Chapter 140 Qing City's Pavilion of Ten Thousand Treasures ( z & u)

11.3K 1.5K 9
                                    

C-140 Qing city's Pavilion of Ten thousand treasures.
ZAWGYI
အခန်း ၁၄၀ Qingမြို့ကြီး၏ ရတနာတစ်သောင်းပွဲကြည့်စင်
HePing မြို့လေးကနေ ထွက်ခဲ့တာနဲ့ You XiaoMo တစ်ယောက် Ling Xiao ၏ စည်းကမ်းများနှင့် ကန့်သတ်ခြင်းကို ခံရလေသည်။ သူစိမ်းများကို အလွယ်တကူယုံကြည်ခြင်းကြောင့်။ အကယ်လို့အဲဒိလူက အခြားရည်ရွယ်ချက်တွေရှိရင် ဘယ်လိုလုပ်မလဲ? အရောင်းခံရရင်ကော မင်းကပိုက်ဆံတွေကူညီပေးနေဦးမှာလား?
ဒီတော့ Ling Xiao က အခုအခွင့်အရေးကို အရယူပြီး You XiaoMo ကိုသင်ခန်းစာတစ်ခုသင်လေသည်။ သင်ခန်းစာရဲ့မာတိကာ က အကြောင်းပြချက်မရှိပဲ မင်းကို ကောင်းတဲ့သူကို မယုံရ။ ဒါက သူတို့က ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တစ်ခုရှိလို့ဖြစ်သည်။
You XiaoMoက အခုထိ အနည်းငယ်အဆင်မပြေဖြစ်တုန်းဖြစ်သည်။ သို့သော် ဒါက ကမ္ဘာနှစ်ခုကကွာခြားတာကြောင့် ဖြစ်နိုင်သည်။ သို့သော် သူနားမလည်တာက လူတွေက သူ့အပေါ်ကောင်းတဲ့အခါမှာ သူက သတိရှိရမှာလဲ။ သူ့စိတ်ထဲမှာတော့ လူတိုင်းကတော့ ဆိုးမနေပေ။ ဒီတော့ သူက Ling Xiaoကို ဒီမေးခွန်းပြန်မေးလိုက်သည်။
'ညီလေး စိတ်တန်ခိုးရှိသူတွေက လက်တစ်ဖက်ထဲနဲ့တောင် ကောင်းကင်ကို ထောက်ဖောက်ထွင်းနိုင်ပြီးတော့ သာမာန်မဟုတ်တဲ့ တန်ခိုးတွေရှိတာကြောင့်ကောင်းကင်ဘုံဥပဒေကိုတောင် ဆန့်ကျင်နိုင်တယ်။ ကောင်းကင်ဘုံဥပဒေကို ချိုးဖောက်တယ်ဆိုတာက အရမ်းအန္တရာယ်များတဲ့လမ်း အကောင်းဆုံးကတော့ တန်ခိုးတွေတိုးပွားအောင် လုပ်တာပဲ။ တန်ခိုးခွန်အားဆိုတာက လူတိုင်းက တိုးချင်သလို တိုးလို့ရတဲ့အရာမဟုတ်ဘူး စိတ်တန်ခိုးရှိသူတိုင်းရဲ့စွမ်းရည်တွေက အနည်းငယ်တော့ ကွာခြားကြတယ်။ အခြေအနေဆိုးတာ ဒါမှမဟုတ် ပါရမီနည်းတာ လိုမျိုးဆိုရင် သူတို့က အခြားအရင်းအမြစ်တွေကို စဉ်ဆက်မပြတ်ရှာဖွေရတယ် မင်းနားလည်လား?´
Ling Xiao က ဟောပြောရခြင်းကို သဘောမကျ အဘယ့်ကြောင့်ဆိုသော် သူ့အမြင်မှာတော့ လက်သီးဆိုတာ ထင်ရှားတယ်လေ။ သို့သော် You XiaoMo နားလည်စေရန်လုပ်ရမယ်ဆိုရင်တော့ တစ်ခါလောက်ပြောရတာကို စိတ်ထဲ မထားပေ။
ဒီစကားတွေနဲ့ You XiaoMo၏ နားလည်မှုတွေက နည်းရာက များလာသည်။ အတိုချုပ်ရရင် အသက်ရှင်ခြင်းက ကွဲပြားခြင်းက ကမ္ဘာ့စည်းမျဉ်းတွေလည်း ကွာခြားနိုင်သည်။
