Chapter 104 AStupid Pig Part 1(z & u)

10.5K 1.7K 2
                                    

C-104
A stupid pig.
အခန္း ၁၀၄ ၀က္ငတံုး
သူ႔မ်က္ႏွာ အမူအယာ ျမင္တာနဲ႔ သူက ေစ်းႏႈန္းကို သိပ္မေက်နပ္ဟုအဖိုးၾကီးထင္လိုက္တာေၾကာင့္ ဆက္ကာ ရွင္းျပေလသည္။
"စိတ္၀ိဥာဥ္အရည္က စိတ္စြမ္းအင္ ကို အသစ္ျဖစ္ေစေပမယ့္ သိုင္းသမားက သန္မာလာေလ စိတ္၀ိဥာဥ္ရည္က ပိုလိုေလပဲ ဥပမာအေနနဲ႕ လအဆင့္ သိုင္းသမားတစ္ေယာက္က စိတ္၀ိဥာဥ္ရည္တစ္စက္ဆိုရင္ သူ႕စိတ္စြမ္းအင္ရဲ႕ ငါးပံု တစ္ပံုကိုပဲ ျပန္ျပည့္ေအာင္ လုပ္ႏိုင္တယ္ ျမင့္လာေလေလ ပိုျပိး လုိအပ္ေလေလပဲ"
ငါးပံုတစ္ပံုပဲဆိုေပမယ့္ ေသေရးရွင္ေရး ကိစၥမွာ ဆိုရင္ေတာ့ ဒါက စိတ္ခ်နိုင္တဲ႕ အေျခအေနကို ေတာ့ ေရာက္ရွိေစသည္။ ဒါ့ေၾကာင့္လဲ ေစ်းႏႈန္းက တစ္သိန္းေအာက္ မက်တာျဖစ္သည္ ေသခ်ာေအာင္ ထပ္ေျပာရရင္ ေလလံမွာ တင္ေရာင္းျပီဆိုတာနဲ႕ ဘယ္ေလာက္အထိ ေစ်းအျမင့္ဆံုးေရာက္နိုင္မလဲဆိုတာ ဘယ္သူမွ မသိႏိုင္။
You XiaoMo က သူနားလည္တဲ႕ အေနနဲ႕ ေခါင္းျငိမ့္ျပလိုက္သည္။ သူက ဒီသိုင္းေလာကနဲ႕ မရင္းႏွီးေပမယ့္ သိုင္းအဆင့္ သတ္မွတ္ခ်က္ ကြာျခားမႈေတြကို ေတာ့ သူသိသည့္ သူတို႕ေတြကို ခြဲႏိုင္တာက လူအဆင့္ ေျမကမၻာအဆင့္ ေကာင္းကင္အဆင့္ လအဆင့္ အာကာသအဆင့္ စိတ္၀ိဥာဥ္အဆင့္ ဧကရာဇ္အဆင့္ နတ္ဘုရားအဆင့္ နဲ႕ အထြတ္အျမတ္အဆင့္ ဆိုျပီးရွိသည္။ အားလံုးေပါင္း အဆင့္ ဆယ့္ႏွစ္ဆင့္ ရွိျပီး ေမွာ္ဆရာ အဆင့္ ဆယ့္ႏွစ္မ်ိဳးရွိတာနဲ႕ တူသည္။
ေျပာရေၾကးဆိုရင္ ဒီေစ်းက နိမ့္သည္လို႕ေတာ့ ဆုိ၍မရ။
သူ႕သေဘာမတူဟန္လဲ မျပတာမို႕ အဖိုးၾကီးက သက္ျပင္းတစ္ခ်က္ခ်နိုင္သည္။ တကယ္ေတာ့ စိတ္၀ိဥာဥ္အရည္လိုမ်ိဳးပစၥည္းေတြက လူတိုင္းက ေလလံပြဲမွာ တင္မည့္ပစၥည္းမ်ိဳးမဟုတ္။ လူအမ်ားစုက သူတို႕ ကိုယ္ပိုင္သံုးဖို႕ပဲ သိမ္းထားၾကမွာျဖစ္သည္။ တစ္ခါမွ မေရာင္းဘူးလို႕ အဖိုးေတာင္ျဖတ္၍မရ။
"ေစ်းအကဲျဖတ္တာကေတာ့ ျပီးသြားပါျပီ လူၾကီးမင္းတို႕ ဘယ္ႏွစက္ေလာက္မ်ားေလလံပြဲမွာ တင္ခ်င္ပါသလဲ"
You XiaoMo ကစကားအမ်ားၾကီးေျပာမေနေတာ့ သူ႕ေမွာ္အိတ္ထဲကေန လူတစ္ရပ္ေလာက္ရွိတဲ႕ ေရခဲရုပ္ ႏွစ္ခု ထုတ္ယူလုိက္သည္။ေရခဲပန္းပုေတြက ထုတ္လႊတ္တဲ႕ ေအးစက္တဲ႕ ေလေၾကာင့္ လွိ်ဳ႕၀ွက္ခန္းထဲမွာ စိုထို္းစ ျမင့္တက္သြားေပမယ့္ အခန္းအပူခ်ိန္ကေတာ့ အမ်ားၾကီး မေျပာင္းလဲသြားေခ်။
