Chapter 134 It's finally his turn.( Z & U )

10K 1.5K 5
                                    

Zwwgyi
C-134 It's finally his turn.

အခန်း ၁၃၄ နောက်ဆုံးတော့ သူ့အလှည့်ပေါ့။
You XiaoMo '……..´
မှော်ရေက တန်ဖိုးရှိတာ သူသိပေမယ့် သူ့ချိုးရေကို တော့ သူမသောက်နိုင်ပေ။ အထူးသဖြင့် တစ်ချက်ကြည့်လိုက်တာနဲ့ ဒါက ညစ်ပတ်နေသော မှော်ရေဆိုတာ အရမ်းသေချာကြီး ပြောနိုင်တဲ့အချိန်မှာပေါ့။
You XiaoMo ကတော့ မှော်ဝင်သားရဲလေးကို သန့်ရှင်းသပ်ရပ်အောင် သင်ပေးဖို့လိုသည်ဟု ခံစားမိသည်။
သို့သော် သွေးပြာဝံပုလွေမှာ လိုက်လျောညီထွေ နေတတ်ရန်အတွက် အလွန်ကြံ့ခိုင်တဲ့ စွမ်းရည် ရှိသည်။ မွေးတာ တစ်နာရီတောင် မရှိသေးခင်မှာတင် မှော်ဝင်သားရဲလေးက သူ့ဘာသာသူ ပြေးလွှားခုန်ပေါက်နိုင်နေပြီ ဖြစ်သည်။ ဘာလုပ်ရတာ ကြိုက်သလဲလို့ပြောရ ရင်တော့ သူ့နယ်မြေကို သတ်မှတ်ဖို့ ကြိုးစားနေသလို You XiaoMo အနားမှာ ပတ်ပြေးနေတတ်တာပဲဖြစ်သည်။ You XiaoMo သွားသမျှ လိုက်ကာ သူ့နယ်မြေအဖြစ်နေသည်။
ဒါက You XiaoMo ဘာမှလုပ်စရာမရှိတဲ့အချိန်မှာ အဆင်ပြေသည်။ သို့သော် သူတစ်ခုခု လုပ်ချင်တဲ့အချိန်မှာတော့ မှော်ဝင်သားရဲလေးက သူ့ဘောင်းဘီကို သေတဲ့အထိ ခဲကာ သူ့ကို သွားခွင့်မပေးပေ။ သို့သော် သူမွေးလာတာ က တစ်ရက်တောင် မရှိသေးတာမို့ မှော်ဝင်သားရဲလေးက You XiaoMo ကို ရွေ့အောင်လုပ်ဖို့ အင်အားလုံလုံလောက်လောက် မရှိပေ။ အဲဒိအစား You XiaoMo သွားလေရာ တရွတ်တိုက်ပါလာတော့သည်။
You XiaoMo ထပ်ပြီး သည်းမခံနိုင်တော့သည်အထိ အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်လေသည်။ သူ အဲဒါလေးကို ကောက်ယူပြီး ကြိုးတစ်ချောင်းနှင့် သူ့ကျောမှာ ကလေးလေး ချီထားသလို သူ့အလုပ်လုပ်နေသမျှတစ်ချိန်လုံး ချည်ထားလိုက်ရသည်။
နာရီအနည်းငယ်ကြာသောအခါ You XiaoMo သက်သာစွာနှင့် သက်မချကာ နယ်မြေထဲက ထွက်ခွာခဲ့သည်။ မှော်ဝင်သားရဲလေးက အရမ်းချွဲတတ်မယ်လို့ သူမထင်ထားတာပေ။ သူ့ကို အပြင်ထုတ်လို့ မရတာ အတော်ဆိုးသည်။ အခြားသူတွေသာ သိသွားလျှင် ဒုက္ခရောက်သွားနိုင်သည်။
