျေးကျေး တောင်းပန်လိုက်သည်။

"ယွမ်ယောင်ကို ခွင့်ပြုပါဦး။ သခင်မတို့ ခဏစောင့်နေပေးဖို့ တောင်းဆိုပါရစေ"

"အရမ်း ယဉ်ကျေးနေဖို့ မလိုပါဘူး သွားသွား သခင်မကျင်းကို အဝတ်လဲဖို့ ကူပေးလိုက်ဦး။ ငါတို့မြင်ရဖို့ မစောင့်နိုင်တော့ဘူး"

မုယွမ်​ယောင်က သခင်မကျင်းကို အပေါ်ထပ်က အဆင့်မြင့် အခန်းတစ်ခုဆီ ခေါ်သွားသည်။

"ယွမ်ယောင် မင်းကတော့ တကယ် အမြင်ရှိတာပဲ။ ငါ့အိပ်ခန်းကိုတောင် ဒီလို‌ပုံစံ ပြောင်းလိုက်ချင်ပြီ"

ကြမ်းပြင်ကို ကပ်ရှ်မီးယားကော်ဇော အဖြူရောင်နဲ့ ဖုံးလွှမ်းထားပြီး အဝတ်လဲရန်အကာ၊ အိစက်ညက်ညောသော ခုံတန်းရှည်၊ ပန်းအိုးတွေအပြင် တခြား နူးနူးညံ့ညံ့ အပြင်အဆင်လေးတွေ ရှိနေသည်။ အခန်းအလယ်မှာတော့ ကိုယ်လုံးပေါ် ကြေးမှန်ကြီး တည်ရှိ၏။ မှန်ရဲ့ ဘေးမှာ အလှပြင်စရာ မျက်နှာချေမှုန့် အစုံလိုက် တင်ထားတဲ့ မှန်တင်ခုံတစ်ခု ရှိနေပြန်သည်။

"အချိန်က အဖိုးတန်လွန်းတော့ အပြင်အဆင် နည်းနည်းပဲ လုပ်နိုင်လိုက်တယ်။ သခင်မကို ပြက်လုံးတွေ မြင်တွေ့စေမိပါပြီ"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now