သူဆြဲထုတ္တာကို ျမင္လုိ္က္တာနဲက အဖိုးၾကီးရဲ႕ မ်က္လံုးေတြ ျပဴးၾကယ္ကာ အံ႕အားသင့္သြားသည္။ သူထင္တာက ဒီလူငယ္ေလးက အလြန္ဆံုးယူလာမွ စိတ္၀ိဥာဥ္အရည္ ငါးစက္ ေျခာက္စက္ပဲဟု ထင္ထားသည္။ ဒီေလာက္ၾကီးေသာ ေရခဲရုပ္တုၾကီးျဖစ္လိမ့္မည္ဟု မေမွ်ာ္လင့္ထား ျပီးေတ့ာ သူတို႕က ႏွစ္ခုေတာင္ျဖစ္သည္။
အဖိုးၾကီးရဲ႕ ႏႈတ္က ခ်က္ခနဲျမည္သံေတာင္ထြက္လာသည္။ သူက ရတနာေတြ ျမင္ေနၾကျဖစ္တာေတာင္ သူဟာ အံ႕အားသင့္ေနတုန္းျဖစ္သည္။ အနည္းငယ္ တြန္႕ဆုတ္အျပီးမွာေတာ့ "ေရခဲရုပ္တု ႏွစ္ခုက စိတ္၀ိဥာဥ္အရည္ အစက္ ကိုးဆယ္ေလာက္ေတာ့ ရနုိင္လိ္မ့္မယ္ထင္တယ္၊ ဒါေပမယ့္ ဒီအဖိုးၾကီး အၾကံေပးခ်င္တာ ဒီက လူၾကီးမင္းႏွစ္ဦးလံုးေနနဲ႕ ေလလံမတင္ခင္ အရင္ဆံုး သန္႕စင္ျပီးမွ တင္ရင္ ပိုေကာင္းမယ္လို႕ထင္တယ္။"
"ဘာလို႕လဲ" You XiaoMo စီက ေမးခြန္းခ်က္ခ်င္းထြက္လာသည္။
"ဘာလို႕လဲဆိုေတာ့ ေမွာ္ဆရာေတြကပဲ သန္႕စင္ႏို္္င္တာမို႕လုိ႕ပါ အကယ္လုိ႕ သိုင္းသမားေတြက ေလလံေအာင္သြားခဲ႔ရင္ သူတို႕ေတြက ေမွာ္ဆရာတစ္ေယာက္ကို ရွာျပီး သန္႕စင္ဖို႕ ခိုင္းေနရမွာ အဆင့္တစ္ဆင့္ပိုသြားတာေပါ့ အာ့ဆိုရင္ တစ္သိန္းက ကိုးေသာင္းပဲ ရႏိုင္ေတာ့မယ္ေလ ေလလံပြဲကမနက္ျဖန္ဆိုေတာ့ ျမန္နုိင္သမွ် ျမန္ႏိုင္ရင္ေတာ့ ေကာင္းတာေပါ့" အဖိုးၾကီးက သူ႔မုတ္ဆိတ္ေမႊးကို သပ္ရင္းနဲ႕ မ်က္လံုးထဲမွာေတာ့ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေတြသန္းေနသည္။
You XiaoMoကေတာ့ မ်က္ေမွာင္ ၾကံဳသြားသည္။ သန္႕စင္တာေလးတစ္ခုနဲ႕ ေစ်းက တစ္ေသာင္းေတာင္ကြာသည္။ မဟုတ္ေသးပါဘူး၊ အကယ္လို႕ သူ႕ဘာသာသူ လုပ္ရင္ေတာ့ မဆိုးလွ ဒါေပမယ့္အခ်ိန္ကလဲ ေန႕တစ္၀က္သာ က်န္ေတာ့သည္။ သူ႕မွာလဲ Ling Xiao နဲ႕ အျခားေသာ ၀ယ္စရာေတြ ရွိေနသည္။ အခ်ိန္က မလံုေလာက္ေတာ့ သူဘယ္လုိလုပ္ရပါမလဲေနာ္။
You XiaoMo မၾကံတတ္ေတာ့သလုိမ်ိဳး သနားစရာအၾကည့္ေလးတစ္ခ်က္ကို Ling Xiao ဆီကို ပစ္လႊတ္ထဲ႔လုိက္သည္။
Ling Xiao ကလဲ နားလည္ျပီး အသာျပံဳးျပလုိက္သည္ ျပီးတာနဲ႕ သူအဖိုးၾကီးကိုၾကည့္ကာ နားလည္ေသာအၾကည့္မ်ိုဳးႏွင့္ "ေျပာၾကည့္လုိက္ေလ."
