အပိုင်း ၁၃၃ / အပိုင္း ၁၃၃

1.4K 152 2
                                    

Unicode

အပိုင်း ၁၃၃ - တရားမျှတမှုရှာပေးပါ

သခင်မကျင်းပြောတာကြားတော့ သူမ ခေါ်လာတဲ့လူတွေက ချက်ချင်းလူစုခွဲသွားပြီး မကြာခင်မှာပဲ သမားတော်တွေကို ခေါ်လာကြသည်။

ထိုသမားတော်တွေက ကျင်းလင်မြို့တွင် နာမည်ကြီးကြမှန်း လူအုပ်ကြီးလည်း သိသည်။ အချိန်အတိုင်းအတာတစ်ခုအထိ လူတိုင်းက အတော်လေး အံ့အားသင့်သွားကြသည်။

သခင်မကြီးတင်း၏မျက်နှာက သွေးမရှိတော့သလို ဖြူဖျော့သွားသည်။ သူမက သခင်မကျင်းကို သနားခံသောအကြည့်ဖြင့် ကြည့်လာသည်။

"သခင်မ ကျွန်မတို့မိသားစုကလည်း ကျင်းလင်မြို့မှာ နာမည်တစ်လုံးနဲ့နေတာပါ။ သခင်မရဲ့လုပ်ရပ်က ကျွန်မတို့မျက်နှာကို စုတ်ဖြဲပြီး နင်းခြေနေတာပဲ မဟုတ်လား"

သခင်မကျင်းက ခွင့်လွှတ်ညှာတာမှု မပေးခဲ့ပေ။

"မိန်းကလေးမုကကြင်နာတတ်ပြီး ကျင်းလင်မြို့ကအမျိုးသမီးတွေကို လက်ပန်းထိုးနည်းတွေ သင်ကြားပေးလိုစိတ်ရှိတယ်။ သူမ လုပ်နေတာက ကျွန်မတို့ ကျင်းလင်မြို့တစ်ခုလုံးအတွက် အကျိုးရှိစေတဲ့အရာပဲ။ ရှင်က နီယွင်ဖန်းရဲ့တံခါးဝမှာ လာဆူညံပြီး သူမရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးနေတယ်။ ဒါကျ သူမျက်နှာကို လာဖျက်စီးနင်းခြေနေတာ မဟုတ်ဘူးလား.."

သခင်မကြီးတင်းက မယုံနိုင်လောက်အောင် ဖြစ်နေသည်။ သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ တင်းမိသားစုက ချည်ထိုးဆိုင်ဖွင့်ထားတဲ့ ငယ်ရွယ်တဲ့ မိန်းကလေးထက်တောင် မသာလွန်တော့ဘူး။

"သခင်မ ၊ မုယွမ်ယောင်က ကျွန်မသမီးကို ပထမဆုံး လှည့်ဖြားပြီး ရွှမ်အိမ်‌တော်သခင်ကို ထားခဲ့ဖို့ တွန်းအားပေးခဲ့တယ်၊ သူမရဲ့ မိဘတွေကိုတောင် အသိအမှတ်မပြုဖို့နဲ့ သားသမီးဝတ္တရားကို လျစ်လျူရှုဖို့ လှည့်စားခဲ့တာလည်း မုယွမ်ယောင်ပဲ။ ကျွန်မက အမျိုးသမီးတွေကို ဒီလိုဒုက္ခမဖြစ်အောင် တားဖို့ သူရဲ့ မျက်နှာ အစစ်အမှန်ကို ဖော်ထုတ်ချင်ရုံလေးပါပဲ.."

"တင်းလောင်ဖုရန်၊ တင်းမိသားစုကို အသရေဖျက်ချင်တာ ရှင်ကိုယ်တိုင်လို့ ထင်တာပဲ။ လူတွေကိုမသိစေချင်ရင် ဘာမှမလုပ်ဘဲနေလိုက်…ဒါဆို ဘယ်သူမှ သိမှာမဟုတ်ဘူး။ သူမ ထွက်ခွာချင်တဲ့ အကြောင်းအရင်းကို ကျွန်မတို့ထက် ရှင့်စိတ်နှလုံးသားထဲက ပိုသိမှာပဲ။ ကျွန်မက လူအများရှေ့မှာ ထုတ်ပြောဖို့ မလိုအပ်တာမို့ ရှင်နဲ့ရွှမ်ဖုတို့ စိတ်အေးလက်အေး နေနိုင်ပါတယ်.."   

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now