သို့သော် You XiaoMo က အဲဒိဟာလေး နယ်မြေထဲမှာ သွေးရူးသွေးတန်းနှင့် ခုန်ပေါက် ပြေးလွှားကာ မှော်ဆေးပင်စိုက်ခင်းကို တက်နင်းမှာလဲ ပူရသေးသည်။ ထို့ကြောင့် သူ့ကို သစ်သားတဲလေးထဲမှာသာ သော့ခတ်ထားခဲ့ရသည်။ အထဲက ပစ္စည်းတွေကိုလဲ လျှောက်မထိဖို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့ရသေးသည်။ သူပြောတာကို နားလည်သလား တောင် ဂရုမစိုက်နိုင်ပဲ ပြောပြီးတာနဲ့ နယ်မြေထဲက ထွက်ခဲ့တော့သည်။
မှော်ဝင်သားရဲလေး မွေးဖွားတာ You XiaoMo က ဒီသတင်းကောင်းကို မျှဝေဖို့အတွက် တစ်ယောက်ယောက်ကို တကယ်ကြီးရှာချင်နေတာဖြစ်သည် သို့သော် Ling Xiao က လွဲရင် အခြားသူများလဲ မရှိ ဒီတော့ သူ့ဆီ Ling Xiao လာရှာမှာကိုသာ စောင့်ရန်သာ ရှိသည်။
ဒီနေ့တော့ လုပ်နေကြလိုမျိုး သူ့ကိုသူ အခန်းတံခါးပိတ်ကာ မှော်ဆေးလုံး မဖော်တော့ပဲ အဲဒိအစား ဆေးဝိဇ္ဇာခန်းမဘက် ကို သူလှည့်လိုက်သည်။
သူ နောက်ဆုံးအကြိမ် အဆင့်နှစ်မှော်ဆေးပင်သွားယူခဲ့တာ တစ်လတောင် ကျော်သွား ခဲ့ပြီဖြစ်သည်။ သူအဆင့်နှစ် မှော်ဆေးပင်တွေ ထပ်မလိုတော့ပေမယ့်လဲ သူဆက်လက်လုပ်ဆောင်ဖို့ လိုအပ်နေသေးသည်။ သူက အခု အဆင့်သုံးမှော်ဆရာ ဖြစ်နေပေမယ့် အခုချိန်မှာတော့ အခြားသူတွေပြောပြဖို့ အစီအစဉ်မရှိသေးပေ။
ဆေးဝိဇ္ဇာခန်းမကို ရောက်တော့ You XiaoMo Zhao DaZhou ကို မတွေ့။ ဆေးဝိဇ္ဇာခန်းမကို စောင့်ကြပ်နေတဲ့ပုဂ္ဂိုလ်က ဦးလေးZhao ပြန်ဖြစ်သွားသည်။ သူက ကောင်တာမှာ တရားထိုင်နေသော ဘုန်းကြီးအိုကြီးလို ထိုင်နေသည်။ သူတို့ရဲ့ စရိုက်တွေကို ကြည့်လျှင် ဒီအဖေနှင့် သား က အများကြီးတော့ မတူပေ။
Zhao Zhen က You XiaoMo တံခါးဖွင့်လိုက်တည်းက မြင်သည်။ အပြုံးနုနုလေးတစ်ခုက သူ့ရဲ့စိတ်မ၀င်စားတဲ့ မျက်လုံးတစ်စုံမှာ ဖြတ်ခနဲ ပေါ်လာသည်။
ပြောရမယ်ဆိုရင် Zhao Zen က You XiaoMo အပေါ် မတင်မကျစိတ်က အမြဲရှိသည်။ You XiaoMo ကို အထင်သေးကြည့်နှင့် ကြည့်သော သူများနှင့်တော့ မတူပေ။ အနည်းဆုံးတော့ သူက You XiaoMo အပေါ် မည်သည့်သဘောထားကိုမျှ ပြသလေ့မရှိ။ ဒီတော့ တစ်ခါတစ်လေ မမြင်ချင်ယောင် ဆောင်ပေးလိုက်တာတွေတောင် ရှိသည်။