အဖိုးၾကီးက ေခ်ာင္းဆိုးကာ တြန္႕သြားသည္။ သူ ဒီလူကို မေက်ာ္ႏိုင္တာ အေသအခ်ာပါပဲ။ အကယ္လုိ႕သာ ဒီလူသာ မရွိဘူးဆိုရင္ သူက ဒီလူငယ္ေလးကို သူ႕ဘက္ပါလာေအာင္ တစ္နည္းနည္းနဲ႕ေတာ့ လွည့္ျဖားႏိုင္မွာပ္။ တစ္ခ်က္ၾကည့္တာနဲ႕ လူငယ္ေလးက ေလလံပြဲစျပီဆိုတာနဲ႕ ဘာမွန္းေတာင္ သိလုိ္က္မည္မဟုတ္။ ဒါေပမယ့္ ဒီလူကေတာ့ မတူ ထူးျခားသည္။ သူ႔အေနနဲ႕က ဒီလူကို ေက်ာ္ျပီးေတာ့ ဘာမွကို မလုပ္နုိ္င္တာ ေသခ်ာလွသည္မို႕ " ဒီအဖိုးၾကီးက ဒီကလူၾကီးမင္းႏွစ္ေယာက္ကို လူကူရွာေပးနုိင္ပါတယ္။ ဒါေပမယ့္ ျပီးသြားတဲ႕ အခါက်ရင္ေတာ့ စိတ္၀ိဥာဥ္ အရည္ သံုးစက္ကို အဖိုးအခအျဖစ္ ေပးရလိမ့္မယ္"
You XiaoMo ခ်က္ခ်င္းတြက္ခ်က္လုိက္သည္။ စိတ္၀ိဥာဥ္သံုးစက္ က သံုးသိန္းက်မည္။ ဒါကလဲ အေျခခံေစ်းႏႈန္းသာရွိေသးသည္။ သန္႔စင္မႈ မျပဳပဲသာ ေလလံတင္လုိက္မည္ဆိုပါက သူက ကိုးသိန္းဆံုးရွံဳးမွာျဖစ္သည္။ တြက္ၾကည့္လုိ္က္ရင္ ေလလံပြဲမစခင္ လူရွာျပီး သန္႕စင္လိုက္တာ ပိုတန္ေနသည္။
"အကိုၾကီးLing ဒါကေတာ့ လက္ခံလို႕ရယ္" You XiaoMo Ling Xiaoရဲ႕ အက်ီစေလးကို ဆြဲကာ ေျပာျပလုိက္သည္။
Ling Xia သူ႔ေခါင္းကို စိတ္မရွည္စြာနဲ႕ အသာေခါက္လုိ္က္သည္။ သူ႔အမူအယာေတြက သူဘာေတြးေနလဲဆိုတာကို ရွင္းရွင္းလင္းလင္း ေဖာ္ျပေနသည္။ သူထင္ေနတာက သူကသာ ဆံုးျဖတ္ခ်က္ေတြ လုပ္ေနတယ္လုိ႕ ထင္ေနတာ အမွန္ကေတာ့ ဟိုဘက္တစ္ဖက္ကလဲ ဆံုးရွံဳးမႈေတာ့မရွိ။ လူအခ်ိဳ႕ကေတာ့ ေငြတစ္သိန္းသံုးတာေတာင္ စိတ္၀ိဥာဥ္အရည္ တစ္စက္ ရဖို႕ ကိန္းမရွိေခ်။
" ႏွစ္စက္" Ling Xiao ရဲ႕ ေလသံမွာကိုက ညွိႏွိဳင္းလို႕မရနုိင္ေတာ့ဟု တစ္ခါတည္း ေျပာထားသည့္ အတိုင္းျဖစ္သည္။
အဖိုးၾကီးကေတာ့ သူထင္ထားသည့္အတိုင္း တုန္႔ဆိုင္းျခင္းပင္းမရွိ "သေဘာတူတယ္။ ဒါေပမယ့္ စိတ္၀ိဥာဥ္ ရွစ္ဆယ့္ ရွစ္စက္ ဆိုတာက နည္းတဲ႕ အေရအတြက္ေတာ့ အဟုတ္ဘူး ဒီက လူၾကီးမင္းႏွစ္ေယာက္က ေလလံပြဲမွာ ႏွစ္ခု သံုးခု ခြဲျပီးမ်ား ေရာင္းခ်င္သလား"
