အပိုင်း ၁၇၃ /အပိုင္း ၁၇၃

993 121 1
                                    

Unicode

အပိုင်း ၁၇၃ - လူအုပ်ကြီးရဲ့ဒေါသဒဏ်ကိုခံရပြီ

သိပ်မကြာခင်မှာပဲ ချိုက်ချင်းက ကျင်းချောင်နှင့်အတူ ထွက်လာသည်။ သူမက တိုင်းတရားသူကြီးကျောက်ကို တွေ့တော့ အလျင်အမြန် ဂါရဝပြုလိုက်၏။

“ကျောက်တာ့ရန်ကို အရိုအသေပေးပါတယ်”

ချိုက်ချင်း တကယ်ကို လုံခြုံနေတာကို မြင်လိုက်ရတော့ ထန်ပါးဝမ်က သူမကို စိုက်ကြည့်ရုံမှတပါး ဘာမှမလုပ်နိုင်ပေ။ ဒီခွေးမ သူ့အပေါ်မှာ သစ္စာဖောက်ခဲ့တာဖြစ်သည်၊ သူမ ကတိမတည်ကတည်းက လီအာအသက်ရှင်ဖို့ တွေးတောင်တွေးမနေနဲ့တော့!

ချိုက်ချင်းက ထန်ပါးဝမ်ကိုမြင်တော့ မထိန်းနိုင်ဘဲ တုန်လှုပ်သွားပြီး မုယွမ်ယောင်ဘေးတွင် ပုန်းလိုက်သည်။

တိုင်းတရားသူကြီးကျောက်က ၎င်းကိုမြင်သည်နှင့် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။

“ချိုက်ချင်း မင်း ထန်ပါးဝမ်ရဲ့ ကိုယ်လုပ်တော်ဖြစ်လာဖို့ ဆန္ဒရှိလား?”

ချိုက်ချင်းက ချက်ချင်းပင် သူမခေါင်းကို ခါယမ်းလိုက်သည်။

“ကျောက်တာ့ရန်… ထန်ပါးဝမ်က ကျွန်မရဲ့ မောင်ငယ်နှစ်ယောက်ကို နာကျင်အောင်လုပ်ပြီး ကျွန်မကို ကိုယ်လုပ်တော်အဖြစ်လက်ခံဖို့ တွန်းအားပေးခဲ့တာပါ၊ ကံကောင်းစွာနဲ့ပဲ ကျွန်မရဲ့မောင်လေးနန်အာက သခင်မလေးမုနဲ့ အဆက်အသွယ်လေး ရှိခဲ့ပါတယ်၊ ထန်ပါးဝမ်က ကျွန်မကို ခြိမ်းခြောက်နေတုန်း ကျွန်မမောင်လေးက သခင်မလေးဆီ သွားအကူအညီတောင်းခဲ့တာပါ။ သူ ကျွန်မအပေါ် လူမဆန်တာတွေ မလုပ်နိုင်ခင် သခင်မလေးက ကျွန်မကို ကယ်နိုင်ခဲ့ပါတယ်"

ဒီခွေးမ!

ထန်ပါးဝမ်က သူ့စိတ်ထဲတွင် မုန်းတီးနေပြီး အံကိုကြိတ်ကာ ရေးထားတဲ့စာချုပ်ကို ဆွဲထုတ်လိုက်သည်။

“ကျောက်တာ့ရန် ဒီရေးထားတဲ့စာချုပ်မှာ ချိုက်ချင်းကိုယ်တိုင် လက်‌ဗွေနှိပ်ခဲ့တာပါ၊ လူကြီးမင်း ဒါကို အစစ်လားအတုလားဆိုတာ စစ်ဆေးကြည့်နိုင်ပါတယ်၊ လူကြီးမင်း စစ်ဆေးကြည့်ပြီးရင် သိပါလိမ့်မယ်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now