အပိုင်း ၈၄ / အပိုင္း ၈၄

2.1K 238 10
                                    

Unicode

ထိုရလဒ်နှင့်အတူ အမျိုးသမီးထုကြီးက နီယွင်ကို အားတက်သရော ဝန်းရံလာကြသည်။ သူတို့တွေက ထူးထူးခြားခြား လှပမနေဘူးဆိုရင်တောင် အဲ့ဒါက အရေးမကြီးလှပေ။

ယခုအချိန် ဆိုင်ရဲ့အပြင်ဘက်မှာ မရေတွက်နိုင်တဲ့ လူတွေက လက်ထဲမှာ ငွေစကိုယ်စီကိုင်ပြီး တန်းစီနေကြသည်။ မုယွမ်ယောင် နောက်ထပ် စာအုပ်လုပ်ဖို့ ဆုံးဖြတ်တဲ့အခါကျရင် သူတို့တွေလည်း စာအုပ်ထဲ ပါလာချင်တယ်ဆိုပြီး မျှော်လင့်နေကြသည်။ ငွေဘယ်လောက်ကုန်ကျပါစေဒီလိုစတေးမှုမျိုးကို လုပ်ချင်နေကြသည်။

သခင်မချီကို ကြည့်လိုက်လေ။ အခုဆို လူတွေက သူမကို စံပြပုဂ္ဂိုလ်အဖြစ် လေးစားနေကြပြီ။ သူမရဲ့ အံ့ဖွယ်ကောင်းတဲ့ ဂုဏ်သတင်းက ငွေနဲ့ဝယ်ယူလို့မရနိုင်တဲ့ အရာပင်။

ချောင်အိမ်တော်မှာတော့ မုယွမ်ယောင်က ရေနွေးပန်းကန်ကို လက်ထဲမှာ အုပ်ကိုင်ထားပြီး သက်ပြင်းချလိုက်သည်။

“သခင်မနဲ့ ဒီမှာရှိနေရတာ သိပ်အေးချမ်းတာပဲ”

အလုံးစုံ ဂရုစိုက်ပေးမှုတွေနဲ့ သခင်မကျင်းက အရင်ထက် အများကြီး ပိုပြီး ရွှင်လန်းလာသည်။ သူမအသားရည် ပိုမိုစိုပြေလာကာ မျက်လုံးတွေမှာလည်း နူးညံ့တဲ့ဓာတ်လေး ရှိလာသည်။

“ဒီနေရာကပုန်းလို့ကောင်းတယ်ဆိုပြီး အေးချမ်းနေတာမလား? အခု ငါ့ကို လူဘယ်နှယောက်လောက် အပြစ်ပြောနေမယ်မသိ”

လတ်တလော ဖြစ်ပျက်သွားခဲ့တဲ့ အရာတွေဟာ ထူးဆန်းစရာကောင်းအောင် သိသာလှသည်။ ဘာတွေဖြစ်နေတယ်ဆိုတာ မသိသူ မရှိသလောက်ပင်။ မုယွမ်ယောင်ရဲ့ ထိုစာအုပ်က နီယွင် အလှမယ်စာအုပ်ဆိုတဲ့ ခေါင်းစဉ်တချို့ကို ရရှိနေသည်။ နောက်ခံ အသိုင်းအဝိုင်းပေါင်းစုံက လူတွေက စာအုပ်ကို ရနိုင်ဖို့ ကြိုးစားနေကြသည်။ စာအုပ်ငယ်ကို လက်ဝယ်ရရှိပြီဆိုလျှင် စာမျက်နှာတိုင်းစီကို သေချာဂရုတစိုက် ကြည့်ကာ သူတို့ပါလာမလားဆိုပြီး ရှာကြသည်။ သူတို့ပုံကို တွေ့လျှင် ချက်ချင်းပဲ လူလွှတ်ကာ နီယွင်ရဲ့ ဝင်ပေါက်မှာ သွားစောင့်ခိုင်းသည်။ ဆိုင်ဖွင့်ပြီဆိုတာနဲ့ ထိုလူတွေက အဲ့ဒီနေ့မှာ မုယွမ်ယောင် ဘယ်ဝတ်စုံကို ရောင်းမလဲဆိုတာ စုံစမ်းမေးမြန်းကြသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now