သူအရင်က နေဖူးတဲ့ကမ္ဘာက အရမ်းကို သာမာန်ကျသော ကမ္ဘာဖြစ်သည်။ လူသားများက နွေးထွေးဖို့ဝတ်ဆင်ရန်နှင့် ပြည့်တင်းဖို့စားသောက်ခြင်းတို့အတွက်သာ ရှာဖွေလေ့ရှိသည်။  စွမ်းအင်တန်ခိုး နှင့် ငွေတို့၏တန်ဖိုးက အဲဒိကမ္ဘာမှာ ကန့်သတ်ခြင်းတွေကြောင့် လူသူများက လူသားပိရမစ်၏အမြင့်ဆုံးအထိသာတက်ရောက်နိုင်ပြီး ထပ်မတက်နိုင်တာကြောင့်လဲ ဖြစ်မယ်ထင်တယ်။
ဥပမာအနေနဲ့ သုံးရမယ်ဆိုရင် ကမ္ဘာ၏ ပိရမစ်က အမြင့်ဆုံးက တစ်မီတာမြင့်သည်။ LongXiaoတိုက်မကြီး၏ ပိရမစ်က မီတာတစ်ထောင် ဒါမှမဟုတ် မီတာတစ်သောင်းလဲ မြင့်နိုင်သည်။ သူတို့နှစ်ခုက အခြေခံအားဖြင့်ကို ကွာခြားလှသည်။
ဒီတော့ လူအများ၏လိုအင်ဆန္ဒကလဲ တူညီတဲ့ အတိုင်းအတာဖြစ်မှာမဟုတ်ပေ။ ကမ္ဘာ က ပိုပိုပြီး ရှုပ်ထွေးလာနိုင်ကာ လူသားချင်းစာနာမှုများလဲ တိုက်စားမှုများဖြစ်ပေါ်နိုင်သည်။
သို့သော်……………
'အစ်ကိုကြီးLing အဲဒါပြောတာလဲ တစ်ခုပေါ့ ဒါပေမယ့် အစ်ကို့လက်တွေကို ကျွန်တော့အ၀တ်ထဲ မထည့်ပါနဲ့လား?´
You XiaoMo ပြောရင်းနဲ့ သဲတကျိကျိဖြစ်လာသည်။
ဒါက ကမ္ဘာ၏ကြီးမြတ်တဲ့အမှန်တရားတွေကို ဆွေးနွေးနေတာ ထင်ရှားသည်။ ဒီလို လေးနက်တဲ့ပတ်ဝန်းကျင်မှာ ဒီလူက မျက်နှာပြောင်တိုက်ပြီးတော့ သူ့လက်တွေထည့်ပြီးတော့ သူ့ရင်ဘတ်ပွတ်နေသည်။ တကယ်တော့ သူက ကမ္ဘာပေါ်က သူ့ရဲ့သေဆုံးမှုအပေါ်မှာ ပူဆွေးနေတာဖြစ်ပေမယ့် Ling Xiaoက သူ့ကို အခွင့်အရေးလေးတောင် မပေးပေ။ ၀မ်းနည်းမှုတွေပြည့်နှက်နေဖို့ အကောင်းဆုံးအချိန်ဆိုတာ သေချာနေတာကို ။
'ဟင့်အင်း မလုပ်နိုင်ဘူး´
Ling Xiao က သူ့ခေါင်းလေး ငုံပြီးတော့သူ့ကို ကြည့်လိုက်ကာ နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ပွင့်ကလဲ ရှိသေးသည်။ You XiaoMo ဘယ်လောက်ပဲ ရုန်းကန်ပြီး တွန်းထုတ်နေပါစေ သူ့အ၀တ်အောက်ကလက်ကတော့ ထွက်လာဖို့ ငြင်းဆိုလေသည်။ အဲဒိအစား သူ့ကို ငေါထွက်နေသည့် ပဲစေ့အနီလေးတွေကို အနည်းငယ်ဆိတ်ပြီးတော့တောင် ကောက်ကျစ်စဉ်းလဲတဲ့ ရိုက်ချက်အချို့တောင်ပေးလိုက်သေးသည်။
You XiaoMo ဒေါသနှင့် အသက်ပြင်းပြင်းရှိုက်ကာ သူ့ကို မုန်းတီးစွာနဲ့ ငေးကြည့်နေလိုက်သည်။ အဲဒါက သူ့ဒေါသကို ဖော်ထုတ်တာ မလုံလောက်သေးတာ သေချာသွားတော့ သူ့ခြေထောက်တွေကို မြှောက်ကာ သူ့ကိုကန်ထည့်လိုက်သည်။  နောက်ထပ်ကတော့ အား ..ယို အလွန်ဆိုးရွားလှသော အော်သံဖြစ်သွားသည်။ You XiaoMo သူ့ခြေထောက်ကိုသူပြန်ဖက်ကာ သူ့မျက်နှာကလဲ နာကျင်မှုဖြင့် တွန့်လိမ်နေသည်။ သူ့မျက်လုံးထဲက မိချောင်းမျက်ရည်တွေတောင် ထွက်လာတော့မလိုပဲ။
