🚨 Chapter 128 Tricked Again ( Z & U)
17.3K 1.7K 26
🚨
C-128 Tricked again.
'ငါ ဘာလိုချင်တာလဲ´
'တကယ်ကြီး´
C-128 Tricked again.
အခန်း ၁၂၈ ထပ်လိမ်ပြန်ပြီ
သူ သူငယ်ချင်းတစ်ယောက်ထပ်တိုးပြီဆိုသော အသိနှင့် You XaioMo 'ကျားလေးနှစ်ကောင်´ကလေးချော့သီချင်းကို ညီးရင်း ပြန်သွားတဲ့ပုံက အခြားဂိုဏ်းသားအချို့ရဲ့ အထူးအဆန်းအနေနှင့် ကြည့်ရှုခြင်းကို ခံလိုက်ရသည်။
မခံရပဲ နေစရာလား ဘယ်သူကများ သူ့ကို့ ကလေးချော့တီးလုံးကို ဆိုဖို့ တောင်းဆိုလို့လဲ? ငယ်ငယ်တည်းက သူက စည်းကမ်းတင်းကြပ်တဲ့ မိဘတွေ၏ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရသည်။ သူ က သတင်း နဲ့ တီဗီမှာ လာတဲ့ လတ်တလောဖြစ်ပျက်တဲ့ အကြောင်းအရာအချို့ကိုသာ ကြည့်ရသည်။ ကာတွန်း၊ စိတ်ကူးယဉ်ဝတ္ထု၊ ပေါ့ သီချင်း နှင့် အခြား အရာအားလုံးကို ကြည့်ခွင့် ပြုမထား။
သူဘာမှကြည့်ခွင့်မရတာတော့ မဟုတ်ချေ။ အနည်းဆုံးတော့ နေ့တိုင်း တစ်နေ့ကို တစ်နာရီ တီဗီ ဇာတ်လမ်း ကြည့်လို့ရသည်။ ဒီနေ့ခေတ် တီဗီဇာတ်လမ်းတွေက နေ့တိုင်း နှစ်ပိုင်း သုံးပိုင်းလောက် လွှင့်နေတာဆိုတော့ သူက အဲဒါကို လေကြီးလေကျယ်ပြောလို့ မရ။ သူက တစ်နေ့မှ တစ်နာရီပဲ ကြည့်လို့ရတာဆိုတော့ အာ ဘာကြီးလဲကွာ။ ဒီတစ်ပိုင်းကို ကြည့်ပြီးရင် နောက်တစ်ပိုင်း ဘာဆက်ဖြစ်သလဲဆိုတာ သူမသိတော့။ သို့သော် သူ့ရင်ထဲမှာပဲ အော်ဟစ်နိုင်သည်။ သူက သူ့မိဘတွေရဲ့ သြဇာကို အခုထိ အရမ်းလန့်နေတုန်းဖြစ်သည်။
တံခါးတွန်းဖွင့်ပြီး အထဲဝင်လိုက်ပြီး You XiaoMo နောက်ပြန်လှည့်ကာ တံခါးပိတ်လိုက်တဲ့ အချိန်မှာပဲ သူ့ဘေးကနေ လက်ကြီးတစ်ချောင်းထွက်လာသည်။ ချက်ချင်းကို သူ့ပါးစပ်ကို ပိတ်ကာ သူ့ကို အားနဲ့ အတွင်းကို ဆွဲခေါ်ခံလိုက်ရသည်။
You XiaoMo ထိတ်လန့်ပြီး သူ့ရဲ့ ၀ိညာဏ ၀ိဥာဏ်သုံးပါးရော ရုပ်ဝိဥာဏ်ခုနစ်ပါး ပါထွက်ပြေးသွားသလို ဖြစ်သွားသည်။ (တာအိုအယူအဆပါ) ။ သူထင်လိုက်တာက သူခိုးနဲ့ပက်ပင်းတိုးပြီထင်လိုက်ပေမယ့် တစ်စက္ကန့်လောက်ကြာတဲ့အခါ သူနောက်က ခန္ဓာကိုယ်ကနေ ရင်းနှီးနေတဲ့ အနံ့ရလိုက်သည်။ သူ့နောက်ကလူဆီက အရမ်းကို ကျွမ်းဝင်နေတဲ့ အသံ သန်မာပြီး ခွန်အားရှိတဲ့ နှလုံးခုန်သံ ကို ကြားလိုက်ရအပြီးမှာတော့သူ ရုန်းကန်နေတာ ရပ်လိုက်သည်။
