အခန်း ၉၈
ညအချိန်သို့ ရောက်ခဲ့ပြီ။ ကြယ်တွေကို သိပ်မမြင်ရပေမယ့် လရောင်ကတော့ ဝမ်ဖန်းစားသောက်ဆိုင်ရှေ့က ကန်ရေပြင်ထက်မှာ တောက်တောက်ပပ ထိန်လင်းလို့နေသည်။
မုယွမ်ယောင်ခေါင်းမော့ပြီး ထိန်ထိန်သာနေတဲ့ လကို ငေးကြည့်လိုက်သည်။ သူမ ရုတ်တရက် စုချင်ကို တွေးမိသွား၏။ အခု အမေဘာများလုပ်နေမလဲ? တစ်ယောက်တည်း အထီးများကျန်နေမလား? လရောင်ခြယ်ဆိုင်ရဲ့အကွက်က ထင်သလောက် ရှိန်စရာမဟုတ်မှန်းသာ သိခဲ့ရင် ဆင်ခြေတစ်ခုရှာပြီး ဒီစားသောက်ပွဲကို မလာဘဲ သူမအမေကိုပဲ အဖော်ပြုပေးခဲ့ပါတယ်။
သူမဘေးကို ကြည့်လိုက်တဲ့အခါ အားလုံးက အပ်ချုပ်တဲ့အပေါ်ပဲ အာရုံစိုက်နေကြတာကြောင့် သူမလည်း သူတို့နဲ့အတူ သူမရဲ့ ကိုယ်ပိုင်အပ်ချုပ်ခြင်းအမှုကို စလိုက်သည်။
ဝမ်ဖန်းစားသောက်ဆိုင်ရဲ့ အောက်ဆုံးထပ်မှာ ကလေးငယ်တွေက ကလေးသီချင်းတစ်ပုဒ် သီဆိုနေကြလေ၏။
'လက်မြန်သူ ဖြစ်ပါစေ
မျက်နှာလှသူ ဖြစ်ပါစေ
နှလုံးသားလှသူ ဖြစ်ပါစေ
ဖေဖေနဲ့မေမေ အသက်ရာကျော်ရှည်ပါစေ
ရှစ်မေ့လေး အသက်သန်းချီရှည်ပါစေသား'မုယွမ်ယောင် လက်ထဲမှာ အပ်ကိုင်ထားလျက်သား ကောင်းကင်ယံဆီ ငေးကြည့်မိပြန်သည်။ သူမစိတ်ထဲ အတွေးပေါင်းစုံနှင့် ပြည့်နှက်နေ၏။ သူမကို နောက်ထပ် ဘဝတစ်ခုပေးခဲ့ပြီး သူမအမေနဲ့ နေခွင့်ပြုခဲ့တဲ့အတွက် မိုးနတ်မင်းကြီးကို အတိုင်းမသိ ကျေးဇူးတင်မိသည်။ သူမအမေ ကျန်းကျန်းမာမာနဲ့ နှစ်တစ်ရာအထိ နေနိုင်ရင်ဖို့ကလွဲရင် သူမ ဘာကိုမှ မတောင်းဆိုလိုပါ။
သူမ ငေးငိုင်နေတုန်း အော်သံတစ်ခု ရုတ်တရက် ကြားလိုက်ရသည်။
"ဟိုမှာကြည့်လိုက်! ပိုးစုန်းကြူးတွေ!"
"အများကြီးပဲ!"
မုယွမ်ယောင် တစ်ချက်ပြုံးမိလိုက်သည်။ သူမ သခင်မကျင်းကို လှမ်းကြည့်လိုက်တဲ့အခါ သူမနဲ့ သိပ်မဝေးတာကြောင့် အနားကို လျှောက်သွားလိုက်သည်။
"သခင်မ၊ ခုနက တစ်ယောက်ယောက် ရွတ်ဆိုသွားတဲ့ ကဗျာတစ်ပုဒ်ထဲမှာ ပါတယ်မလား။ ငွေရောင်ယပ်တောင်က ပိုးစုန်းကြူးတွေကို ဆွဲဆောင်နိုင်ဆိုပြီးလေ။ အဲ့ယပ်တောင်ကို ဖော်ကြူးထားတဲ့ပုံက သခင်မရဲ့ ယပ်တောင်နဲ့ တကယ်တူတယ်"
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...