အပိုင်း ၅၇ / အပိုင္း ၅၇

2.2K 243 11
                                    

Unicode

ထိုအခိုက်မှာ အမျိုးသမီးကျင်းသည် သူမတောင် မုယွမ်ယောင်ကို တကယ် နားမလည်နိုင်သေးဘူးလို့ ခံစားလိုက်ရသည်။

"မင်းက မင်းပညာကို တခြားလူတွေဆီလက်ကမ်းပေးမယ်?"

"မျှဝေပေးမှသာ ကျွန်မအတွက်လည်းအကျိုးရှိမှာပါ။ လက်ပန်းထိုးနည်းပညာအချို့တင်ပါ တန်ဖိုးကြီးရတနာ တစ်စုံတစ်ခုလို မဟုတ်ပါဘူး။ ကျွန်မအဝတ်အစား‌တွေကို တခြားသူတွေဆီရောင်းလိုက်ရင်လည်း နည်းနည်း လေ့လာကြည့်တာနဲ့ ချုပ်လုပ်နိုင်သွားကြမှာပဲ မဟုတ်လား။ အဲ့ဒီလိုဆိုရင်တော့ အကူအချို့ခေါ်လိုက်တာကမှ ကျွန်မရဲ့ ဝန်ထိုးဝန်ပိုးကို လျှော့နိုင်မယ်လေ"

သခင်မကျင်းက မုယွမ်ယောင်ကို စိုက်ကြည့်နေသည်။
"ကောင်းပြီ မင်းက ငါ့ကိုဒီ‌လောက်ထိယုံမှတော့ ငါ အကူကောင်မလေးအချို့ ရှာပေးမယ်"

"သခင်မကို ကျေးဇူးအများကြီး တင်ပါတယ်"

ချောင်အိမ်တော်ကထွက်လာတော့ မုယွမ်ယောင်ခြေလှမ်းတွေ ပေါ့ပါးသွက်လက်နေသည်။ သခင်မကျင်းက သူမအပေါ် အမြင်ကောင်းရှိတာက အကူအညီ အများကြီးရတယ် ဆိုပေမယ့် သခင်မကျင်းအနေနဲ့လည်း တစ်ခုခု ရရှိမယ်ဆိုရင် မုယွမ်ယောင်ရဲ့ ကျောထောက်နောက်ခံအဖြစ် ရှိပေးဖို့ရာ  ပိုတည်မြဲသွားလိမ့်မည်။

တံခါးဝမှာရပ်နေတဲ့လျိုလျန်က သူမနောက်ကနေ ခပ်မြန်မြန် လိုက်လာသည်။ တစ်လျှောက်လုံး သူသည် တိတ်ဆိတ်နေ၏။

"လျိုလျန် မင်းအသက် ဘယ်နှနှစ်လဲ ကြည့်ရတာ နှစ်ဆယ်ဝန်းကျင်လောက် ရှိပြီထင်တယ်။ ဓားရေးကျွမ်းကျင် ပြီး ကိုယ်ခံပညာတတ်ကျွမ်းရဲ့သားနဲ့ ဘယ်လိုလုပ် ကျွန်တစ်ယောက် ဖြစ်လာခဲ့တာလဲ။ လက်ထပ်ပြီးပြီလား လက်မထပ်ရသေးလည်း ပြဿနာ မဟုတ်ပါဘူး။ ငါမင်းကို လစာပေးလို့ရတယ်၊ နှစ်နည်းနည်းကြာရင် အဲ့ပိုက်ဆံတွေနဲ့ မိန်းမယူလို့ရမှာပါ"

လျိုလျန်က မုယွမ်ယောင်ရဲ့ ရေပက်မဝင်အောင် စကားပြောနေသော ပါးစပ်ကို မျက်ခုံးကြီးတွန့်ပြီး ကြည့်နေသည်။ သူတို့တွေ လမ်းဘေးဆိုင်ငယ်တစ်ခုရှေ့က ဖြတ်သွားတော့ လျိုလျန်က သစ်သီးသကြားချောင်းဝယ်ပြီး သူမကိုပေးလိုက်သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now