Chapter 182 ( Z & U )

8.4K 1.4K 53
                                    

C- 182 The collapse of Demon Peak.

အခန်း ၁၈၂ မှော်ဝင်သားရဲတောင် ပြိုလဲခြင်း

You XiaoMo က တံခါးပေါက်ကို ဟင်းလင်းဖွင့်ထားသည့်နေရာအပြင်တွင် မတ်တပ်ရပ်နေကာ အခန်းကျယ်များကို လေ့လာကြည့်ရှုနေသည်။ အဲဒိ အခန်းကျယ်များက ကိုယ်ခံပညာရှင်များအတွက် ဖြစ်လိမ့်မည်ဟု သူထင်လိုက်သည်။ အချို့သော အခန်းကျယ်များက အလွန် ရိုးရှင်းလှကာ အိပ်ယာတစ်ခုလောက်သာ ရှိသည်။ အချို့ကြမ်းပြင်များက တိုက်ခိုက်ခြင်းကျင့်စဉ်များ နှင့် လက်နက်များ၏ ခြစ်ရာများဖြင့် ပြည့်နှက် ရှုပ်ရှက်ခတ်နေသည်။

အရည်အချင်းရှိသော ရတနာရှာဖွေသူတစ်ယောက် ဖြစ်စေရန်အတွက် You XiaoMo က မှော်အိတ်တစ်ခုကို ပြင်ဆင်ထားကာ အခန်းကျယ်ထဲကအရာအားလုံးကို အကောင်းကော အဆိုးပါ  သိမ်းပလိုက်သည်။ အဲဒိနောက် သူက အခြားအခန်းကျယ်တစ်ခုသို့ သွားသည်။ အခန်းတံခါး တင်းတင်းကြပ်ကြပ်ပိတ်ထားသော ကျောက်သားအခန်းများကိုတော့ အခုချိန်တွင် သူ မထိရဲသေးပေ။ အထဲကနေ သက်ရှိအရာများ ရုတ်တရက် ထွက်လာမလားဆိုတာ ဘယ်သူက သိတာ မှတ်လို့။

You XiaoMo  ဆယ်ခန်းမြောက် ခန်းမကျယ်ကြီးကို ရှင်းလင်းပြီးချိန်တွင် သူ ရုတ်တရက် ဆေးနံ့တစ်ချက် ရလိုက်သည်။

ထို ဆေးနံ့က အတော်လေးကို ပြင်းကာ ဘေးနားက အခန်းနီးချင်းတစ်ခုကနေ ဆက်တိုက် ထွက်ပေါ်နေသည်။

You XiaoMo  က ထိုကျောက်သားအခန်းဆီကို လျှောက်သွားကာ တင်းတင်းပိတ်ထားသော ကျောက်တံခါးကို ကြည့်လိုက်သည်။ ကျောက်တံခါးက အချိန်အတော်ကြာကြာတည်းက မဖွင့်ထားခဲ့ပုံ ပေါ်ကာ ထိပ်နားတွင် အစိမ်းရောင် ရေညှိပင်များပင် ပေါက်နေသည်။ ဒိကျောက်သားအခန်းက မှော်ဆေးပင်တွေ သိမ်းတဲ့ အခန်းများ ဖြစ်နိုင်မလား?

အဖြေက ဘာပဲ ဖြစ်ဖြစ် ဆေးနံ့ရရှိနေခြင်း၏ အဓိပ္ပါယ်ကိုက အထဲတွင် မှော်ဆေးပင်များ ရှိရမည်ဆိုတာပင်။

You XiaoMo က သူ့အကျီ င်္လက်ကို ချက်ချင်းမတင်ကာ သူ့အားအင်တွေကို အကုန်ထုတ်လိုက်သည်။ ဂျီ..ကျီ မြည်သံနှင့်အတူ တံခါးက လည်း အက်ဟကြောင်းလေး တစ်ခုအဖြစ် ပွင့်ဟသွားသည်။ အဲဒိအချိန်မှာပဲ မှော်ဆေးပင်များမှ ထုတ်လွှတ်သော ဆေးနံ့များက ချက်ချင်းကို တံခါးအဟကနေ ထွက်လာသည်။ အသက်ရှုသွင်းလိုက်သည်နှင့် ၀ိဥာဏ်ခွန်အားကို လန်းဆန်းစေသည်။ 

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now