Ling Xiao က အဓိပၸါယ္ပါပါနဲ႔ ျပံဳးကာ " မလိုဘူး ေလလံကို တစ္ခါတည္းနဲ႔ တစ္ၾကိမ္ပဲ ေရာင္းမယ္"
အဖုိးၾကီးခမ်ာ ခဏေလာက္ သတိမကပ္ပဲ ျဖစ္သြားသည္။ ျပီးမွ ခပ္တြန္႕တြန္႕ ရယ္ရင္းနဲ႕ ေခါင္းကိုျငိမ့္လုိ္က္သည္။ သူကေတာ့ ေသခ်ာေနျပီ မနက္ျဖန္ ေလလံပြဲကေတာ့ အေတာ့္ကို ျပင္းျပင္းထန္ထန္ျဖစ္ဦးမွာပင္။ စိတ္၀ိဥာဥ္အရည္ ရွစ္ဆယ့္ ရွစ္စက္ ဆိုတာက နည္းတဲ႕ ပမာဏမဟုတ္ ။ အကယ္လို႕ လူတစ္ေယာက္က နို္င္သြားတယ္ဆိုရင္ သူ႔ရဲအသက္ကို တုိက္ပြဲမွာ အာမခံနို္င္ေနျပီ။ အဲသလုိ အာဏာရွိမယ့္ ခြန္အားကို ဒီလိုအခြင့္ေရး ေကာင္းတုန္းမွာ လက္လြတ္မခံသင့္ေပ။
အဖိုးၾကီးက အနက္ေရာင္နဲ႕ ေရႊေရာင္ တံဆိပ္ျပားတစ္ခုစီကို ေကာင္တာအတြင္းက ျမစိမ္းေရာင္ ေက်ာက္စိမ္းကေန ထုတ္ယူလုိက္သည္။ အဲဒါေတြကို Ling Xiao ကို ေပးကာ " ဒါေတြက ကၽြန္ေတာ္တို႕ ၾကယ္ခုနစ္လံုးေလလံအိမ္ရဲ႕ ကိုယ္စားကတ္ေတြပါ။ ဒီက လူၾကီးမင္းႏွစ္ေယာက္ရဲ႕ ေလလံပစၥည္းက သိန္းငါးဆယ္ေက်ာ္တယ့္အတြက္ေၾကာင့္ ဂုဏ္ထူးေဆာင္ဧည့္သည္အဆင့္ ရွိပါတယ္။ ဒီဟာကေတာ့ ထုိင္ခံု နံပါတ္ပါ။ က်င္းပမယ့္ အခ်ိန္ေရာက္ရင္ လူၾကီးမင္းတို႕အေနနဲ႕ ဒီနံပါတ္အတိုင္း ထုိင္ေပးရမွာ ျဖစ္ပါတယ္ အေရးအၾကီးဆံုးက ဒီတံဆိပ္ျပား ၾကယ္ခုနစ္လံုးတံဆိပ္ကပ္ထားတဲ႕ ေလလံအိမ္အားလံုးနဲ႕ ဆုိင္အားလံုးမွာ သံုးလုိ႕ရမွာ ျဖစ္ပါတယ္။
Ling Xiao ေတာင္ လက္မဆန္႕ရေသးခင္ You XiaoMo စိတ္အားအၾကီးနဲ႕ လွမ္းယူလိုက္သည္။
အနက္ေရာင္နဲက ေရႊေရာင္ တံဆိပ္ျပားေတြက အေတာ္ ကြဲျပားလွသည္။ သူတို႕အေပၚမွာက ငါးေထာင့္ၾကယ္ ခုနစ္လံုးကို ဆြဲထားသည္။ ဒါေတြက သူ႔ကို ကုန္တုိက္ေတြရဲ႕ ေလ်ာ့ေစ်းကတ္ေတြကို သတိရေစသည္။ ဒီတံဆိပ္ျပားေတြက ေလ်ာ့ေစ်းကတ္နဲ႕ အလားသ႑န္တူသည္။ ေကာင္းတာေပါ့ သူနဲနဲေလာက္ေတာ့ စမ္းျပီး သံုးၾကည့္သင့္သည္။
C-104
A stupid pig.