Zhao Zhen က You XiaoMo အပေါ် ကြင်နာတဲ့မျက်နှာပြတဲ့ ပထမဆုံးသောသူမဟုတ်ပေမယ့် You XiaoMo ကို ခံစားချက်ကောင်းများပေးတတ်တဲ့ လူနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။
Zhoa Zen က သူ့ဘက်က စပြီး စကားပြောလာတာရဲ့ အကြောင်းပြချက်ကတော့ Zhao DaZhou ဆီက သူတို့နှစ်ယောက်ကြားက ကိစ္စတွေ ပြန်ကြားတာကြောင့် ဖြစ်နိုင်သည်။
'မင်း ဒီမှာ ရှိတာကောင်းတယ်။ မင်း မှော်ဆေးပင်တွေ ၀ယ်ဖို့အတွက် မှော်ဆေးလုံးတွေ ရောင်းရတယ်လို့ Zhou-r ဆီက ကြားတယ်။ လုံလောက်ရဲ့လား?´
You XiaoMo ခဏလောက် တုန့်ဆိုင်းပြီးမှ သူ့ခေါင်းကို ထပ်ခါထပ်ခါ ညိမ့်ပြလိုက်သည်။ ပြီးတာနဲ့ ရှက်ကာ သူ့ခေါင်းသူပြန်ပွတ်တော့သည်။ သူအမှန်မှ မပြောနိုင်ပဲဟာ ဒီလိုပဲ ထားရတော့မယ်။
Zhao Zhen ကလဲ သူဘယ်လောက် လိုသလဲလို့ မမေးပေ။ အဲဒိအစား သူ့ကို အလွယ်တကူပဲ နှစ်လစာ ပေးလိုက်သည်။ You XiaoMo ကို အရင်က ပြောဖူးတဲ့ စည်းကမ်းများနှင့် ဆန့်ကျင်နေသည်။ ဒီတော့ You XiaoMo က အဲဒိပမာဏကို မြင်တာနဲ့ သူ့မျက်လုံးထဲက အံ့သြနေမှု မဖုံးကွယ်နိုင်။
'ဦးလေးZhao ပမာဏအမှားကြီး ရေးလိုက်တာလား? ဒါက တစ်လစာ နှစ်လစာ မဟုတ်ဘူး?
You XiaoMo ဖောင်ပေါ်က မှော်ဆေးပင်ပမာဏကို တအံ့တသြကြည့်လိုက်သည်။ နှစ်လစာ အပြည့် ရိုးတံပေါင်း တစ်ထောင်ရှစ်ရာ ။ ဒီပမာဏက တကယ်ကြီး မနည်းပေ။
'မမှားပါဘူး။ ငါမင်းကို Zhou-r နဲ့ပတ်သတ်ပြီး ကျေးဇူးတင်ဖို့ ရှိသေးတယ်။ မင်းထောက်ပြတဲ့အချက်တွေကို နားထောင်ပြီးကတည်းက ငါသူ့ကို လုပ်ဖို့ပေးတဲ့ အလုပ်တွေ အောင်မြင်နှုန်းက က ပိုပိုပြီးတော့ ထူးထူးချွန်ချွန်ကို ဖြစ်လာတယ်။ သိပ်မကြာခင် သူအဆင့် လေးမှော်ဆရာဖြစ်လိမ့်မယ်လို့ယုံကြည်တယ်´
သူ့သားအကြောင်းပြောနေတုန်းမှာ Zhao Zhen၏မျက်နှာပေါ်က အရေးအကြောင်းများက ပိုပိုပြီး ပျော့ပြောင်းလာသည်။
