အပိုင်း ၁၂၅ /အပိုင္း ၁၂၅

1.4K 160 3
                                    

Unicode

အပိုင်း ၁၂၅ - ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်၊ ဘာကြောက်စရာရှိလို့လဲ?

   

အောက်ထပ်တွင် တင်းယွဲ့လန်က မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမဘေးတွင် ကြွေထည်များ အပိုင်းပိုင်းအစစကွဲနေသည်။ ဘယ်နေရာကို ထိခိုက်သွားသည်မသိ အဝါဖျော့ဖျော့ကော်ဇောပေါ်တွင် အနီရောင်သွေးစွန်းထင်းနေ၏။

ကျိုးဝေ့က သူ့ဘေးမှာ မတ်တပ်ရပ်‌နေပြီး မျက်ခုံးတွေ တွန့်ကာ တင်းယွဲ့လန်ကို အံ့သြစွာကြည့်ရင်း တစ်ခုခု ထပ်ပြောချင်ပေမယ့် သူ့ကိုယ်သူ ရပ်တန့်လိုက်သည်။

(ဒီအပိုင်းမှာ translatorက ကျိုးအောင်လို့သုံးလာပေမယ့် အရင်ကလို ကျိုးဝေ့ပဲဆက်သုံးသွားပါမယ်)

မုယွမ်ယောင်က အောက်ထပ်ကို အမြန်ဆင်းပြီး လျိုလျန်ဘက်လှည့်ကာ ပြောလိုက်သည်။

"တံခါးသွားဖွင့်!"

ကျိုးဝေ့က ထိုစကားကိုကြားသောအခါ စူးရှသောမျက်လုံးများဖြင့် မုယွမ်ယောင်ကို စိုက်ကြည့်လာသည်။

မုယွမ်ယောင်က သူ့ကို လျစ်လျူရှုလိုက်ပြီး တင်းယွဲ့လန်ကို ကူညီဖို့ ရှေ့ကို လှမ်းလိုက်သည်။

"သခင်မ၊ အဆင်ပြေလား?"

နီယွင်ဖန်း အပြင်ဘက်တွင် လူတော်တော်များများက ပွဲကြည့်ဖို့ စိတ်လှုပ်ရှားစွာ စောင့်နေကြသည်။ နီယွင်ဖန်းအတွင်းထဲမှ ကြောက်မက်ဖွယ်အသံကို ကြားလိုက်ပြီးနောက်တွင် ဘာတွေ ဖြစ်နေသည်ကို သိချင်စွာ ရှေ့သို့ တစ်လှမ်းပင် တိုးလိုက်ကြသည်။

လူတိုင်းက မှန်းဆပြောနေကြချိန်တွင် တံခါးက ရုတ်တရက် ပွင့်လာကာ ခန်းမထဲက မြင်ကွင်းကို လူတိုင်း မြင်သွားပြီး အော်ဟစ်ကြသည်။

"ကြည့်စမ်း၊ ဟိုမှာ သွေးတွေမလား"

"ဒါ တစ်ယောက်ယောက်ကို သတ်လိုက်တာ တော့ မဟုတ်ဘူးလား"

"ဒါက.."

တင်းယွဲ့လန် အားယူပြီး မတ်တပ်ထရပ်လိုက်သည်။ သူမမျက်နှာကိုမြင်တော့ မုယွမ်ယောင် လေအေးအေးတို့ကို ရှူရှိုက်မိသွားသည်။ ကြမ်းပြင်ပေါ်ရှိ သွေးများကို မြင်စဉ်က လက်မှာ ပြတ်ရှဒဏ်ရာရသွားတယ်ဟု သူမ ထင်ခဲ့သော်လည်း မျက်နှာပေါ်မှာလို့တော့ မမျှော်လင့်ထားခဲ့ပေ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now