အပိုင်း ၉၄/အပိုင္း ၉၄

2K 199 6
                                    

ဟယ်လို ဟယ်လို စာဖတ်ပရိတ်သတ်တို့ Paid gp မှာ ၁၄၀ ကျော် ရောက်နေပြီနော် 📣📣

အပိုင်း ၉၄

“အဲ့ဒီကိစ္စက ငါတို့နဲ့မဆိုင်ဘူး။ ငါတို့တွေ မိန်းကလေးမုကို သခင်အနေနဲ့ အသိအမှတ်ပြုပြီးပြီးမို့ အကောင်းဆုံး ကြိုးစားရမယ်။ မိန်းကလေးမုက ငါတို့တွေကို မချေမငံ ဆက်ဆံမှာ မဟုတ်ဘူး”

သူမ မုယွမ်ယောင်ကို ရွေးချယ်ရတဲ့ အကြောင်းအရင်းက သူတို့ရဲ့အစေခံစာချုပ်တွေက မုယွမ်ယောင်လက်ထဲမှာလို့ ခန့်မှန်းမိတာကြောင့် မဟုတ်ပေ။ မုယွမ်ယောင်က ထူးခြားတယ်ဆိုတာ သူမသိနေသောကြောင့် ဖြစ်သည်။ သူမရဲ့ကိုယ်ကျင့်စရိုက်နဲ့ အမူအရာတွေက သာမာန်မဟုတ်ချေ။

ဒါ့အပြင် သူမက အမျိုးသမီးကျင်းနဲ့ ရင်းနှီးကျွမ်းဝင်လာနိုင်ခဲ့ပြီး သူတို့နှစ်ယောက် ဆက်ဆံရေးကလည်း တစ်နေ့တစ်ခြား ပိုမို ကောင်းမွန်လာသည်။ ဒီလိုသာဆို မုယွမ်ယောင်နောက်ကိုလိုက်ရင် သူမကိုယ်တိုင်အတွက်လည်းအခွင့်အလမ်းတွေရလာနိုင်တယ်လို့ ခံစားမိနေသည်။

မုယွမ်ယောင်က ကျင်းချိုးနဲ့ကျင်းကျွီရဲ့ အစေခံစာချုပ်ကို ထုတ်လိုက်သည်။ သူမအကြည့်က စာချုပ်ပေါ်မှ အနီရောင်လက်ဗွေရာတွေဆီ ကျရောက်သွားပြီး သူမမျက်လုံးက မှောင်မိုက်လာသည်။

ဒီနှစ်ယောက်က ချောင်အိမ်တော်မှ ပေါက်ဖွားလာတဲ့ကလေးတွေဖြစ်ပြီး သူတို့တွေမှာ အမျိုးသမီးကျင်းနဲ့ ချောင်အိမ်တော်နောက်ခံ ရှိတာကြောင့် မုယွမ်ယောင်ကို အလေးမထားဘဲ ဆက်ဆံကြ၏။ သူတို့တွေက မုယွမ်ယောင်ရဲ့ နည်းပညာကို သင်ယူပြီးနောက် အမျိုးသမီးကျင်းဆီကို ပြန်သွားရဖို့ မျှော်လင့်ချက်နဲ့ ချောင်အိမ်တော်ကို လျို့ဝှက်စွာ ဆက်သွယ်ခဲ့ကြသည်။

မူလတုန်းကတော့ မုယွမ်ယောင်က သူတို့ မနေချင်ရင် အမျိုးသမီးကျင်းဆီကို လက်ဆောင်အနေနဲ့ ပြန်ပို့ပေးလိုက်ဖို့ တွေးခဲ့သေးသည်။ ဒါပေမယ့် သူတို့မှာ ဒီလို မရိုးဖြောင့်တဲ့ စိတ်ကူးတွေ ရှိနေလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။ သူတို့တွေ လက်ပန်းထိုးနည်းပညာတွေ ရောင်းစားဖို့ ဆုံးဖြတ်လိုက်ကြချိန်ကစပြီး သူတို့အတွက် ပြန်လမ်းဆိုတာ မရှိတော့ဘူး။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now