You XiaoMo က တော့ အဲဒါက အကြောင်းပြချက်ဖြစ်လိမ့်မည်ဟု အကြမ်းဖြင်းခန့်မှန်းလိုက်သည်။ သို့သော် သူကတော့ လက်မခံရဲ 'ဦးလေး တကယ်တော့ အဲဒါက ပဉ္စမအစ်ကိုရဲ့ ကြိုးစားမှုနဲ့ နားလည်မှုကြောင့်ပါ။ ကျွန်တော်နဲ့ အများကြီးမသက်ဆိုင်ပါဘူး ဒါပေမယ့် နှစ်လစာကတော့ အရမ်းများလွန်းတယ် ပြီးတော့ ဆေးဝိဇ္ဇာခန်းမရဲ့ စည်းမျဉ်းတွေနဲ့ထဲမှာလဲမဟုတ်ဘူးလေ။ ကျွန်တော့ကို ချွင်းချက်ဆိုပြီး လုပ်လိုက်ရင် အခြားသူတွေကို သိမ်းသင်းဖို့ ခက်သွားလိမ့်မယ်။ အခြားဂိုဏ်းသားတွေ သိသွားရင်လဲ ပျော်မှာ မဟုတ်ဘူး´
ဦးလေးZhao ကို သူ့ကြောင့် အပြစ်ပေးခံရမှာ သူမလိုချေ။ ပြီးတော့ အခုလဲ သူမှ မလိုအပ်ပဲ။
'မင်းမပြောသရွေ့ ဘယ်သူမှ မသိဘူး။ လကုန်လို့ ပစ္စည်းလက်ကျန်လို့ စစ်တာကိုလဲ  မင်းပူစရာ မလိုပါဘူး´
Zhao Zhen က ခေါင်းခါကာ မြဲမြံစွား ပြောလိုက်သည်။ သူဒါကို Zhao DaZhou နှင့် အရင်ထဲက ရှင်းရှင်းလင်းလင်း ဆွေးနွေးထားပြီး ဖြစ်သည်။
သူ့ရဲ့ ရည်ရွယ်ချက်ကောင်းနဲ့ပေးတာကို လက်ခံဖို့က လွဲရင် You XiaoMo မှာ ရွေးချယ်စရာမရှိတော့။ သူ တစ်ထောင့်ရှစ်ရာမျှသော ဆေးပင်ရိုးတံတွေကို လက်ခံလိုက်ကာ သူ့မှော်အိတ်ထဲ  ထဲ့လိုက်သည်။ အခုတော့ သူကသာ သူတို့ကို တစ်ခုခု ပြန်ပြီး လုပ်ပေးရမယ်လို့ခံစားရသည်။ ကြည့်ရတာ နောက်ဆုံးတော့လည်း သူကပြန်ပြီး အကူအညီပေးရမယ့် အလှည့်ဖြစ်နေသည်။
Zhao Zhen ကို ကျေးဇူးတင်လို့ ပြီးတာနှင့် You XiaoMo မှော်အိတ်ယူပြီး ဆေးဝိဇ္ဇာခန်းမ မှ ထွက်ခွာခဲ့သည်။
သူ့အခန်းကို တန်းမပြန်ပဲ အဲဒိအစား စာကြည့်တိုက်ကို ဦးတည်လိုက်သည်။ သူရဲ့ ပြစ်ဒဏ် သုံးရက် က ပြီးသွားပြီ ဖြစ်သည်။ သူအခု စာကြည့်တိုက်ထဲ ပြန်ဝင်နိုင်ပြီ။
ပြစ်ဒဏ်ကြောင့် နောက်ဆုံးအခေါက်က အဆင့်မြင့်အဆင့်မှော်ဝင်သားရဲများအကြောင်း တစ်အုပ်သာ ဖတ်နိုင်ခဲ့သည်။ အဲဒိမှာ သူမဖတ်ရသေးသော အလယ်အလတ်အဆင့် မှော်ဝင်သားရဲများ အကြောင်း စာလိပ်အချို့ရှိနေသေးသည်။ ဒီတစ်ခေါက်တော့ အားလုံးပြီးအောင်ဖတ်ရန် ဆုံးဖြတ်ထားသည်။
သူစာကြည့်တိုက်ကို ရောက်ချိန်မှာ ငွေရောင်ချပ်ဝတ်အစောင့်များ လုံးဝ မရှိတော့။ သစ္စာဖောက်ကို ဖမ်းမိသွားတာကြောင့် သူတို့ ဒီမှာ အနည်းကပ် စောင့်ကြည့်စရာ မလိုတော့ တာကြောင့် ဖြစ်နိုင်သည်။
