အပိုင်း ၆၂ / အပိုင္း၆၂

2.3K 253 6
                                    

Unicode

သခင်မကျင်းက သူမရဲ့ လက်ဖက်ရည်ခွက်ကို ချပြီး သက်ပြင်းချလိုက်သည်။ ဒီတစ်ခါတော့ ဘာအံ့ဩစရာမှ ရှိမယ်မထင်ဘူး။

လက်ဖက်ရည်နောက်တစ်ခွက်‌ သောက်ပြီးတဲ့နောက်မှာ စီရင်စုဘုရင်ခံကတော်က ပျော်ရွှင်စွာနဲ့ ရောက်ရှိလာသည်။ သူမက အခန်းထဲသို့ ဝင်လာသည်နှင့် စကားဆိုလာသည်

"ကျွန်မ ရှင့်ကို ကျေးဇူးတင်ရမှာပဲ ဒီအင်္ကျီက တကယ့်ကို အကောင်းဆုံးပဲ"

သခင်မကျင်းက ကြက်သေသေ သွားသည်။ သူမမြင်လိုက်ရတဲ့ စီရင်စုဘုရင်ခံကတော်ရဲ့ အပြုံးက အတုအယောင် မဟုတ်ပေ။ သူမ ဝတ်စုံကို လေ့လာကြည့်လိုက်ရင်း စိတ်ရှုပ်ထွေးနေမိသည်။

ဝတ်စုံက သိပ်ပြီး အရောင်မစုံပေမဲ့ သူမရဲ့ ခန္ဓာကိုယ်ထက်မှာတော့ တော်တော်လေး ကြည့်လို့ကောင်းနေသည်။ အစိမ်းပုတ်ရောင် ပန်းထိုးလက်ရာက စီရင်စုဘုရင်ခံကတော်ရဲ့ သေးသွယ်တဲ့ ခါးကို ပေါ်လွင်စေသည်။ သူမက အလွန်ပင် ပေါ့ပါးသွက်လက်နေသည်။ ဒီရိုးရှင်းတဲ့ ဒီဇိုင်းလေးနဲ့တင် အလွန်အကျွံ တန်ဆာဆင်ထားတဲ့ အဝတ်အစားတွေထက် ပိုပြီး မျက်စိကို ဖမ်းစားနိုင်သည်။

"သခင်မ သဘောကျတယ်ဆိုရင် အဲ့ဒီမိန်းကလေးက ကံ တကယ်ကောင်းတာပဲ ကျွန်မ သူနဲ့ ထပ်တွေ့တဲ့ အခါကျရင် သေသေချာချာလေး ဆုချလိုက်ပါ့မယ်"

စီရင်စုဘုရင်ခံကတော်က သူမရဲ့ ဝတ်စုံကို ပွတ်သတ်နေရင်း သူမရဲ့ မျက်လုံးထဲမှ အမူအရာတို့က အလွန်အမင်း နွေးထွေး‌ဖော်ရွေနေသည်။

"နောက်တစ်ခါလာရင် ကောင်မလေးကိုပါ ခေါ်ခဲ့လေ ဒီလို အရည်အချင်းကောင်းတွေ ရှိတဲ့သူမျိုးက ဘယ်လိုမိန်းကလေးမျိုးလဲဆိုတာ ငါတွေ့ဖူးချင်မိပါရဲ့"

"ကောင်းပါပြီ နောက်ရက်အနည်းငယ်ကျရင် ကျွန်မ သူ့ကို ဒီခေါ်လာခဲ့ပါ့မယ်"

သူမ ထွက်လာခဲ့သည်အထိတိုင်အောင် သခင်မကျင်းက တော်တော်လေး စိတ်ရှုပ်ထွေးနေမိဆဲပင်။ သူမ ရထားလုံးထဲကို ရောက်တော့ မနေနိုင်ဘဲ ယင်းဟုန်ကို မေးလိုက်သည်

"အဲ့ဒီဝတ်စုံမှာ ထူးခြားတာတစ်ခုခု တွေ့မိလား"

"သခင်မကို လျှောက်တင်ရရင် ဒီအစေခံလည်း တော်တော်လေး သိချင်နေတာပါ အဲ့ဒီဝတ်စုံက သူမနဲ့ တော်‌တော်လေး ကြည့်ကောင်းတယ်ဆိုပေမဲ့ ကြည့်ကောင်းတာပဲ ရှိတာပါ စီရင်စုဘုရင်ခံကတော်ကို ပျော်ရွှင်အောင် လုပ်နိုင်တာ ဘာမှလည်း မရှိပါဘူး"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now