သူမရုန်းတော့တာ တွေကပြီးတော့ အဆိုပါပုဂ္ဂိုလ်က စိတ်ဝင်စားမှု လျော့ကျသွားပြီး ငြီးတွားကာ 'ညီလေး မင်းဘာလို့ မတုန့်ပြန်တော့တာလဲ? မင်းကို ငါ ညစ်တီးညစ်ပတ်တွေ ထပ် ထပ်ပြီး လုပ်မှာကို မကြောက်တော့တာလို့တော့ မပြောနဲ့´
You XiaoMo ချက်ချင်း -_-|| ဒီ မိမစစ် ဖမစစ်ကတော့။ ဘာကို ညစ်တီးညစ်ပတ် ထပ် ထပ်ပြီး လုပ်မှာလဲ။ သူက ယောက်ျားလေ။ ရက်လေးနည်းနည်းလောက်မတွေ့လိုက်ရတာနဲ့ ပိုပိုပြီး အရေထူလာတာပဲ။
You XiaoMo အံကိုကြိတ် နှာခေါင်းကလဲ ပွစိပွစိနှင့် အော်လိုက်သည်။' ဖြစ်တော့ကော´
သူယောက်ျားတစ်ယောက်နှင့် တွဲနိုင်တာကို သူမယုံနိင်သေးပေ။ အရင်က သူ့ကို အတင်းအကြပ်ကြီး အာသာအတူတူဖြေဖို့ ဖိအားပေးခံလိုက်ရပေမယ့် You XiaoMo အမြဲတမ်းယုံကြည်တာက ဒါက သာမာန် မနက်ခင်းထကြွမှုအတွေ့အကြုံ….. လို့ပဲ သတ်မှတ်လိုက်တာဖြစ်သည်။ သူတို့တစ်ယောက်နဲ့ တစ်ယောက် ကူညီခဲ့ရုံပဲလေ။ ပြီးတော့ သူယောက်ျားနှစ်ယောက် လုပ်တယ်ဆိုတာကြီးကို စိတ်ကူးထဲ ထဲ့မရ……..
Ling Xiao ချက်ချင်းကို ကိုယ်ထိလက်ရောက် ကျူးကျော်နေတာကို ရပ်လိုက်သည်။ တခဏလေးမှာပဲ ရယ်သံတိုးတိုးလေး ထွက်ကာ သူ့မေးစေ့က You XiaoMoရဲ့ပခုံးနား ရောက်လာသည်။ စနောက်ကာ 'မင်းက မယုံမှတော့ ငါတို့ တစ်ခါလောက် ကြိုးစားကြည့်သင့်တယ်နော်´
ပြောပြီးတာနဲ့ You XiaoMoရဲ့ တုန့်ပြန်မှုတောင် မစောင့်ပဲ Ling Xiao တစ်ယောက် ကုန်းကာ သူ့ကို အလျားလိုက် ကောက်မလိုက်သည်။
You XiaoMo လန့်ပြီး အော်ခါနီးလေးမှာတင် သူ့နား နားကနေ Ling Xiaoရဲ့ တီးတိုးစကားသံကြားပြီး ချက်ချင်းကို သူ့ပါးစပ်ကို အုပ်လိုက်မိတော့သည်။
'မင်းအော်လိုက်ရင် အနားက ဂိုဏ်းသားတွေ ဒီကို လာကြမှာနော်´
ပြီးခဲ့တဲ့အခေါက်က လေ့ကျင့်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကြောင့် သူ့အခန်းနီးချင်း ဂိုဏ်းသားတွေ ပြေးလာတာ တစ်ခါ ကြုံပြီးသွားပြီ။ You XiaoMo က အဲလိုမျိုး ထပ်မဖြစ်ချင်တော့ပေ။ Ling Xiao သူ့အခန်းထဲ ရောက်နေတာကိုလဲ အခြားဂိုဏ်းသားများသိသွားမှာလဲ သူမလိုချင်။
