အပိုင်း ၁၄၂ /အပိုင္း ၁၄၂

1.2K 133 0
                                    

Unicode

အပိုင်း ၁၄၂ - စုချင်းဝူ

ဘုရင်ခံ၏နေအိမ်တွင် ဘုရင်ခံကတော်က သခင်မကျင်းနှင့် မုယွမ်ယောင်တို့အား  အပြုံးများဖြင့် ကြိုဆိုခဲ့သည်။

"မင်းတို့နှစ်ယောက် ဘာလို့နောက်ကျနေတာလဲ။ မင်းတို့ မလာသေးဘူးဆိုရင် သွားဖိတ်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်တော့မလို့။ သိပ်ပြီး ယဉ်ကျေးမနေပါနဲ့။ ထကြပါ အထဲဝင်ရအောင်။"

ဘုရင်ခံကတော်နှင့်သခင်မကျင်းတို့ နှစ်ယောက်သား စကားစမြည် အနည်းငယ်ပြောပြီးနောက် သူတို့အကြည့်က မုယွမ်ယောင်ထံ ရောက်သွားသည်။ ဘုရင်ခံ၏ဇနီးနှင့် ယခင် တွေ့ဆုံဖူးခဲ့သည့် နှစ်ကြိမ်နှင့် ယှဉ်ကြည့်လျှင် သူမ၏ အကြည့်များက ယခုတစ်ကြိမ်တွင် ပို၍ ရင်းနှီးရိပ်သန်းလာသည်။

“ဒီရက်ပိုင်း အလုပ်ရှုပ်နေတော့ နီယွင်ဖန်းဆီ လာလည်ဖို့ အချိန်မရှိဘူး မိန်းကလေးမု ပိန်သွားတာပဲ.."

မုယွမ်ယောင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး

"သခင်မကို စိတ်အနှောင့်အယှက်‌ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ ဒီရက်ပိုင်း အစာစားချင်စိတ်မရှိတော့ နည်းနည်းလျှော့စားမိနေလို့ပါ”

“အဲဒီလို ငယ်ရွယ်စဉ်မှာ ပိုပြီး ဂရုစိုက်ဖို့ လိုတယ်။ ငါ့မိသားစုရဲ့ စားဖိုမှူး ချက်ပြုတ်ထားတဲ့ ဆေးဖက်ဝင်အစားအစာတွေက မဆိုးဘူး။ ခဏနေရင် တစ်ယောက်ယောက်က မင်းအတွက် စွတ်ပြုတ်ယူလာပေးလိမ့်မယ်။.."

"ကျွန်မ မဝံ့ရဲပါဘူး.."

မုယွမ်ယောင်က မမျှော်လင့်ထားတဲ့ မျက်နှာသာပေးမှုကြောင့် ချက်ခြင်း ထရပ်ပြီး ပြောလေသည်။

"ငါ မင်းကိုမြင်တိုင်း သဘောကျနေရတာပဲ။ ဘာလို့ ကြောက်နေတာလဲ။ မင်းပြန်ရင်ယူသွားဖို့ ဆေးညွှန်းစာရေးခိုင်းလိုက်မယ်။ မင်း နေ့တိုင်း ချက်စားလို့ရတာပေါ့"

မုယွမ်ယောင်က အမြန်ပင် ဂါရဝပြု ဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်မ။ ကျွန်မ နေ့တိုင်း သုံး ဆောင်ပါ့မယ်"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now