အပိုင်း ၇၆ / အပိုင္း ၇၆

2.1K 215 8
                                    

Unicode

တပည့်ဆယ်ယောက်ထဲတွင် ကျင်းလန်နှင့် ကျင်းချောင်တို့က အရည်အချင်းအရှိဆုံးဖြစ်သည်။ မုယွမ်ယောင်က အဆင်တန်ဆာတွေ အသင့်ပြင်ရာမှာ ကူညီပေးရန် ခေါ်ထားလိုက်သည်။ ကျန်တပည့်သားများထဲက ပိုတော်တဲ့နှစ်ယောက်ကို ချည်မျှင်နှင့်ပိတ်စတွေကူဝယ်ပေးဖို့ ငွေလျန်တွေပေးထားပြီး ကျန်တဲ့သူတွေကိုလည်း အခြားမတူတဲ့ အလုပ်ပေးထားသည်။ လူတိုင်းကိုယ်စီ အလုပ်ရှုပ်နေကြ၏။

စုချင်က လွဲ၍…

စုချင်က မုယွမ်ယောင်ကို ချည်တွေ ကူဖြတ်ပေးရင်း စိတ်မချမ်းမြေ့သောလေသံဖြင့်

“ယောင်အာ၊ အမေ တချို့အရာတွေ ကူ လက်ပန်းထိုးပေး ရမလား”

မုယွမ်ယောင်က လုပ်လက်စအလုပ်ကို ရပ်လိုက်ပြီး စုချင်၏အမူအရာကို ကြည့်ကာ သူမနှလုံးသားမှာ ဖိညှစ်ခံလိုက်သလို ခံစားလိုက်ရသည်။ အကုန်သူမအပြစ်တွေချည်းပင်။ အမေဖြစ်သူရဲ့ အကျင့်ကို လုံးဝမေ့နေခဲ့သည်။

“အမေ သမီးအရင်က ပြောထားတယ်မလား အမေက သမီးတို့ဆိုင်ရဲ့ပိုင်ရှင်ပါလို့။ အမေ သမီးတို့ဆိုင်နာမည် စဥ်စားပြီးပြီလား”

“အမေ နာမည်ကောင်းကောင်း ဘယ်လိုရွေးရမလဲ တကယ် မသိဘူး…”

စုချင်က ခေါင်းအမြန်ခါကာ ပြောလိုက်သည်။

“သမီးတို့ နာမည်ရွေးပြီးရင်တောင် တံဆိပ်ပြားလုပ်ဖို့ နှစ်ပတ်ကြာဦးမှာပါ။ နှစ်ရက်အတွင်း နာမည်တစ်ခုခု မပေးနိုင်ရင် သမီးတို့ လက်ပန်းထိုးဆိုင်က တံဆိပ်ပြားမရှိဘဲ နေလိမ့်မယ်”

မုယွမ်ယောင်က စုချင်ကို “စိတ်ချလိုက်မယ်နော်”ဆိုသည့် မျက်နှာဘေးလေးနှင့် ခေါင်းငုံ့ကာ လက်ပန်းထိုးအလုပ်ကို ဆက်လုပ်၏။

စုချင်က မတ်တပ်ထရပ်ကာ အခန်းထဲ ခဏကြာ လမ်းပတ်လျှောက်နေပြီးနောက် လက်ခုပ်တီးကာ ပြောလိုက်၏။

“အမေခုမှ သတိရတယ် ဟိုနေ့က အမေတို့တွေ စာအုပ်တွေ အပုံလိုက်ကြီးဝယ်လာခဲ့တာပဲ။ စာအုပ်တွေထဲကနေ အကြံကောင်းတစ်ခုခုရမလား သွားကြည့်လိုက်ဦးမယ်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now