Chapter 94

10.3K 1.5K 6
                                    

C-94 Assessment (I)

အဲဒိနောက်တွင် You XiaoMo ကျန်ရှိသော နှစ်ရက်ကို သုံးကာ မှော်ဆေးလုံး အလုံးသုံးဆယ် ဖော်လိုက်သည်။

မှော်ဆေးပင်များ၏ အရည်အသွေးက အလွန်နိမ့်သော်လည်း You XiaoMo အတွက် လုံးလုံး မသုံးမဝင် တာတော့ မဟုတ်။ အရည်အသွေး နိမ့်သောကြောင့် မှော်ဆေးပင်များတွင် အညစ်အကြေး များစွာ ပါဝင်သည်။ You XiaoMo က အဲဒိအချက်ကို သုံးကာ အဆင့်နှစ်မှော်ဆေးပင်များအတွက် သူ့ရဲ့ ပေါင်းခံသန့်စင်မှု စွမ်းရည် ကို လေ့ကျင့်လေသည်။

နှစ်ရက်တာ လက်တွေ့စမ်းသပ်မှု အပြီးတွင် သူက မှော်ဆေးပင်များကို သုံးလေးကြိမ်သာ အများဆုံး ပေါင်းခံ သန့်စင်နိုင်ကြောင်း သူသိသွားတော့သည်။ ထို အရေအတွက်က အခြားသော မှော်ဆရာများအတွက် ဆိုလျှင် တော့ အရမ်းမြင့်နေပြီဟု မှတ်ယူနိုင်သည်။ အဘယ့်ကြောင့် ဆိုသော် သာမာန်မှော်ဆရာများက အဆင့်နှစ် မှော်ဆေးပင်များကို တစ်ကြိမ် နှစ်ကြိမ်သာ သန့်စင်နိုင်ကာ အဲဒိထက်တော့ မပိုပေ။ ပြီးတော့ မှော်ဆေးပင် များ၏ အရည်အသွေးကလည်း သိပ်မမြင့်သောကြောင့် မှော်ဆေးလုံးများကလည်း နိမ့်ကျသည်ဟုသာ မှတ်ယူဆ နိုင်မှာ ဖြစ်သည်။ ပြီးတော့ ထိခိုက်နိုင်စွမ်းက သုံးဆယ့်ငါးရာခိုင်နှုန်း ရှိသည်။

ပေါင်းခံခြင်း အဆင့်ဆင့်ပြီးနောက်မှာ You XiaoMo က အဆင့်နှစ်မှော်ဆေးလုံးများ၏ အန္တရာယ်ကို လျော့ချ နိုင်သွားသည်။ သူက အရည်အသွေးနိမ့်သော အဆင့်နှစ်မှော်ဆေးလုံးများ၏ အန္တရာယ် ဖြစ်နိုင်စွမ်းကို ဆယ့်ငါး ရာခိုင်နှုန်းအထိ လျော့ချလိုက်သည်။ အဲဒါက သူအရင်က ဖော်ဖူးသော အရည်အသွေးမြင့် မှော်ဆေးလုံးများနှင့် မယှဉ်နိုင်သော်လည်း အဲဒါက တော်တော်လေး ကောင်းသည်ဟု ယူဆနိုင်နေပြီ။ လူအချို့ ဆိုလျှင် ဆင်းရဲ လွန်း၍ အဆင့်မြင့် မှော်ဆေးလုံး တစ်လုံးတောင် သူတို့ တစ်ဘဝလုံး စုဆောင်းထားတာနှင့် မဝယ်ယူနိုင်ပေ။

စိတ်ခံစားချက်များနှင့် သက်ပြင်းချပြီးနောက် You XiaoMo က သူ့အခန်းထဲတွင် မှော်ဆေးလုံး ဖော်စပ်ခြင်းဖြင့် ပုန်းအောင်းမနေတော့။ ကျန်ရှိသော ရက်အတွက်တော့ သူက သူ့အခန်းနားချင်း ဂိုဏ်းသားများကို စကားပြောဆိုကာ သူတို့ ဆီက အရေးပါသော အချက်အလက်များများ ရရှိ သင်ယူဖို့ စတင်လိုက်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now