အပိုင်း ၅၃ / အပိုင္း ၅၃

2.3K 255 3
                                    

Unicode

မုယွမ်ယောင်က သူမမေးခွန်းကို မဖြေပေ
"ဒီနေ့ သခင်မ ဝတ်စုံကို စမ်းဝတ်ကြည့်ရအောင် ကျွန်မ လာခဲ့တာပါ ဝတ်ကြည့်ပါဦးလား"

ဘေးက အစေခံသည် ကြည့်မနေနိုင်ဘဲ မုယွမ်ယောင်ကို ကြားဖြတ်ပြောလာသည်
"အဝတ်အစားပုံစံက ဘယ်လိုမျိုးလဲဆိုတာကို ကျွန်မတို့ မြင်ပြီးပါပြီ၊ ဝတ်လိုက်ရင် ဘာများ ထူးခြားသွားမှာမို့လို့လဲ။ အကယ်၍ သခင်မက တခြား သာမန်မိန်းကလေးတွေရဲ့ ၀တ်စုံတွေနဲ့ ဆင်တူတဲ့ဟာကို ပွဲအခမ်းအနားမှာ ဝတ်ဆင်မယ်ဆိုရင် ရှက်ဖွယ်ရာဖြစ်လိမ့်မယ်"

အမျိုးသမီးကျင်းသည်လည်း ပျော်ရွှင်နေပုံ မပေါ်ပေ
"ဒီအဝတ်အစားပုံစံကို ငါ တကယ် ကြိုက်နှစ်သက်ပါတယ်။ မင်းရဲ့ ဆုလာဘ်ငွေ ယူဖို့ ယင်းဟုန်နောက် လိုက်သွားလိုက်ပါ။ နောက်တစ်ခါ အခွင့်ကြုံရင် မင်းကို လာရှာဦးမှာပါ"

မုယွမ်ယောင်က မျက်နှာပေါ်တွင် ခပ်မှိန်မှိန် အပြုံးလေး ချိတ်ဆွဲ ထားသေး၏
"သခင်မ ဒီဝတ်စုံကို ဝတ်လိုက်ရင် ကျွန်မက အရှက်မရှိ လေကြီးနေတာ မဟုတ်ဘူးဆိုတာ သိရပါလိမ့်မယ်"

"မင်းလို မိန်းမငယ်လေးက ဘယ်လိုလုပ်ပြီး ဒီလောက် ရိုင်းစိုင်းရတာလဲ။ မင်းကို ထွက်သွားဖို့ သခင်မက ပြောထားပြီးသား။ ငါ့နောက်လိုက်ခဲ့၊ မင်းရဲ့ဆုလာဘ်ငွေကို သေချာပေါက်ရလိမ့်မယ်"သခင်မကျင်းရဲ့ ယင်းဟုန်လို့ အမည်ခေါ်တဲ့အစေခံတစ်ယောက်ထံမှ မုယွမ်ယောင် ကျယ်လောင်စွာ အော်ဟစ်လိုက်ခံရသည်။

မုယွမ်ယောင်ကတော့ မလှုပ်ပေ။ သူမက အလွန်ယုံကြည်မှု ရှိနေပုံရသည်။

"ဒီလိုဆိုတော့လည်း ငါ အဲ့ဒီဝတ်စုံကို စမ်းဝတ်ကြည့်မယ်"သခင်မကျင်းက ရုတ်​တရက်​ စကား​ပြောလာသည်​။ သူမက ယင်းဟုန်ကို အဝတ်အစားတွေ ယူလာဖို့ ပြောကာ အခန်းထဲသို့ ဝင်သွားသည်။

ယင်းဟုန်က မခံမရပ်နိုင်တဲ့ လေသံဖြင့်
"သခင်မ၊ သခင်မက ဒီကလေးမလေးကို သဘောကောင်းလွန်နေပြီ။ စီရင်စုဘုရင်ခံဇနီးရဲ့ ဧည့်ခံပွဲက အရမ်းအရေးကြီးတဲ့ပွဲပါ"

"ဒီဝတ်စုံကို လွယ်လွယ်နဲ့ လုပ်ခဲ့တာ မဟုတ်ဘူး။ ငါက ဝတ်စုံကို စမ်းဝတ်ကြည့်ရုံပဲ။ ငါဘာမှ ဆုံးရှုံးသွားတာမျိုးလည်း မဟုတ်ဘူး။ မင်းဘာလို့ စကား တအားများနေရတာလဲ?.."သခင်မကျင်း၏ မျက်နှာပေါ်တွင်မူ ထူးဆန်းတဲ့ အမူအရာမျိုး ရှိနေ၏။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now