အခန်း ၁၀၄ ၀က်ငတုံး
သူ့မျက်နှာ အမူအယာ မြင်တာနဲ့ သူက ဈေးနှုန်းကို သိပ်မကျေနပ်ဟုအဖိုးကြီးထင်လိုက်တာကြောင့် ဆက်ကာ ရှင်းပြလေသည်။
"စိတ်ဝိဥာဉ်အရည်က စိတ်စွမ်းအင် ကို အသစ်ဖြစ်စေပေမယ့် သိုင်းသမားက သန်မာလာလေ စိတ်ဝိဥာဉ်ရည်က ပိုလိုလေပဲ ဥပမာအနေနဲ့ လအဆင့် သိုင်းသမားတစ်ယောက်က စိတ်ဝိဥာဉ်ရည်တစ်စက်ဆိုရင် သူ့စိတ်စွမ်းအင်ရဲ့ ငါးပုံ တစ်ပုံကိုပဲ ပြန်ပြည့်အောင် လုပ်နိုင်တယ် မြင့်လာလေလေ ပိုပြိး လိုအပ်လေလေပဲ"
ငါးပုံတစ်ပုံပဲဆိုပေမယ့် သေရေးရှင်ရေး ကိစ္စမှာ ဆိုရင်တော့ ဒါက စိတ်ချနိုင်တဲ့ အခြေအနေကို တော့ ရောက်ရှိစေသည်။ ဒါ့ကြောင့်လဲ ဈေးနှုန်းက တစ်သိန်းအောက် မကျတာဖြစ်သည် သေချာအောင် ထပ်ပြောရရင် လေလံမှာ တင်ရောင်းပြီဆိုတာနဲ့ ဘယ်လောက်အထိ ဈေးအမြင့်ဆုံးရောက်နိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်။
You XiaoMo က သူနားလည်တဲ့ အနေနဲ့ ခေါင်းငြိမ့်ပြလိုက်သည်။ သူက ဒီသိုင်းလောကနဲ့ မရင်းနှီးပေမယ့် သိုင်းအဆင့် သတ်မှတ်ချက် ကွာခြားမှုတွေကို တော့ သူသိသည့် သူတို့တွေကို ခွဲနိုင်တာက လူအဆင့် မြေကမ္ဘာအဆင့် ကောင်းကင်အဆင့် လအဆင့် အာကာသအဆင့် စိတ်ဝိဥာဉ်အဆင့် ဧကရာဇ်အဆင့် နတ်ဘုရားအဆင့် နဲ့ အထွတ်အမြတ်အဆင့် ဆိုပြီးရှိသည်။ အားလုံးပေါင်း အဆင့် ဆယ့်နှစ်ဆင့် ရှိပြီး မှော်ဆရာ အဆင့် ဆယ့်နှစ်မျိုးရှိတာနဲ့ တူသည်။
ပြောရကြေးဆိုရင် ဒီဈေးက နိမ့်သည်လို့တော့ ဆို၍မရ။
သူ့သဘောမတူဟန်လဲ မပြတာမို့ အဖိုးကြီးက သက်ပြင်းတစ်ချက်ချနိုင်သည်။ တကယ်တော့ စိတ်ဝိဥာဉ်အရည်လိုမျိုးပစ္စည်းတွေက လူတိုင်းက လေလံပွဲမှာ တင်မည့်ပစ္စည်းမျိုးမဟုတ်။ လူအများစုက သူတို့ ကိုယ်ပိုင်သုံးဖို့ပဲ သိမ်းထားကြမှာဖြစ်သည်။ တစ်ခါမှ မရောင်းဘူးလို့ အဖိုးတောင်ဖြတ်၍မရ။
"ဈေးအကဲဖြတ်တာကတော့ ပြီးသွားပါပြီ လူကြီးမင်းတို့ ဘယ်နှစက်လောက်များလေလံပွဲမှာ တင်ချင်ပါသလဲ"
You XiaoMo ကစကားအများကြီးပြောမနေတော့ သူ့မှော်အိတ်ထဲကနေ လူတစ်ရပ်လောက်ရှိတဲ့ ရေခဲရုပ် နှစ်ခု ထုတ်ယူလိုက်သည်။ရေခဲပန်းပုတွေက ထုတ်လွှတ်တဲ့ အေးစက်တဲ့ လေကြောင့် လျှို့ဝှက်ခန်းထဲမှာ စိုထိုးစ မြင့်တက်သွားပေမယ့် အခန်းအပူချိန်ကတော့ အများကြီး မပြောင်းလဲသွားချေ။
