အပိုင်း ၁၆၈ /အပိုင္း ၁၆၈

1K 129 2
                                    

Unicode

အပိုင်း ၁၆၈ - လူကောင်းတစ်ယောက်က ဆုလာဘ်ကောင်းရတယ်..

"ပြောရရင် မင်းကို ဒုက္ခပေးစရာ တစ်ခုရှိတယ်။ ဒါပေမယ့် မင်းလုပ်နိုင်ပါ့မလားတော့ မသိဘူး"

နန်အာရဲ့ မျက်ဝန်းတို့ တောက်ပသွားပြီး ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။
"ခိုင်းပါ သခင်မလေး။ လူကောင်သေးတာကိုပဲ မကြည့်ပါနဲ့၊ ကျွန်တော့်မှာ ခွန်အားတွေ အများကြီးရှိပါတယ်!"
ထိုသို့ပြောလိုက်ရင်း အင်္ကျီလက်စများကို ဆွဲကာ သေးသွယ်တဲ့ လက်မောင်းလေးကို ဖော်ပြလိုက်၏။ သူ့ကို မယုံကြည်လောက်ဘူးလို့ ခံစားမိပြန်သည့်အတွက် အင်္ကျီလက်တွေကို ချက်ချင်းဆွဲချလိုက်ပြီး ရှက်ပြုံးလေး ပြုံးပြလာသည်။ သူ့ပါးပြင်ပေါ်ရှိ ပါးချိုင့်လေးကတော့ ခပ်ဖျော့ဖျော့ ပေါ်၏။

သို့သော်ငြား မုယွမ်ယောင်က နှစ်နှစ်ကာကာပြုံးလိုက်ကာ
"ကောင်းပြီလေ၊ ငါနဲ့လိုက်ခဲ့"

နန်အာက ကမန်းကတန်း ခေါင်းညိတ်လိုက်ပြီး မုယွမ်ယောင်ရဲ့ ခြေရာအတိုင်း ကျင်းရှို့ဥယျာဉ်ထဲ လိုက်ဝင်လာသည်။

ဥယျာဉ်ထဲသို့ရောက်ပြီး ဝင်ပေါက်မှာဝင့်ဝင့်ငွားငွားရှိနေသည့် ရှန်ဖေးဝါးသစ်တောကို ဖြတ်ကျော်သွားသည့်အချိန်တွင် အထိတ်တလန့် အော်ဟစ်လာသည်။ မုယွမ်ယောင်က သူ့ကို ကြည့်နေတာကိုမြင်တော့ သူ့အကျီရဲ့ထောင့်သူ တင်းတင်းဆုပ်ရင်း
“တောင်းပန်ပါတယ် သခင်မလေး ခွင့်လွှတ်ပေးပါ။ ဒါပေမယ့် ဒီနေရာက အရမ်းလှနေတော့လေ... ဟိုတုန်းက အစ်မ ချိုက်ချင်း ပြောဖူးတဲ့ နတ်သမီးနယ်မြေလိုပဲ။ ဒီက အစ်ကို၊အစ်မတွေကလည်း မသေမျိုးနွယ် အမတတွေလိုပဲ.."
သူက စကားပြောနေရင်း လက်ဖက်ရည်ဖျော်သည့် နေရာကို ခိုးကြည့်လိုက်သေးသည်။

မိဘမဲ့ကလေးလေးဆိုပေမယ့် ယဉ်ကျေးသိမ်မွေ့လှ၏။ ထို့ကြောင့် မုယွမ်ယောင်၏နှလုံးသားလေးမှာ ထိုချိုက်ချင်းအကြောင်းကို ပို၍ပင် သိချင်လာသည်။
“ကိစ္စမရှိပါဘူး။ မင်းရဲ့‌ယဉ်ကျေးတဲ့ အပြုအမူလေးတွေက မင်းအစ်မချိုက်ချင်းသင်ပေးထားတာလား.."

“ဟုတ်ကဲ့၊ အစ်မချိုင်ချင်းက ပြောဖူးတယ်။ လူတစ်ယောက်က ယဉ်ကျေးလိမ္မာအောင် ဘယ်လိုနေရမယ်ဆိုတာသိမှ အသက်ရှင်နေထိုင်ရတာက စိတ်ဝင်စားစရာကောင်းမယ်တဲ့။ ဗိုက်ထဲက အစာစားချင်စိတ်ကိုပဲ ဂရုစိုက်နေမယ်ဆိုရင် ကြောင်တွေ၊ခွေးတွေနဲ့ မကွဲပြားတော့ဘူးတဲ့.."

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now