စာကြည့်တိုက်ကို စောင့်ကြပ်နေတဲ့ အကြီးအကဲSun က သူ့ကို ဘာ့ကြောင့် အခုမှ လာတာလဲ ဆိုတဲ့ အကြည့်တစ်ချက် ချက်ချင်းပေးတော့သည်။ ဖြစ်နိုင်ချေများတာကတော့ ဟိုမတော်တဆမှု ဖြစ်ပြီးတာ သုံးရက်တောင် ကျော်နေပြီလေ။ အကြီးအကဲSunက သုံးရက်ပြည့်သွားတာနဲ့ သူစာကြည့်တိုက်ကို ချက်ချင်းလာမယ်လို့ ထင်ထားတာဖြစ်သည်။
You XiaoMo ကို့ယိုကားယားနိုင်စွာနဲ့ သူနှာခေါင်းကို ပွတ်လိုက်သည်။ သူ အကြီးအကဲSun ကို ဒီရက်တွေမှာ သူ မှော်ဝင်သားရဲငယ်လေးကသာ စိုးမိုးထားတာမို့ အားလုံးကို သူမေ့နေကြောင်း ပြောပြလို့ မရပေ။
အကြီးအကဲSun ကလဲ သူ့ကို ဒီကိစ္စတွေကို တကယ်ကြီးလဲ  မမေး။ သူ့ကို တံဆိပ်ပြား အလွယ်တကူပေးကာ နောက်တစ်ကြိမ်တောင် အကြည့်ရောက်မလာတော့ပဲ သူ့ရဲ့ ထူးမခြားနား အမူအကျင့်သို့ ပြန်ပြောင်းသွားသည်။ မည်သို့ပင် ဆိုစေကာမူ ဒီအဖိုးကြီးက သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့ လူနည်းစုထဲက တစ်ယောက်ဆိုတာကိုတော့ သူခံစားသိရှိသည်။
တံဆိပ်ပြားကိုင်ပြီးတော့ You XiaoMo ဒုတိယထပ် အနောက်ဘက်အခြမ်းကို သူသွားလိုက်သည်။ အဲဒိမှာတော့ လူအတော်များများ ရှိနေတာ မြင်သည်။
သုခဘုံနယ်မြေ ပွင့်ဖို့ နီးကပ်လာတာနှင့် စာကြည့်တိုက်ကို ပြေးလာကြတဲ့သူတွေ များများလာသည်။ စာကြည့်တိုက်က တိတ်ဆိတ်သော နေရာ ဖြစ်ရမှာပေမယ့် လူတိုင်းက တိတ်ဆိတ်တော့ တိတ်ဆိတ်မနေပေ။ အခန်းထောင့်တွေမှာ ကပ်နေသည့်လူအချို့ ကတော့ တိုးတိုးတိုးတိုးနှင့် ပြောနေကြသည်။
You XiaoMo စာအုပ်စင်တွေ တစ်ခုပြီး တစ်ခုလျှာက်သွားကြည့်သည်။ မှော်ဝင်သားရဲများအကြောင်းပါသော ကျမ်းစာလိပ်များထားသည့် စာအုပ်စင်က အပြည့်ဖြစ်နေသည်။ တည်ငြိမ်ပုံဖြစ်နေတဲ့ သူ့မျက်လုံးတွေနေရာမှာ မဖုံးနိုင် မဖိနိုင်တဲ့ စိတ်လှုပ်ရှားမှုက နေရာဝင်ယူသွားသည်။ ကြည့်ရတာ သွေးရူးသွေးတန်း အချိန်က ကုန်ဆုံးသွားပြီးတော့ မှော်ဝင်သားရဲကျမ်းစာလိပ်များကို လာကြည့်ကြသူများက မများတော့ ပုံရသည်။