သူဆွဲထုတ်တာကို မြင်လိုက်တာနဲက အဖိုးကြီးရဲ့ မျက်လုံးတွေ ပြူးကြယ်ကာ အံ့အားသင့်သွားသည်။ သူထင်တာက ဒီလူငယ်လေးက အလွန်ဆုံးယူလာမှ စိတ်ဝိဥာဉ်အရည် ငါးစက် ခြောက်စက်ပဲဟု ထင်ထားသည်။ ဒီလောက်ကြီးသော ရေခဲရုပ်တုကြီးဖြစ်လိမ့်မည်ဟု မမျှော်လင့်ထား ပြီးတေ့ာ သူတို့က နှစ်ခုတောင်ဖြစ်သည်။
အဖိုးကြီးရဲ့ နှုတ်က ချက်ခနဲမြည်သံတောင်ထွက်လာသည်။ သူက ရတနာတွေ မြင်နေကြဖြစ်တာတောင် သူဟာ အံ့အားသင့်နေတုန်းဖြစ်သည်။ အနည်းငယ် တွန့်ဆုတ်အပြီးမှာတော့ "ရေခဲရုပ်တု နှစ်ခုက စိတ်ဝိဥာဉ်အရည် အစက် ကိုးဆယ်လောက်တော့ ရနိုင်လ်ိမ့်မယ်ထင်တယ်၊ ဒါပေမယ့် ဒီအဖိုးကြီး အကြံပေးချင်တာ ဒီက လူကြီးမင်းနှစ်ဦးလုံးနေနဲ့ လေလံမတင်ခင် အရင်ဆုံး သန့်စင်ပြီးမှ တင်ရင် ပိုကောင်းမယ်လို့ထင်တယ်။"
"ဘာလို့လဲ" You XiaoMo စီက မေးခွန်းချက်ချင်းထွက်လာသည်။
"ဘာလို့လဲဆိုတော့ မှော်ဆရာတွေကပဲ သန့်စင်နို်င်တာမို့လို့ပါ အကယ်လို့ သိုင်းသမားတွေက လေလံအောင်သွားခဲ့ရင် သူတို့တွေက မှော်ဆရာတစ်ယောက်ကို ရှာပြီး သန့်စင်ဖို့ ခိုင်းနေရမှာ အဆင့်တစ်ဆင့်ပိုသွားတာပေါ့ အာ့ဆိုရင် တစ်သိန်းက ကိုးသောင်းပဲ ရနိုင်တော့မယ်လေ လေလံပွဲကမနက်ဖြန်ဆိုတော့ မြန်နိုင်သမျှ မြန်နိုင်ရင်တော့ ကောင်းတာပေါ့" အဖိုးကြီးက သူ့မုတ်ဆိတ်မွှေးကို သပ်ရင်းနဲ့ မျက်လုံးထဲမှာတော့ မျှော်လင့်ချက်ရောင်ခြည်တွေသန်းနေသည်။
You XiaoMoကတော့ မျက်မှောင် ကြုံသွားသည်။ သန့်စင်တာလေးတစ်ခုနဲ့ ဈေးက တစ်သောင်းတောင်ကွာသည်။ မဟုတ်သေးပါဘူး၊ အကယ်လို့ သူ့ဘာသာသူ လုပ်ရင်တော့ မဆိုးလှ ဒါပေမယ့်အချိန်ကလဲ နေ့တစ်ဝက်သာ ကျန်တော့သည်။ သူ့မှာလဲ Ling Xiao နဲ့ အခြားသော ၀ယ်စရာတွေ ရှိနေသည်။ အချိန်က မလုံလောက်တော့ သူဘယ်လိုလုပ်ရပါမလဲနော်။
You XiaoMo မကြံတတ်တော့သလိုမျိုး သနားစရာအကြည့်လေးတစ်ချက်ကို Ling Xiao ဆီကို ပစ်လွှတ်ထဲ့လိုက်သည်။
Ling Xiao ကလဲ နားလည်ပြီး အသာပြုံးပြလိုက်သည် ပြီးတာနဲ့ သူအဖိုးကြီးကိုကြည့်ကာ နားလည်သောအကြည့်မျိုးနှင့် "ပြောကြည့်လိုက်လေ."
