Chapter 84

12K 1.6K 10
                                    

C-84 Breakthrough to the second level.

အပြန်လမ်းတွင် You XiaoMo ဆေးဝိဇ္ဇာခန်းမတွင် ရပ်ကာ ဆေးကြိုအိုး အသစ်တစ်အိုးနှင့် အတူ မှော်ဆေးပင် အပင်သုံးရာကိုလဲ ယူခဲ့သည်။

ဆေးကြိုအိုး အသစ်က ယခင်တစ်ခုထက်တော့ တော်တော်လေး ကောင်းသည်။ သို့သော် အရည်အသွေးက နိမ့်သေးတာကြောင့် You XiaoMoက ပိုကောင်းသော အသစ်တစ်ခု ဝယ်ရန် ဆိုသော အကြံကို လက်မလျော့သေး။ အခု လက်ရှိတော့ ဒီဆေးကြိုအိုးကို သုံးပြီး ဆေးဖော်နိုင်ပါသေးသည်။

သူ ဝယ်မည့် ဆေးကြိုအိုးကိုတော့ အခြားသူများ၏ အရှေ့တွင် ပြလို့ မဖြစ် မဟုတ်လျှင် ပိုက်ဆံက ဘယ်နားကနေ ရသလဲ ဆိုတာကို လူတိုင်းက သေချာပေါက် မေးလိမ့်မည်။ ဒီပိုက်ဆံတွေက သူ မှော်ဆေးလုံးများ ရောင်းရာမှ ရသော ငွေဟု သူရှင်းပြနိုင်သော်လည်း အဆင့်နိမ့် မှော်ဆေးလုံးများက ရောင်းချရာတွင် ငွေသိပ်မရမှန်း လူတိုင်းက သိနေကြသည်။ သူကလည်း ဆေးကြိုအိုးအတွက်နှင့် တော့ သူ့လျှို့ဝှက်ချက်များကို အခြားသူများ၏ အရှေ့တွင် မဖော်ပြချင်။

မြေကမ္ဘာတောင်ထွတ်သို့ ပြန်ရောက်သော အခါတွင်မူ အခုတော့ အချိန်တွေက သူ့အတွက်သာ ဖြစ်သွားပြီ။

You XiaoMo က သူ့ဘာသာသူ သူ့အခန်းထဲတွင် ပိတ်နှောင်ကာ သူယူလာသော မှော်ဆေးပင်များကို သုံးပြီးတော့ ပထမဆုံး မှော်ဆေးလုံး တစ်လုံး စမ်းဖော်ကြည့်သည်။ ဆေးကြိုအိုးကို သူ့ဝိဥာဏ်ခွန်အား စတင်မိတ်ဆက်လိုက်သည့် အချိန်တွင် ယခင် ဆေးကြိုအိုးထက် ပိုပြီး ချောမွေ့ လွယ်ကူမှန်း ခံစားမိတော့သည်။ သူက အရင်လို မှော်ဆေးကြိုအိုး က ဝိဥာဏ်ခွန်အား အများကြီး လက်မခံနိုင်ပဲ ပေါက်ကွဲသွားမှာကို ပူနေစရာ မလိုတော့။

အဲဒါကို သိသွားတော့ You XiaoMo က ငါးနာရီဆိုသော အချိန်အတွင်းတွင် မှော်ဆေးလုံး တစ်ရာကို တစ်ထိုင်တည်း ဖော်စပ်လိုက်သည်။ သူ့အလျင်က အရင်ကထက် များစွာ သာလွန်ပေသည်။ ဒီအချိန်အတွင်းတွင် မှော်ရေကို သုံးပြီး သူ့ကိုယ်သူ ပြန်လည် လန်းဆန်းလာအောင် တစ်ကြိမ်သာ လုပ်ရသည်။ အဲဒိ အဓိပ္ပါယ်က သူ့ရဲ့ လက်ရှိ ဝိဥာဏ်ခွန်အားက တစ်ထိုင်တည်းတွင် မှော်ဆေးလုံး အလုံးငါးဆယ် ဖော်ရန် ဝိဥာဏ်ခွန်အား လုံလောက်သည်ဟု ဆိုနိုင်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now