အခန်းကန့်ထားတာကို ဖြတ်ပြီးနောက် Ling Xiao က သူ့ကို အိပ်ယာပေါ်ကို သယ်သွားသည်။ အပြုံးလေး ပေးပြီးနောက် သူ့ကို အထိတ်တလန့်နဲ့ ကြည့်နေတုန်းမှာကို အိပ်ယာပေါ် ပစ်ချလိုက်သည်။ ကံကောင်းစွာနဲ့ စောင်အထူတစ်ထည်က ကျိုးကြောင်းသင့်စွာနဲ့ အိပ်ယာပေါ်ဖြန့်ခင်းထားသည်။
သူ့ကို သွားခွင့်ပေးလိုက်တာနဲ့ You XiaoMo ချက်ချင်းကို ထောင့်တစ်ခုကို လှိမ့်ထွက်သွားက သူကရင်ဘတ်မှာ လက်မောင်းနှစ်ဖက်ကို ယှက်ကာ ကာကွယ်ဖို့အသင့်အနေအထားဖြစ်သွားသည်။ အတွင်းကတုန်လှုပ်နေတာကို ဖုံးကွယ်ပြီး အပြင်ဘန်းက ခြိမ်းခြောက်တဲ့ ဟန်နှင့် အော်လိုက်သည်'ဘာလိုချင်တာလဲ´
'ငါ ဘာလိုချင်တာလဲ´
Ling Xiao သူ့ကိုကြည့်ကာ ရယ်ပြီး 'မင်းကို ညစ်တီးညစ်ပတ် လုပ်မလို့ပေါ့´
You XiaoMo သူ့သတွေးတောင် သူသီးမလိုဖြစ်သွားသည်။ သူ Ling Xiaoရဲ့ အမူအယာကို မျက်လုံးကြီးပြူးကာ  သူမြင်နေရတာက စနေတာလား အတည်လားဆိုတာကို လေ့လာနေသည်။
Ling Xiao ကတော့ သူရဲ့ မျက်လုံးကျယ်ကာ ဒေါသထွက်နေတဲ့ အမူအယာကို နှစ်သက်သည်။ သူYXMက သိုးလေးတစ်ကောင် ဖြစ်ပေမယ့် သူ့ကိုယ်သူ ကျားသစ်လေးလို ဖော်ပြတာကိုနှစ်သက်လှသည်။ ကျားသစ်လေးတွေက အရမ်းချစ်ဖို့ကောင်းပေမယ့် သူမှာ လက်သည်းချွန်ချွန်များ မရှိ။ သူ့မှာ လက်ဖ၀ါးပြည့်ပြည့်လေးတွေပဲ ရှိသည်။
သူ့ရဲ့ ခုခံမှုအပြည့်နှင့် အကြည့်အောက်မှာ Ling Xiao ကုန်းကာ စောင်ကို ကောက်ကိုင်လိုက်သည်။ ထောင်ကပ်နေတဲ့ You XiaoMo ကို နှစ်ခြိုက်စွာနဲက ကြည့်ပြီး သူ့နှုတ်ခမ်းထောင့်လေးတွေက အပေါ်ကို ကွေးတက်သွားကာ 'တကယ်တော့ ….. ငါက အခြားသူတွေကို ဖိအားပေးရတာ မကြိုက်ဘူး။ ငါက နှစ်ဦး သဘောတူတဲ့ဆက်ဆံမှု့ ကို ပိုကြိုက်တာ´
You XiaoMo ရဲ့ သူရဲဘောကြောင်တဲ့ နှလုံးသားလေးက ချက်ချင်း ပေါက်ကွဲသွားတော့သည်။
နှစ်…နှစ်…..နှစ်….နှစ်ဦးသဘောတူ ဆက်ဆံမှု။ အာ… သူ စဉ်းစားနေတဲ့ ဟာတေ့ာ မဟုတ်ပါဘူးနော်?