အဖိုးကြီးက ချောင်းဆိုးကာ တွန့်သွားသည်။ သူ ဒီလူကို မကျော်နိုင်တာ အသေအချာပါပဲ။ အကယ်လို့သာ ဒီလူသာ မရှိဘူးဆိုရင် သူက ဒီလူငယ်လေးကို သူ့ဘက်ပါလာအောင် တစ်နည်းနည်းနဲ့တော့ လှည့်ဖြားနိုင်မှာပ်။ တစ်ချက်ကြည့်တာနဲ့ လူငယ်လေးက လေလံပွဲစပြီဆိုတာနဲ့ ဘာမှန်းတောင် သိလိုက်မည်မဟုတ်။ ဒါပေမယ့် ဒီလူကတော့ မတူ ထူးခြားသည်။ သူ့အနေနဲ့က ဒီလူကို ကျော်ပြီးတော့ ဘာမှကို မလုပ်နိုင်တာ သေချာလှသည်မို့ " ဒီအဖိုးကြီးက ဒီကလူကြီးမင်းနှစ်ယောက်ကို လူကူရှာပေးနိုင်ပါတယ်။ ဒါပေမယ့် ပြီးသွားတဲ့ အခါကျရင်တော့ စိတ်ဝိဥာဉ် အရည် သုံးစက်ကို အဖိုးအခအဖြစ် ပေးရလိမ့်မယ်"
You XiaoMo ချက်ချင်းတွက်ချက်လိုက်သည်။ စိတ်ဝိဥာဉ်သုံးစက် က သုံးသိန်းကျမည်။ ဒါကလဲ အခြေခံဈေးနှုန်းသာရှိသေးသည်။ သန့်စင်မှု မပြုပဲသာ လေလံတင်လိုက်မည်ဆိုပါက သူက ကိုးသိန်းဆုံးရှုံးမှာဖြစ်သည်။ တွက်ကြည့်လိုက်ရင် လေလံပွဲမစခင် လူရှာပြီး သန့်စင်လိုက်တာ ပိုတန်နေသည်။
"အကိုကြီးLing ဒါကတော့ လက်ခံလို့ရယ်" You XiaoMo Ling Xiaoရဲ့ အကျီစလေးကို ဆွဲကာ ပြောပြလိုက်သည်။
Ling Xia သူ့ခေါင်းကို စိတ်မရှည်စွာနဲ့ အသာခေါက်လိုက်သည်။ သူ့အမူအယာတွေက သူဘာတွေးနေလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ သူထင်နေတာက သူကသာ ဆုံးဖြတ်ချက်တွေ လုပ်နေတယ်လို့ ထင်နေတာ အမှန်ကတော့ ဟိုဘက်တစ်ဖက်ကလဲ ဆုံးရှုံးမှုတော့မရှိ။ လူအချို့ကတော့ ငွေတစ်သိန်းသုံးတာတောင် စိတ်ဝိဥာဉ်အရည် တစ်စက် ရဖို့ ကိန်းမရှိချေ။
" နှစ်စက်" Ling Xiao ရဲ့ လေသံမှာကိုက ညှိနှိုင်းလို့မရနိုင်တော့ဟု တစ်ခါတည်း ပြောထားသည့် အတိုင်းဖြစ်သည်။
အဖိုးကြီးကတော့ သူထင်ထားသည့်အတိုင်း တုန့်ဆိုင်းခြင်းပင်းမရှိ "သဘောတူတယ်။ ဒါပေမယ့် စိတ်ဝိဥာဉ် ရှစ်ဆယ့် ရှစ်စက် ဆိုတာက နည်းတဲ့ အရေအတွက်တော့ အဟုတ်ဘူး ဒီက လူကြီးမင်းနှစ်ယောက်က လေလံပွဲမှာ နှစ်ခု သုံးခု ခွဲပြီးများ ရောင်းချင်သလား"
