အပိုင်း၁၀၀/အပိုင္း - ၁၀၀

1.9K 208 0
                                    

အပိုင်း - ၁၀၀

(လရောင်ခြယ်ဆိုင်ကို ချိုင်ယွဲ့ဆိုင်ဆိုပြီး ပြောင်းလဲ ခေါ်ဆိုသွားပါမယ်။)

တစ်ခဏကြာပြီးနောက် မုယွမ်ယောင်က ရုတ်တရက် ပြောလာသည်။

“အမေ ကျင်းချိုးနဲ့ ကျင်းကျွီက သမီးသင်ပေးထားတဲ့ လက်ပန်းထိုးနည်းကို ချိုင်ယွဲ့ဆိုင်ဆီ ရောင်းစားတာကြောင့် သမီး သူတို့ကို မနက်ဖြန် အပြစ်ပေးဖို့ ဆုံးဖြတ်ထားတယ်”

“သမီး ဘယ်လို အပြစ်ပေးမယ်ဆိုတာ ဆုံးဖြတ်ပြီးပြီလား”

စုချင် တုန်လှုပ်ချောက်ချားမိသည်။ လက်ရှိဘဝအခြေအနေသည် သူမ တစ်ခါမှ မမျှော်မှန်းရဲခဲ့သော ဘဝ ဖြစ်သည်။ တစ်ခုခု ပြောင်းလဲသွားမှာ စိုးရိမ်ကြောက်ရွံ့ပြီး ဒီအခြေအနေလေးကို နောင်အနာဂတ်အထိ ဘယ်လို ဆက်ထိန်းသိမ်းထားရမလဲဆိုတာ သူမ နေ့တိုင်း တွေးနေခဲ့သည်။ ဒါကြောင့် သူမ ကြားလိုက်ရတဲ့အခါ ထိတ်လန့်သွားမိသည်။

“သူတို့နှစ်ယောက်ရဲ့ အသက်စာချုပ်က သမီးလက်ထဲမှာ ရှိတယ် သူတို့ကို တစ်ခါတည်း သတ်လိုက်ရင်တောင် အခြားလူတွေ ဘာတစ်ခွန်းမှ ဝင်ပြောလို့ မရဘူး”

သူမအမေသည် စိတ်သဘောထား နူးညံ့သူဖြစ်တာကြောင့် စုချင်ရဲ့ အမူအရာကို သူမ မျက်လုံးထောင့်ကနေ အကဲခတ်ကြည့်လိုက်သည်။ သူမအမေကို အခု အသိပေးဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတာ မနက်ဖြန် လူနှစ်ယောက်ကို ရှင်းလင်းပစ်လိုက်တဲ့အခါ ထိတ်လန့်မသွားစေဖို့ ဖြစ်သည်။

စုချင် တကယ် ထိတ်လန့်သွားသည်

“ယောင်အာ ဒီလိုလုပ်တာထက် စည်းမျဉ်းဘောင်အတွင်းမှာ နေတာက ပိုမကောင်းဘူးလား။ အများကြီး အလွန်အကျူး လုပ်မနေပါနဲ့”

“အမေ လူတွေက အန္တရာယ်မရှိဘူးဆိုရင် ကျားက နာကျင်အောင် လုပ်တတ်တယ်။ ဒီနှစ်ယောက်ကို သမီး စိတ်သဘောထားပြည့်ဝစွာ ဆက်ဆံပေးပြီး ဂရုတစိုက် သင်ကြားပြသပေးခဲ့တယ်။ သမီး အရင်ကတည်းက သူတို့ကို ပြောထားပြီးသားပါ။ လက်ပန်းထိုးနည်းကို ပြန်လက်ဆင့်ကမ်းချင်တယ်ဆိုရင် သမီးကို အတိအလင်း အသိပေးပြီး ခွင့်ပြုချက်တောင်းနိုင်တယ်ဆိုတာကို။ ဒါပေမယ့် သူတို့နှစ်ယောက်က သမီးရဲ့လက်မှုပညာအရည်အချင်းကို ပြိုင်ဘက်ရန်သူဆီ ရောင်းစားကြတယ်။ ကံကောင်းစွာနဲ့ ချိုင်ယွဲ့ဆိုင်က သမီးရဲ့ မသေမချင်း'မကျေနပ်တဲ့ရန်သူ မဟုတ်လို့သာပေါ့။ မဟုတ်ရင် အဲ့ဒီလုပ်ရပ်က သမီးတို့ အသက်ကို ဆုံးရှုံးသွားစေနိုင်တယ်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now