Ling Xiao ကတော့ သူ့ရဲ့ပျော်ရွှင်မှုကို ဖုံးကွယ်မထားချေ။ သူ့သံသယကို ထွင်းဖောက် မြင်မိသည့်အလား သူကတိုက်တိုက်တွန်းတွန်းနှင့် 'အို့.  မင်းတွေးနေတာနဲ့ ကွက်တိပဲလေ။ ဘယ်လိုလဲ? ငါနဲ့ ကြိုးစားလုပ်ကြည့်ဖို့ စိတ်မ၀င်စားဘူးလား?´
ကြိုးစား ကြိုးစား ကြိုးစား….. အားးး မင်းဖင်ပဲ သွားကြိုးစား
သူ့ရဲ့ သနားစရာ နှလုံးသားလေး။ ဒီနေ့ ရန်စခံရတဲ့အကြိမ်ရေက အရင်အချိန်တွေက လုပ်ခဲ့တာ တွေရဲ့ စုစုပေါင်းထက်တောင် များနေပြီ။
သူဘယ်လောက်တောင် မုန်းစရာကောင်းနေသလဲလို့ You XiaoMo သနားစရာကောင်းလောက်တောင် တွေးနေမိ ပြီဖြစ်သည်။ လူငယ်လေးရဲ့ နှလုံးသားလေးက သူ့ ရင်ဘတ်ထဲမှာ ခုန်ပေါက်နေပြီဖြစ်သည်။ ဒီလိုအရာမျိုးကိုဘယ်လိုများ ရုပ်တည်ကြီးနဲ့ ပြောထွက်တာပါလိမ့်? ယောက်ျားနှစ်ယောက်ကရော တကယ်ကြီးလုပ်…..လို့ရလို့လား?
သူစိတ်လွတ်သွားတာပဲ ဖြစ်ရမယ်။
မကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး You XiaoMo သူ့ခေါင်းကို ပြင်းပြင်းထန်ထန်ကို ခါလိုက်သည်။
Ling Xiao ကဒေါသထွက်မသွားပေ။ သူ့လက်ထဲကိုင်ထားတဲ့စောင်ကို ရုတ်တရက်ကြီး ဆွဲလိုက်ကာ သူ့ဘက်ကို ဦးတည်ဆွဲလိုက်သည်။ You XiaoMo သူကစောင်ပေါ်ထိုင်နေတာကို မေ့သွားသည်။ စောင်နဲ့အတူရွေ့သွားတာကို မရပ်တန့်နိုင်ပဲ နောက်လန်ကျတော့သည်။ သူပြန်ထနိုင်တာကိုတောင် မစောင့်နိုင်ပဲ သူ့ခြေထောက်တွေက ဆုပ်ကိုက်ခံရကာ အဆွဲခံလိုက်ရသည်။
သူပြန်ပြီး အဆင်ပြေသွားချိန်ကျတော့ Ling Xiao၏ ခမ်းနားပြီး ယောက်ျားပီသတဲ့မျက်နှာကြီးက သူ့မျက်စိရှေ့မှာ ပေါ်လာတာမို့ သူလန့်ပြီး ထမခုန်ရုံတမယ်ပဲ ရှိသည်။ သူ့ရဲ့ သတ္တိရှိတဲ့အမူအကျင့်တွေလဲ မရှိနိုင်တော့ပဲ ထစ်ထစ်အအ နှင် 'ဘာ ဘာလိုချင်လို့လဲ´
'ပြောပြီးသား မဟုတ်ဘူးလား´
Ling Xiao သူ့ပါးကို ညာလက်ချောင်းလေးတွေနဲ့ ဂရုတစိုက်လေး ထိတွေ့နေသည်။ သူ့အပြုအမူရော သူ့စကားလုံးတွေရော အားလုံးက နူးညံ့သိမ်မွေ့နေသည်။
'ဒါပေမယ့် ဒါပေမယ့် ကျွန်တော်က ယောက်ျားလေးလေ…… ´
You XiaoMo သူ့မျက်နှာက တကယ်ကြီး နီနေကာ စကားပြောရင်လဲ ထစ်အ ထစ်အ ဖြစ်နေသေးသည်။
'သိသားပဲ ငါ့လောက်ရှင်းရှင်းလင်းလင်း သိတဲ့သူတောင် မရှိဘူး´