ဒီလိုတွေးလိုက်တာနဲ့ သူအမြန် လျှောက်သွားလိုက်သည်။ စာအုပ်စင် ဒုတိယအဆင့် ကို ချစ်ခင်ကြင်နာတဲ့ မျက်လုံးများနှင့် ကြည့်ကာ သူရှာချင်နေတာကို သာ ရှာတော့သည်။ အဆင့်နိမ့် မှော်ဝင်သားရဲများအကြောင်းက ပိုများသည်။ အားလုံးပေါင်း ခြောက်လိပ်ရှိသော်လည်း သူတစ်ခုတော့ ဖတ်ပြီးသားဖြစ်သည်။
You XiaoMo လက်ဆန့်ထုတ်ကာ အခြားစာလိပ်ငါးခုကို လှမ်းယူတော့မယ့် အချိန်မှာ သူ့ဘေးနားကနေ လက်တစ်ဖက် ချက်ချင်းပေါ်လာကာ သူယူဖို့ မှန်းထားတဲ့ အစုံလိုက်ကြီးကို ယူသွားလေသည်။
You XiaoMo ခေါင်းမော့ပြီး လက်ပိုင်ရှင်ကို ကြည့်လိုက်သည်။ သူမသိသော လူတစ်ယောက်ဖြစ်သည်။
အဆိုပါ အမျိုးသားက တာအိုဝတ်ရုံကို ၀တ်ဆင်ထားသည်။ စစ်သည်ဌာနမှ ဂိုဏ်းသားတစ်ယောက် ဖြစ်မည်။ သူကြည့်တာ မြင်တာနှင့် အဆိုပါ အမျိုးသားကစပြီး ပြုံးလေသည်။ အပြုံးက ဖော်ရွေသော အပြုံးတော့ မဟုတ်။ အဲဒိအစား  လူတစ်ယောက်၏ မနှစ်မြို့ခြင်းနှင့် ရန်လိုခြင်းကို မှားယွင်းစရာပင်မလို။
You XiaMo တစ်ခေါင်းလုံးမြူဖုံးသွားသည်။ ဒီလူကို သူသိပုံ မရ။
တကယ်တော့ ဒီလူက You XiaoMo နှင့် အကယ်ကြီး မတွေ့ဖူးပေ။ သို့သော် You XiaoMo ဘယ်သူလဲ ဆိုတာတော့ သူသိသည်။ အဘယ့်ကြောင့်ဆိုသော် သူက Li Jun၏ သူငယ်ချင်းကောင်းဖြစ်သောကြောင့်ဖြစ်သည်။
You XiaoMo၏ ပဟေဋ္ဌိဖြစ်နေသော အမူအရာကို မြင်သည်နှင့် သူကမျက်နှာပေါ်က အပြုံးက အနည်းငယ် ဖျော့သွားကာ လေသံနှင့် 'You XiaoMo မင်းကြောင့် Li Jun က စာကြည့်တိုက်ကို တစ်နှစ်တောင် ၀င်လို့ မရတော့ဘူး။ မင်းက တစ်ခုခုပဲ။ အစ်ကိုကြီးကလဲ မင်းဘက်မှာ ရှိယုံမကဘူး အကြီးအကဲSun ကလဲ မင်းကို အထူးတလည် ဆက်ဆံတယ်´
သူစာကြည့်တိုက်ထဲ မ၀င်နိုင်တာကြောင့် ရယ် မှော်ဝင်သားရဲများနှင့် ပတ်သတ်သောအရာများက အပြင်ကို ယူလို့မရတာ ကြောင့်ရယ် တစ်ယောက်ယောက်ကသာ Li Jun ကို ပြန်မပြောပြလျှင် သူမှော်ဝင်သားရဲနှင့် ပတ်သတ်သော အချက်အလက်များကို ရရှိဖို့က တစ်နှစ်လုံးတော့ အိမ်မက်သာ မက်နိုင်လိမ့်မည်။ သို့သော် သုခဘုံနယ်မြေက မကြာခင် ပွင့်တော့မှာ ဖြစ်သောကြောင့် ဒီကိစ္စက Li Jun အတွက်တော့ ထိုးနှက်ချက်ကြီး တစ်ခုဖြစ်သည်။
သူ့သူငယ်ချင်းအစား ကလဲ့စားခြေတဲ့ စကားများပြောတာကို သူကြားတော့ You XiaoMo အကူအညီမဲ့စွာပဲ ပြုံးတော့သည်။