Ling Xiao က အဓိပ္ပါယ်ပါပါနဲ့ ပြုံးကာ " မလိုဘူး လေလံကို တစ်ခါတည်းနဲ့ တစ်ကြိမ်ပဲ ရောင်းမယ်"
အဖိုးကြီးခမျာ ခဏလောက် သတိမကပ်ပဲ ဖြစ်သွားသည်။ ပြီးမှ ခပ်တွန့်တွန့် ရယ်ရင်းနဲ့ ခေါင်းကိုငြိမ့်လိုက်သည်။ သူကတော့ သေချာနေပြီ မနက်ဖြန် လေလံပွဲကတော့ အတော့်ကို ပြင်းပြင်းထန်ထန်ဖြစ်ဦးမှာပင်။ စိတ်ဝိဥာဉ်အရည် ရှစ်ဆယ့် ရှစ်စက် ဆိုတာက နည်းတဲ့ ပမာဏမဟုတ် ။ အကယ်လို့ လူတစ်ယောက်က နိုင်သွားတယ်ဆိုရင် သူ့ရဲအသက်ကို တိုက်ပွဲမှာ အာမခံနိုင်နေပြီ။ အဲသလို အာဏာရှိမယ့် ခွန်အားကို ဒီလိုအခွင့်ရေး ကောင်းတုန်းမှာ လက်လွတ်မခံသင့်ပေ။
အဖိုးကြီးက အနက်ရောင်နဲ့ ရွှေရောင် တံဆိပ်ပြားတစ်ခုစီကို ကောင်တာအတွင်းက မြစိမ်းရောင် ကျောက်စိမ်းကနေ ထုတ်ယူလိုက်သည်။ အဲဒါတွေကို Ling Xiao ကို ပေးကာ " ဒါတွေက ကျွန်တော်တို့ ကြယ်ခုနစ်လုံးလေလံအိမ်ရဲ့ ကိုယ်စားကတ်တွေပါ။ ဒီက လူကြီးမင်းနှစ်ယောက်ရဲ့ လေလံပစ္စည်းက သိန်းငါးဆယ်ကျော်တယ့်အတွက်ကြောင့် ဂုဏ်ထူးဆောင်ဧည့်သည်အဆင့် ရှိပါတယ်။ ဒီဟာကတော့ ထိုင်ခုံ နံပါတ်ပါ။ ကျင်းပမယ့် အချိန်ရောက်ရင် လူကြီးမင်းတို့အနေနဲ့ ဒီနံပါတ်အတိုင်း ထိုင်ပေးရမှာ ဖြစ်ပါတယ် အရေးအကြီးဆုံးက ဒီတံဆိပ်ပြား ကြယ်ခုနစ်လုံးတံဆိပ်ကပ်ထားတဲ့ လေလံအိမ်အားလုံးနဲ့ ဆိုင်အားလုံးမှာ သုံးလို့ရမှာ ဖြစ်ပါတယ်။
Ling Xiao တောင် လက်မဆန့်ရသေးခင် You XiaoMo စိတ်အားအကြီးနဲ့ လှမ်းယူလိုက်သည်။
အနက်ရောင်နဲက ရွှေရောင် တံဆိပ်ပြားတွေက အတော် ကွဲပြားလှသည်။ သူတို့အပေါ်မှာက ငါးထောင့်ကြယ် ခုနစ်လုံးကို ဆွဲထားသည်။ ဒါတွေက သူ့ကို ကုန်တိုက်တွေရဲ့ လျော့ဈေးကတ်တွေကို သတိရစေသည်။ ဒီတံဆိပ်ပြားတွေက လျော့ဈေးကတ်နဲ့ အလားသဏ္ဍန်တူသည်။ ကောင်းတာပေါ့ သူနဲနဲလောက်တော့ စမ်းပြီး သုံးကြည့်သင့်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now