Ling Xiao ၏ အပြုံးက ပိုပြီး ကျယ်ပြန့်လာသည်။ အဓိပ္ပါယ်ပါပါနဲ့ 'ပြီးတော့ မင်းကို အရင်ကပြောဖူးတယ်မလား ယောက်ျား နဲ့ ယောက်ျားနဲ့လဲ ဖြစ်နိ်ုင်တယ်လို့´
'တကယ်ကြီး´
You XiaoMo မျက်လုံးတွေ ကားနေအောင် ပွင့်လာသည်။ အဲလိုပြောမိတာနဲ့ သူ့ပါးသူ ခပ်ပြင်းပြင်းချချင်သွားသည်။ ဒီအချိန်က ဒါ အမှန်ဟုတ်သလား မဟုတ်သလား ပူရမယ့် အချိန်မှ မဟုတ်တာ။
ဒါပေ့ါ အဲဒါကိုကြားတာနဲ့ Ling Xiao ကတော့ တဟားဟားနဲ့ ရယ်နေတာ ကိုယ့်ဘာသာကိုယ်တောင် မရပ်တန့်နိုင်။ သူဆက်ရယ်နေတာ You XiaoMo မျက်နှာ -_-|| ဒီလိုဖြစ်လာကာ ရှက်တာကနေ ဒေါသကို မပြောင်းခင်လေးမှပဲ သူရယ်နေတာကို ရပ်တန့်လိုက်သည်။ 
'ညီလေး ငါတို့ တစ်ခါပဲကြိုးစားကြည့်မယ်လေ ဒါဆိုမင်းလဲ ဖြစ်နိုင်လား မဖြစ်နိုင်လား သိသွားမှာပဲ´
Ling Xiaoက ဒါကို အသံတိုးတိုးလေးနှင့် ပြောတာဖြစ်ပြီး You XiaoMo ရဲ့တုန်လှုပ်သွားတဲ့အခြေအနေကို အခွင့်ကောင်းယူကာ အရှေ့ကိုင်းချကာ သူ့မေးရိုးများကို အပိုင်စီးလိုက်သည်။ သူ့နှုတ်ခမ်းများကို သူ့ပါးစပ်နဲ့ဖုံးအုပ်လိုက်ပြီး အတင်းအကြပ်ကို စုတ်ယူလိုက်သည်။
You XiaoMo အံ့အားသင့်သွားသည်။ သူ့နှုတ်ခမ်းတွေ အစုတ်ခံရတာကနေ ထုံလာသည့်နောက်မှာတော့ သူစပြီး ရုန်းကန်တော့သည်။ သူ့ခြေထောက်တွေက ဆွဲအဖယ်ခံထားရတာမို့ ခွန်အားလဲမရှိတာကြောင့် သူ့ကို ခုခံဖို့က သူ့လက်တွေကိုပဲ သုံးနိုင်သည်။
သူမသိတာကတော့ သူရုန်းလေလေ Ling Xiao စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။ သူ့ရဲ့အားပျော့ပျော့လေးက သူ့ကို နဲနဲလေးတောင် မလှုပ်ရှားစေဘူး။ အဲဒိအစား ထိုလက်နှစ်ဖက်က သူ့တစ်ကိုယ်လုံးကို ကြက်သီးတွေထလာစေကာ သူ့မျက်လုံးထဲက ရမက်တွေကို ပိုပိုပြီး နက်ရှိုင်းလားစေကာ ပူထူလာပြီး ဆူပွက်လာစေသည်။ သူ့ခါးပေါ်က ခါးစည်းကို ဖြည်ကာ ၀တ်ရုံကို ဘေးကို ဖယ်ထဲ့လိုက်သည်။ အတွင်းခံဘောင်းဘီပါးပါးလေးကို ဖြတ်ပြီးတော့ သူ့ခြေထောက်ကြား ကြီးမားဖောင်းကားနေသော အရာက ပိုပြီး ထင်ရှားလာသည်။
You XiaoMo သူခေါင်းအငုံမှာ အဲဒိအရာကို တစ်ချက်တွေ့လိုက်တာနဲ့ သူ့ဦးရေပြားတစ်ခုလုံး ကြိမ်းတက်သွားတော့သည်။
