အပိုင်း ၇/အပိုင္း ၇

2.8K 269 0
                                    

Unicode

"ယောင်အာ၊ ယောင်အာ၊ မကြောက်နဲ့ အမေ ဒီမှာရှိတယ် အမေက သမီးဘေးမှာပဲ အမြဲရှိနေမှာ"

စုချင်က မုယွမ်ယောင်​ရဲ့ ဒဏ်ရာတွေကို စိုးရိမ်နေမိတာကြောင့် သူမကို ကြည့်ဖို့ရန် အခန်းထဲ ဝင်လာရာ၌ မုယွမ်ယောင်​၏ ခန္ဓာကိုယ်လေးက ဘောလုံးသဖွယ် ကွေးနေပြီး သူမမျက်နှာတစ်ခုလုံး မျက်ရည်တွေ စိုရွှဲနေတာကို တွေ့လိုက်ရသည်။

မုယွမ်ယောင်က သူ့မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ စုချင်ကို မြင်လိုက်ရတာကြောင့် ပြုံးပြလိုက်ပြီး

"အမေ ဘာဖြစ်လို့လဲ"

"ယောင်အာရဲ့ ဒဏ်ရာတွေက နာနေလို့လား အဲ့ဒါကြောင့် ယောင်အာက ငိုနေတာလား"

စုချင်က စိုးရိမ်တကြီး မေးလာသည်။

မုယွမ်ယောင် သူမမျက်နှာကိုသူမ ထိကြည့်မိသည့်အခါ တကယ်ပဲ မျက်ရည်တွေ စိုရွှဲနေတာကို တွေ့လိုက်ရသည်။

"မနာပါဘူး ဒီတိုင်း သမီး အဖေ့ကို အိပ်မက်မက်လို့ပါ"

သူမ စကားလမ်းကြောင်း လွှဲလိုက်သည်။ သူမ​ရဲ့ ယုတ္တိမတန်သော အတိတ်အကြောင်း သူမကို ပြောမပြချင်မိပေ။ သူမရဲ့ မှောင်မည်းအေးစက်လှသော မှတ်ဉာဏ်တွေနှင့် သူမကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုပေ။

သူမအရင်ဘဝတုန်းက သူမအဖေဟာ မတော်တဆမှုတစ်ခုကြောင့် သေဆုံးခဲ့သွားသည်ဟုသာ ယူဆခဲ့သည်။ သူမ ထိုကိစ္စနှင့်ပတ်သက်ပြီး ဘယ်တုန်းကမှ နက်နက်နဲနဲ မတွေးကြည့်ခဲ့ဖူးပေမဲ့ ယခု သူမ ထိုအကြောင်း ပြန်လည် တွေးတောကြည့်တော့ သူသေဆုံးခဲ့ရသည့် အကြောင်းအရင်းက လုံးဝ ပုံမှန် မဟုတ်ခဲ့။ သူမအဖေက ဆောင်းရာသီမှာ ရေနစ်သေဆုံးခဲ့သည်ဟု ဆိုကြပေမယ့် ဆောင်းရာသီအချိန်က ရေတွေ အေးခဲနေတာကြောင့် သူမအဖေက မြစ်မှာ ဘယ်လိုအလုပ်ကိစ္စမျိုး ရှိမှာတဲ့လဲ။ ထို့နောက် မကြာခင်မှာပင် သူမနှင့် သူမအမေက ကျန်းအိမ်တော်ဆီသို့ ရောင်းစားခြင်း ခံလိုက်ရသည်။ သူမအမေ သေဆုံးသွားကာ သူမခြေထောက်ကျိုး၍ ဂုဏ်သိက္ခာ ဖျက်ဆီးခံရပြီး နောက်မှာမှ စုမိသားစုက ရောက်ရှိလာခဲ့သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now