Chapter 230 Second Assessment (Z & U)

9.1K 1.5K 95
                                    

Chapter 230 Second Assessment.

အခန်း ၂၃၀ ဒုတိယမြောက် စမ်းသပ်မှု

You XiaoMo က ပထမစမ်းသပ်မှုတွင် ပထမနေရာကို Teng ZiXin နှင့် အတူ ပူးတွဲ ဗိုလ်စွဲသွားသည်။ ဒီအဖြစ်အပျက်က သိပ်မကြာခင်မှာပဲ မှော်ဆရာအစည်းအရုံးကို ပျံနှံသွားသည်။ ခန်းမထဲမှာ အရင်ပြုခဲ့သော အရာများက You XiaoMoနာမည်ကို ပျံနှံသွားအောင်ဖြစ်ခဲ့တာ ဆိုလျှင် ဒီနေ့အဖြစ်အပျက်ကတော့ သူ့နာမည်ကို ပိုပြီး နာမည်ကြီးသွားစေတာ ဖြစ်သည်။

ဆယ့်ရှစ်နှစ်တောင် မပြည့်သေးပဲ ပါရမီရှင် ဖြစ်နေတာကို အံအားသင့်နေကြသော ဒီလိုလူမျိုးကို သူတို့တပည့်အဖြစ်လက်မခံနိုင်ဘူးဟု ခြိမ်းခြောက်ခဲ့သော ဆရာများမှာ အခုတော့  ဒုတိယစမ်းသပ်မှုတောင် မစသေးခင်မှာ ကို ခန်းမဆီကို ပြေးလာနေကြပြီ။ Teng ZiXin နှင့် တောင် ယှဉ်ပြိုင်နိုင်သော သူက ဘယ်လိုလူမျိုးလဲ ဆိုတာ သူတို့သိချင်လှသည်။

စမ်းသပ်မှုတွင် နှစ်ပိုင်းရှိသည်။ ဒုတိယအပိုင်းက နောက်တစ်နာရီနေလျှင် စမည်ဖြစ်ကာ လူတိုင်းက ဒီအားလပ်ချိန်အတွင်းမှာ ကြိုက်တာ လုပ်ဆောင်နိုင်သည်။ သို့သော် သူတို့က တစ်နာရီကြာလျှင် စမ်းသပ်မှုကို ဆက်ဖြေရန် ပြန်လာကြရမည်။ သူတို့ နောက်ကျလျှင် သူ့တို့ဘာသာ စမ်းသပ်မှုကို လက်လျော့လိုက်သည်ဟု မှတ်ယူလိမ့်မည်။ You XiaoMo နှင့် Ling Xiao က ခန်းမကြီးထဲကနေ မထွက်သွားကြပေ။ အဲဒိအစားသူတို့က ထိုင်စရာ နေရာတစ်ခုရှာကာ နားနေကြသည်။

ခန်းမကြီးထဲတွင် လူများ ထိုင် နားနေရန် အတွက် ထိုင်ခုံများရှိသည် သို့သော်လည်း အများကြီးတော့ မဟုတ်ပေ။ ပထမ စမ်းသပ်မှု အပြီးတွင် လူအများက ထိုနေရာများဆီသို့သွားကာ ထိုင်ကြသည်။ You XiaoMo နှင့် Ling Xiao က ဆရာမNingJing ၏ အရေးစိုက်မှု ခံရတာကြောင့် သူ(မ)က သူတို့အတွက် ထိုင်ခုံနှစ်နေရာ ပေးသည်။

ပထမအသုတ် စမ်းသပ်မှုတွင် မှော်ဆရာ အချို့အောင်မြင်သွားသော်လည်း ပေါင်းခံသန့်စင်ခြင်းကလည်း သူတို့၏ ၀ိဥာဏ်အားကို အတော်အတန်တော့ ကုန်ဆုံးစေသည်။ အကယ်လို့သာ ဒုတိယစမ်းသပ်မှုကို ချက်ချင်းစတင်လိုက်လျှင် ဒီကိစ္စကို မလုပ်နိုင်လောက်ပေ။ ဒီတော့ ဒီနားနေသော အချိန်တစ်ရာက သူတို့အတွက် သူတို့ ၀ိဥာဏ်စွမ်းရည်တွေ ပြန်လည် ဖြည့်တင်းရမည် ဖြစ်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now