ဒါက သူ Ling Xiaoရဲ့ ညီလေး ကို ပထမဆုံးအကြိမ်မြင်ဖူးတာတော့ မဟုတ်။ ဒါက ဒုတိယအကြိမ်လဲ မဟုတ်တော့။ သူတို့အကြိမ်အနည်းအငယ် တွေ့ဖူးပြီးသားဖြစ်နေပြီ။ ဒါပေမယ့် သူတွေ့လိုက်တိုင်း သူကြက်သီးမထပဲ မနေနိုင်။ ဒါက အမှန်ကို သာမန်ထက်လွန်လွန်ကဲကဲကို ကြီးတာဖြစ်သည်။ သူ့ကို ကူညီတဲ့အကြိမ်တိုင်း နောက်တစ်နေ့ဆိုရင် သူ့လက်တွေ ဆိုးဆိုးရွားရွားကို ကိုက်ခဲလေ့ရှိကာ မှော်ဆေးလုံးတောင် မဖော်စပ်နိုင်လောက်အောင် ဖြစ်သည်။
သူ့တုန့်ပြန်ချက်ကို တွေ့တာနဲ့ Ling Xiao နှစ်ခြိုက်စွာ ရယ်မောလေသည်။ သူ့ကိုယ်အောက်ပိုင်းကို အကြိမ်အနည်းငယ် အားပြုပြီး ပေါင်အတွင်းသားလေးတွေကို ကြီးမားဖောင်းကားပြီးမာနေသာအရာနှင့် ပွတ်တိုက်လိုက်သည်။
You XiaoMo ချက်ချင်း ပင့်သက်ရှိုက်လိုက်သည်။ လူပျိုလေးတစ်ယောက်နေနဲ့ သူ့ကိုယ်က လျင်မြန်စွာကို  အားယုတ်သွားသည်။ နောက်ဆုံးအကြိမ်က မြင်ကွင်းကို ပြန်စဉ်းစားမိတာကိုတောင် မရပ်တန့်နိုင်ပဲ ဖြစ်သွားသည်။ ဆန္ဒတွေ နိုးကြား တက်ကြွလာသည်။ သူ့နှာခေါင်းက ရုတ်တရတ်ကြီး ပူလာပြီး တစ်ခုခု စီးကျလာသလိုဖြစ်လာသည်။ သူ့နှာခေါင်းကို အထိတ်တလန့်နှင့် ဖုံးအုပ်လိုက်သည်။
ဘာဖြစ်နိုင်သလဲ တွေးလိုက်သည်နှင့် သူမိုးကြိုးများကြားထဲ ညပ်နေသလိုမျိုး ရုတ်တရက်ခံစားလိုက်ရသည်။ သူ သူ သူ … သူ ပိုပိုပြီး ပုံမှန်မဟုတ်တာတွေ တကယ် ဖြစ်လာတာပဲ။
အစုတ်ခံရလို့ နီရဲနေတဲ့ နှုတ်ခမ်းလေးတွေကို Ling Xiao လွှတ်ပေးလိုက်သည်။ သူ့အမူအယာကို ကြည့်ပြီး ရယ်သံတိုးတိုးလေးထွက်လာသည်။ သူ့ခေါင်းကိုတဖန် ပြန်ငုံပြီး နားပျဉ်းလေးကို ဖိညှပ်ပလိုက်သည်။ ဖြည်းဖြည်းလေး ကိုက်ဝါးလိုက်သည်။ ပြီးတော့ အောက်ကိုဖြည်းဖြည်းချင်း ဆင်းသွားလိုက်သည်။ သူ့ရဲ့လက်ကြီးကလဲ အားမနေနိုင်။ သူ့မျက်နှာ ကနေ ရင်ဘတ်အထိ တဖြေးဖြေး ရွေ့လျားသွားသည်။ သူ့လက်ချောင်းထ်ိပ်လေးတွေက သူ့ရင်ဘတ်က ပန်းရောင်အစက်လေးနှစ်ခုကို အမိအရ ဖမ်းဆုပ်ထားသည်။ သူအနည်းငယ် အားထဲ့ပြီး ရစ်ဆွဲလိုက် ဖြစ်ညှစ်လိုက်လုပ်လိုက်သည်။
