အပိုင်း ၁၄၉ /အပိုင္း ၁၄၉

1.2K 138 1
                                    

Unicode

အပိုင်း ၁၄၉ - ကောင်းကင်က ကူညီပေးနေတယ်

မုယွမ်ယောင်ရဲ့ စကားတွေကို ကြားပြီးနောက် လူစုထဲမှ တချို့လူတွေသည် အတွေးထဲ နစ်မြောနေပုံရပြီး အခြားသူတွေကတော့ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ သဘောမပေါက်ကြသေးပေ။

မုယွမ်ယောင်က သူတို့ကို အတင်းမတိုက်တွန်းပေမယ့် သူတို့တွေ ဘာမှ လုပ်စရာမရှိတဲ့အခါ ထပ်လေ့ကျင့်ဖို့ သတိပေးလိုက်သည်။ ထို့နောက် သူမနှင့် အထိန်းတော်ချင်းက မျက်နှာစာခြံဝန်းထဲရှိ အရိပ်ကနားဆီ ထွက်သွားကြသည်။

အိမ်တော်ထိန်းချင်းက ငှက်သိုက်၊ ဂျင်ဆင်း အစရှိသဖြင့် ခန္ဓာကိုယ်ကို အားဖြည့်တင်းပေးတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို ယူလာဖို့ သူ့လူတွေကို အမြန်ညွှန်ကြားလိုက်သည်။ မုယွမ်ယောင်က သူ့ကို ကျေးဇူးတင်ပြီးနောက် ကျင်းလန်နှင့် ကျင်းချောင်ကို သေချာ သိမ်းဆည်းရန် ပြောလိုက်သည်။

“ဒီနေ့ ဝေ့ယီ၊ ယွင်းချွန်းတို့ကို ကြိုဆိုတာအပြင် ကျွန်မ အထိန်းတော်ချင်းနဲ့ ဆွေးနွေးချင်တာလေးတစ်ခု ရှိသေးတယ်”

“မိန်းကလေး ပြောပါ”

“နီယွင်ဖန်းက မီးလောင်ပြာကျသွားပေမယ့် လက်ပန်းထိုးနည်းပညာကို သင်ကြားပေးထားတာကြောင့် ကျွန်မတို့ အချိန်မရွေး ပြန်ဆောက်လို့ရတယ်။ ဒါပေမယ့် လက်ဖက်ရည်ဆိုင်ကတော့ ကျွန်မတို့ပြင်ဆင်လာတာ အချိန်အတော်ကြာပြီမို့ ဖွင့်ဖို့ အချိန်တန်နေပြီ”

“မိန်းကလေး ပြောတာ မှန်ပါတယ်။ မိန်းကလေး လက်ဖက်ရည်ဆိုင်အတွက် နာမည်စဉ်းစားပေးနိုင်မလား”

“ခုချိန်မှာတော့ စဉ်းစားထားတာ မရှိသေးဘူး။ ကျွန်မ နောက်နှစ်ရက်အတွင်း သေချာ စဉ်းစားကြည့်လိုက်ပါ့မယ်။ ကျွန်မ ဆိုင်းဘုတ်လုပ်ပြီးရင် တစ်ယောက်ယောက်ကို ပို့ခိုင်းလိုက်မယ်။ ဝေ့ယီ၊ ယွင်ချွန်းနဲ့ အခြားသူတွေ ဝီရီယရှိရှိနဲ့ လေ့ကျင့်ကြဖို့ အထိန်းတော်ချင်း သတိပေးပေးပါဦးလို့ တောင်းဆိုပါရစေ။ ဖွင့်တဲ့အခါကျရင် ဆိုင်ရဲ့ပုံရိပ်ကို တင့်တယ်အောင် သူတို့ကိုပဲ ကျွန်မ အားကိုးရမှာ"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now