ထိုလူက သူရဲ့ အပြုံးမျက်နှာကို မြင်တော့ သူ့မျက်နှာပေါ်က အပြုံးက ချက်ချင်းပျောက်ကွယ်သွားသည် 'မင်းဘာပြုံးတာလဲ´
You XiaoMo မျက်ခုံးပင့်ပြိး ပြောလိုက်သည် 'မင်း မှားနေတယ်ထင်တယ်။ Li Jun အပြစ်ပေးခံရတာက သူစာကြည့်တိုက်စည်းကမ်းဖောက်ဖျက်လို့ပါ။ သူသာ စာကြည့်တိုက်က စည်းကမ်းကို မဖောက်ရင် သူဒီလို အခြေအထားဖြစ်မှာ မဟုတ်ဘူး´
သူ အခြားသူတွေနှင့် အငြင်းအခုန်လုပ်ရတာ မကြိုက်ပေမယ့်လဲ သူ့အပြစ်မဟုတ်ပဲ အခြားသူတွေက သူ့ကိုအပြစ်တင် တာကို ပိုပြီး မနှစ်မြို့လေဘူး။ ဒါက သူက အခြားသူရဲ့အပြစ်ကို သူကကြားက ခံလိုက်ရသလိုမျိုး သူ့ကို ခံစားရစေသည်။ သူ့အရင်ဘ၀မှာ သူ့ညီရဲ့ ဓါးစာခံအဖြစ် ဖြစ်ခဲ့ရတာက လုံလောက်တာထက်တောင် ပိုနေပြီဖြစ်သည်။
သူ့စကားတွေကိုနားထောင်ရင်းနှင့် အမျိုးသား၏မျက်နှာက စိမ်းလာရာမှဖြူသွားသည် သို့သော်သူ့စကားများက မမှားပေ။
သူဘာမှ ပြန်မပြောတာ မြင်တာနဲ့  You XiaoMo ဘာမှ ထပ်မပြောတော့။ သူက စာအုပ်စင်က အခြားတစ်စုံကို ယူကာ လှည့်လိုက်တာနဲ့ လတ်ဆတ်တဲ့ နံရံတစ်ခုကို ၀င်တိုးမိတော့သည်။ ဒီမှာ ခပ်ပြည့်ပြည့် လတ်ဆတ်တဲ့နံရံမရှိပါဘူး။ ပြင်းပြင်းထန်ထန် တိုက်မိတာမို့ သူ့ နှာခေါင်းရွှဲ့သွားတော့မလိုဖြစ်သွားသည်။ နာကျင်နေတာကို တွေးဖို့ အချိန်မရှိ သူတိုးတိုးလေး တောင်းပန်လိုက်သည် ' ကျွန်တော် တောင်းပန်ပါတယ်။ ရည်ရွယ်ပြီး လုပ်လိုက်တာ မဟုတ်………´
'ဟီ ဟီ´ သူ့ခေါင်းပေါ်ကနေ ကျေနပ်နေတဲ့ တခစ်ခစ်ရယ်သံ တစ်ခု ကြားလိုက်သည်။
ဒီရယ်လိုက်တဲ့သူက အလွန့်အလွန်ကို ရင်းနှီးလွန်းသည်။
You XiaoMo ခေါင်းချက်ချင်းမော့လိုက်သည်။ လတ်ဆတ်တဲ့ နံရံကြီး၏ ခန့်ညားတဲ့ မျက်နှာကို မြင်တော့ အံအားသင့်စွာနှင့် 'အစ်ကိုကြီးLing ? ဒီမှာ ဘာလာလုပ်တာလဲ?´
ကံကောင်းစွာနဲ့ ဒါက စာကြည့်တိုက်ဆိုတာ သူသတိရသွားကာ နှုတ်မှ ထွက်ထွက်သွားတာနှင့် သူ့အသံကို  ချက်ချင်းလျော့ချလိုက်သည်။
Unicode
C-134 It's finally his turn.

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now