ဒီလိုလှုံဆော်တဲ့ခံစားချက်မျိုးက လူပျိုလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းမရသိမ်းမရအောင်ကို လှုပ်ရှားစေသည်။ နှစ်လိုဖွယ်ရာ ခံစားချက်လှိုင်းက သူ့ရင်ဘတ်က နေရာ နှစ်ခုကနေ လျှပ်စစ်လှိုင်းများလို တစ်လှိုင်းပြီး တစ်လှိုင်းထုတ်လွှင့်နေသည်။ ဆွဲဆောင်မှုရှိတဲ့ညီးတွားသံက သူ့နှုတ်ဖျားကနေ  သတိလက်လွတ်ကို ထွက်ပေါ်လာသည်။ အသံမထွက်အောင် ဖိနှိပ်ဖို့တောင် သတိလွတ်တော့ ဆဲဆဲဖြစ်နေသည်။
Ling Xiao ခေါင်းပြန်မော့ကာ သူ့နှုတ်ခမ်းလေးတွေကို နမ်းလိုက်ကာ ညီးညူသံလေးတွေကို မျိုချလိုက်သည်။ ပြီးတော့ အခြားလက်တစ်ဖက်ကို မကာ အလျင်အမြန်ကို လေထဲမှာ You XiaoMo အတွက် သူလုပ်နေကျ အကာအရံလိုမျိုး ချိတ်စည်းတစ်ခု ဆင်လိုက်သည်။ 
You XiaoMo အဆွခံရတာ ဒါပထမဆုံးအကြိမ်မဟုတ်။ သို့သော် သူအဆွခံရတိုင်း ပထမအကြိမ်အတိုင်းပဲ ဖြစ်ကာ သူ့ကိုယ်သူ ထိန်းချုပ်ဖို့ အရမ်းခက်တာကို သိသည်။
မကြာခင်ပဲ Ling Xiao ကြောင့် သူ့ကိုယ်သူမေ့အောင်ကို သာယာကြည်နှုးနေသည်။ သူတို့နှစ်ဦးရဲ့လျှာများ ရစ်ပတ်ကာ အသံများထွက်လာသည်။ သူ့လက်များက သဘာဝကျကျနဲ့ Ling Ziao ရဲ့ ဂုတ်ပိုးကို ရစ်ပတ်ထားသည်။ သူခြေထောက်များက  သူ့ရဲ့သန်မာလှတဲ့ ခါးပေါ်ကို ဖျစ်ညစ်နေသည်။ သူ့တစ်ကိုယ်လုံးက ကွားလားကောင်လေးလို သူ့ကိုယ်ပေါ်မှာ တွဲခိုလျက်ရှိသည်။        
Ling Xiao ကတော့ လျှို့ဝှက်စွာ ပျော်ရွှင်နေသည်။ ဒီလူငယ်လေးက သူ့ကြောင့် လိုချင်တပ်မက်စိတ်နဲ့ အရူးအမူးဖြစ်နေတာကို သူပျော်သည်။ သူ့တုန့်ပြန်မှုတွေက သူ့ရဲ့တပ်မက်ခြင်းတွေ တိုးပြီးရင်းတိုးအောင် လုပ်နေသည်။ သူ့လက်တစ်ဖက်က အကျီ င်္ထဲ အဆောတလျင် ၀င်ရောက်သွားကာ တမင်ကို ကြင်ကြင်နာနာ ပိုက်ထွေးလိုက်သည်။ နွေးထွေး နူးညံ့တဲ့အထိအတွေ့က သူ့လက်တစ်ခုလုံးကို ပျံနှံသွားကာ တီးတိုးညည်းညူသံလေး ထွက်ပေါ်လာသည်။
သူ့လက်တွေက သူ့အတွင်းခံကို ဖတ်ထုတ်ပြီး နောက်တစ်ဆင့်ကို တက်ဖို့ကြိုးစားနေတုန်းမှာ အပြင်ကနေ တစ်ယောက်ယောက် တံခါးခေါက်လိုက်သံကို ကြားလိုက်သည်……
Ling Xiao လက်တွေ တခဏလေး ရပ်တန့်သွားသည်။ သူပြန်ပြီး ဆက်တော့မယ့် အချိန်မှာပဲ သူ့အောက်က လူက လေးကနေ လွှတ်လိုက်တဲ့ ငှက်ကလေးတစ်ကောင်လို ဖြစ်နေပြီဖြစ်သည်။ သူ့အာရုံခံစားမှုတွေအောက်ကို ပြန်ရောက်လာကာ သူ့မျက်နှာ တစ်ခုလုံးက တုန်လှုပ်ခြောက်ခြားနေသည်။
အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now