အပိုင်း ၇၈ / အပိုင္း ၇၈

2.1K 238 10
                                    

Unicode

သခင်မကျင်းက သူမရဲ့ စားသောက်ဆိုင်ကို ပိတ်ပစ်ပြီး အပ်ချုပ်သမလေး တစ်ယောက်ဆီ ငှားရမ်းလိုက်တယ်ဆိုတာ ကျင်းလင်မြို့က လူတော်တော်များများ သိထားကြသည်။ ယခု ထိုနေရာကို ပြန်လည် ပြုပြင်ထားတယ်ကြားတော့ သူတို့တွေ ပိုစပ်စုချင်နေကြတော့သည်။

သခင်မကျင်းက ဝတ်စုံလေးတစ်စုံနဲ့တင် စီရင်စုဘုရင်ခံကတော်ရဲ့ ဧည့်ခံပွဲမှာ အားလုံးရဲ့ အာရုံစိုက်မှု သိမ်းပိုက်ခဲ့ပြီး လိပ်ပြာတွေကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။ ဧကရာဇ်က ထိုသတင်းတွေကို ကြားသိတဲ့အခါ အင်မတန် သဘောကျပြီး ချောင်ယွင်နျန်ကို ရာထူးတိုးပေးခဲ့သည်။ လူတိုင်းက လူမှုရေးနားလည်ပြီး သခင်မကျင်းကို အတတ်နိုင်ဆုံး စိတ်ရင်းမှန်မှန်နဲ့ အမွမ်းတင် ချီးကျူးကြသည်။ သို့ပေမယ့် တကယ်တမ်းတော့ ဒါတွေအားလုံးက သူမဝတ်စုံကြောင့်ပဲဆိုတာ သူတို့သိတယ်။

ထို့ကြောင့် မုယွမ်ယောင် ဆိုင်ဖွင့်တဲ့အကြောင်း ကြားရတဲ့အခါ အားလုံးက ဖွင့်ပွဲနေ့ကို မျှော်လင့်နေကြ၏။ သူတို့မှာ အခုလက်ရှိ ဘာထူးထူးခြားခြား ဝတ်စုံမှ မရှိတာကြောင့် လူမှုရေးပွဲတွေ တက်ရောက်ဖို့ကို မဝင့်မရဲ ခံစားနေရသည်။ ဟိုပွဲတုန်းက သခင်မကျင်းလိုသာ မျက်စိဖမ်းစားစရာ ဖြစ်လာနိုင်မယ်ဆို ငွေဘယ်လောက်ပင် ပေးရပါစေလေ!

လဝက်ကြာပြီးနောက် ကျင်းလင်မြို့ထဲက နေအိမ်တိုင်း ခပ်ထူထူ စာအုပ်ငယ် တစ်အုပ်စီ လက်ခံရရှိကြသည်။ အဖုံးပေါ်မှ နီယွင်ဆိုင်ဆိုသည့် ရွှေရောင်စာလုံးက ကြက်သီးထဖွယ်ရာ။

ထိုစကားလုံးတွေကို မြင်ရုံနဲ့တင် လူတိုင်းရဲ့ နှလုံးသားကို တုန်လှုပ်သွားစေသည်မှာ ဓားတစ်ချောင်းနဲ့ ပိုင်းဖြတ်လိုက်သည့် အတိုင်းပင်။ ဒီ’နီယွင်ဆိုင်က တကယ်ပဲ အပ်ချုပ်ဆိုင်ရော ဟုတ်ရဲ့လား? လုပ်ကြံသတ်ဖြတ်ရေး လုပ်ငန်းတစ်ခုတော့ မဟုတ်ဘူးမလား?

စာအုပ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ သူတို့တွေ ပိုလို့တောင် လန့်ဖျန့်သွားကြသည်။ စာအုပ်ထဲမှာ စာရွက်တွေ မဟုတ်ဘဲ ပိတ်စတွေသာ! ပိတ်စတစ်ခုချင်းစီကို ရွှေရောင်သစ်ရွက် ပုံစံတွေနဲ့ ဘောင်ခတ်ထားသည်။ ပိတ်စတွေပေါ်မှာတော့ လှပပြီး ရုပ်လုံးကြွနေတဲ့ အမျိုးသမီးပုံတွေ တွဲချုပ်ထားသည်။ တချို့က ကြေးမုံမှန်ကြည့်လို့၊ တချို့က ပြတင်းပေါက်နားထိုင်ပြီး ခေါင်းဖြီးလို့၊ တချို့က အိပ်စက်နေကြပြီး တချို့က လရောင်အောက်မှာ ကခုန်နေကြသည်…

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now