အပိုင်း ၉၉/ အပိုင္း - ၉၉

1.9K 213 5
                                    

အပိုင်း - ၉၉

ဘေးပတ်လည်ရဲ့ ငြင်းခုံပြောဆိုသံတွေကိုနားထောင်ရင်း လရောင်ခြယ်ဆိုင်ရှင်တစ်ယောက် စိတ်ထဲလေးလံလာ၏။ ခဏကြာ ထိတ်လန့်မှင်တက်နေမိပြီးနောက် သူ့ဆီက အဝတ်အစားတွေ ဝယ်သွားတဲ့ မိန်းကလေးခုနစ်ယောက်ကို မြန်မြန်လိုက်ရှာဖို့ပြင်သည်။ ကံမကောင်းစွာနဲ့ အပေါ်ထပ်မှာ လူတွေအများကြီး ရှိနေတဲ့အပြင် မှောင်ကလည်း မှောင်နေပြန်တာမို့ ထင်းထွက်နေတဲ့သခင်မလေးဦးကလွဲပြီး ကျန်သူအားလုံးက မှုန်ဝါးဝါးတွေသာဖြစ်နေ၏။

ပိုးစုန်းကြူးလေးတွေက လက်ဖက်ရည် တစ်ဝက်သောက်ချိန်ကြာအောင်ထိ တောင်ပံ တဖျပ်ဖျပ်ခတ်ကာ ကခုန်ကြပြီးနောက် အဝေးသို့ ပြန်ထွက်သွားကြသည်။ သခင်မကျောက်နဲ့ တခြားသူတွေကတော့ အကောင်လေးတွေ ထွက်သွားတာကို နှမြောတသ ဖြစ်နေကြသည်။ ဒီလိုအံ့ဩစရာကောင်းတဲ့ မြင်ကွင်းမျိုးကို စွဲလမ်းမိသွားတာကြောင့်ပင်။

ပိုးစုန်းကြူးလေးတွေ ပျံသွားမှ ဘုရင်ခံကတော်လည်း စိတ်နဲ့လူနဲ့ ပြန်ကပ်သွားပြီး အံ့ဩတကြီး ပြောလာသည်။

"ပိုးစုန်းကြူးတွေတောင် ရှင်ရဲ့အလှတရားမှာ ဝပ်တွားရတယ်။ နီယွင်ရဲ့အလှမယ်စာရင်းထဲက ထိပ်ဆုံးအဆင့်ဖြစ်ဖို့ ထိုက်တန်ပါတယ်ရှင်"

တခြားလူတွေအားလုံးလည်း မျက်လုံးတွေစိမ်းလာတဲ့အထိ သခင်မကျင်းကို မနာလိုစွာကြည့်နေကြသည်။ ယနေ့မှာတော့ မနာလိုတဲ့အရိပ်အယောင်တွေက ပိုလို့တောင် ထွန်းလင်းတောက်ပနေသေး၏။  ချီရှီပွဲတော်အတွင်းမှာတောင် ပိုးစုန်းကြူးတွေဝန်းရံလာအောင် ဆွဲဆောင်‌နိုင်လိုက်သေးတယ်၊ ဒီသတင်းက အုတ်အော်သောင်းနင်းဖြစ်သွားတော့မှာ အသေချာပဲ။ အရင်တစ်ခါ ဧကရာဇ်အတွက်ဆုမွန်ကောင်းတောင်းပေးတဲ့ ပွဲမှာလည်း လိပ်ပြာတွေလာနားတဲ့အထိစိတ်ရင်းမှန်ခဲ့လို့ ဂုဏ်ပြုခံရပြီးပြီ။ အခုဟာပါ ထပ်ပြန့်သွားရင်တော့ သူမနာမည်က တစ်နိုင်ငံထိပြန့်နှံ့သွားမယ်ထင်တယ်!

မတရားလိုက်တာနော်! ကောင်းတဲ့အရာနှစ်ခုလုံး သူပဲရသွားတယ်!

ထိုဖြစ်ရပ်ပြီးနောက် စားသောက်ပွဲထဲက လူတွေအားလုံး စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်ကုန်ကြပြီး ပွဲကလည်း လျင်မြန်စွာပဲ ပြီးဆုံးသွား၏။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now