အပိုင်း ၁၃၂ / အပိုင္း ၁၃၂

1.3K 152 4
                                    

Unicode

အပိုင်း၁၃၂ လေမဖြတ်ဖို့သတိထားဦး

“ဒီသမားတော်ဝမ်ရဲ့ စကားတွေက အတုအယောင်မဖြစ်နိုင်ဘူး”

“ဟုတ်တယ် သမားတော်ဝမ်ရဲ့ ဆေးပညာကျွမ်းကျင်မှုက အတော်လေးကို ကောင်းမွန်ပြီး ယီရှန်းဆေးခန်း ဆိုတာကလည်း နာမည်တစ်လုံးနဲ့နေနေတာ။ သူ လိမ်မှာမဟုတ်ဘူး၊ ဒါဆို မုယွမ်ယောင်က တင်းလောင်ဖုရန်ကို အမှုဆင်နေတာ တကယ်ပေါ့”

ပတ်ဝန်းကျင်က တင်းမိသားစုဘက်လိုက်လာတော့ တင်းသခင်ကြီးလည်း စိတ်သက်သာရာရသွားသည်။ ကံကောင်းစွာနဲ့ သူက ကြိုတင်ပြင်ဆင်ထားခဲ့လို့ပေါ့။

မုယွမ်ယောင်က နှာ‌ခေါင်းရှုံ့လိုက်သည်။

“အနာဂါတ်မှာ ယီရှန်းဆေးခန်းကို သွားတောင် မသွားရဲတော့ဘူး”

သမားတော်ဝမ်ရဲ့ မျက်ခုံးများက တွန့်သွားပြီး သူမကို အလေးအနက် ကြည့်လာသည်။

“မိန်းကလေးမု မင်းကငယ်ပါသေးတယ်၊ ဒါကြောင့် မင်းပြောတာနဲ့ပတ်သတ်ပြီး ဗွေမယူတော့ဘူး၊ မင်း ဒီက လူအိုကြီးကို တောင်းသာတောင်းပန်လိုက်…တင်းလောင်ရယ်နဲ့ တင်းလောင်ဖုရန်ထံ မင်းကို ခွင့်လွှတ်ပေးဖို့ အကြံပေးပေးမယ်”

"အိုး သမားတော်ဝမ်က တင်းယွဲ့လန်မှာ စိတ်ကစဥ့်ကလျားရောဂါရှိတယ်ဆိုတာကိုရော စစ်ကြည့်ခဲ့ပြီးပြီလား"

“ငါ အစောပိုင်းတုန်းက တင်းယွဲ့လန်ရဲ့ ချွတ်ယွင်းချက်ကို ရှာတွေ့ခဲ့တယ်။ သူမက စိတ်ကစဥ့်ကလျားဖြစ်တဲ့ရောဂါ ခံစားနေရတယ်၊ ဖြစ်တဲ့အချိန်ကတော့ မသေချာဘူး၊ အဲ့တာသာ မဖြစ်ခဲ့ဘူးဆိုရင် သူမက သာမန်လူတွေလိုပဲ ဖြစ်နေမှာ၊ တစ်ခါဖြစ်လိုက်တာနဲ့ သူမရဲ့အတွေးတွေနဲ့ စကားတွေကို ထိန်းချုပ်ဖို့က မဖြစ်နိုင်သလို ပြင်းထန်ပြီး ကြမ်းတမ်းတဲ့ လုပ်ရပ်တွေဖြစ်လာဖို့လည်း လွယ်လွန်းတယ်၊ တကယ်တော့ တင်းယွဲ့လန်ရဲ့ရောဂါအကြောင်း ကျိုးတာ့ရန်လည်းသိတယ်၊ ဒါကြောင့် သူက အမြဲတမ်း တင်းယွဲ့လန် ဝမ်းနည်းမှာကို ကြောက်ပြီး သူမရဲ့ စိတ်ကူးတွေနဲ့ ဆုံးဖြတ်ချက်တွေကို လိုက်လျောခဲ့တာ၊ သူတို့ရဲ့ ဆက်ဆံရေးက နှစ်လိုဖွယ်ကောင်းလွန်းပါတယ်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now