'အစ်ကို အစ်ကို အစ်ကို …… ခြေထောက်က ဘာနဲ့လုပ်ထားတာလဲ?´
သူ  သံဒါမှမဟုတ် ကြေးနီနံရံကို ကန်လိုက်ရသလို ခံစားရသည်။ ဒီလူဆိုးကတော့။ သူ့နှုတ်ခမ်း နဲ့ လက်ကတင် အနိုင်ကျင့်ယုံမက သူ့ခြေထောက်ကပါ သူ့ကို အနိုင်ကျင့်သည်။
Ling Xiao ကတော့ သဘောကျလွန်းလို့ ရယ်ရတာနဲ့ အသက်ရှုရတာတောင် အရမ်းခက်လာသည်။ သူ့ကိုယ်ကို ဖက်ပြီးတော့ အတောမသတ်နိုင်တဲ့ပျော်ရွှင်မှုနဲ့ ' အသားနဲ့ပဲ လုပ်ထားတာပါ´
You XiaoMo သူ့ကို ကြည့်နေတာက မင်းကိုမယုံဘူးဟု ပြောနေသလို။
'ဒါဆို အစ်ကို က ကူပြီး ပွတ်ပေးမယ်လေ´ Ling Xiao ပီတိသံလေးနဲ့ဆိုသည်။
'လူဆိုး နာတာ ကျွန်တော့ခြေထောက်ဆိုတာ သိသားနဲ့ ဘာလို့ ကျွန်တော့ရင်ဘတ်လာပွတ်နေတာလဲ? ကျွန်တော့ ရင်ဘတ်က မနာဘူး´
Ling Xiao က သူအခုမှ သတိပြုမိသွားသလို ချက်ချင်းဟန်လုပ်တော့သည်။ သူက ရိုးသားစွာတောင်းပန်ကာ 'တောင်းပန်ပါတယ် မေ့သွားတာ နောက်တစ်ခါ သေချာပေါက် မလုပ်တော့ဘူး´
နောက်တစ်ခါများရှိနိုင့်ပါ့မလား? ငါက အခွင့်အရေးမပေးဘူး သူ့ရဲ့ကောက်ကျစ်တဲ့ အပြုံးကို ကြည့်တာနဲ့ ဘယ်လိုကြည့်ကြည့် မုန်းစရာကောင်းတယ်။ You XiaoMo ကသူပြောသမျှကို ဘယ်တော့မှမယုံဖို့ ဆုံးဖြတ်လိုက်သည်။
ဆဲရေးသံလေးတီးတိုးနဲ့ မြင်းလှည်းက ဖျတ်လတ်တက်ကြွဟန်နဲ့ Qing မြို့ကို ကတိုက်ကရိုက်ဦးတည်သွားသည်။ You XiaoMo က ဒီတစ်ကြိမ်တော့ လှုပ်ရှားမှုကြောင့် မူးမော်ခြင်းကို  မခံစားရတော့သည်ကို သတိမပြုမိပေ။
Qing မြို့က QingQhenဂိုဏ်းခေါင်းဆောင်က ဖွံ့ဖြိုးစေချင်သော မြို့ကြီး ဖြစ်သည်။ သူ့ကို တောင်ပိုင်းမှာ ထိပ်ဆုံးအဆင့် သုံး နေရာထဲမှာ အဆင့် သတ်မှတ်နိုင်သည်။
မြင်းလှည်းက You XiaoMo ထပ်ပြီးမစီးနိုင်တော့သည်အထိ နေ့တစ်ဝက်လောက် ကဆုန်ပေါက်ပြေးသွားခဲ့သည်။ Ling Xiao ကလဲ မီးဟုန်းဟုန်းတောက်မြင်းကို တစ်လမ်းလုံး သုံးဖို့ မစီစဉ်ထားပေ။ လမ်းတစ်ဝက်ရောက်တော့ သူက မီးဟုန်းဟုန်းတောက် မြင်းကို အဝေးကို လွှတ်လိုက်ပြီး တောင်ပံငှက်ကို ဆင့်ခေါ်ကာ သူတို့ကို Qing မြို့ကို ခေါ်သွားစေသည်။
တောင်ပံငှက်၏ အရှိန်က မီးဟုန်းဟုန်းတောက် မြင်းထက် ပိုမြန်သည်။ သူတို့ Qing မြို့ကိုရောက်ချိန်က နေ့တစ်ဝက်တောင် မကြာပဲ ရောက်သွားသည်။ အဝေးက ကြည့်တာနဲ့ Qing မြို့က HunJiမြို့ထက် ကြီးသည်။ မြို့၏ ကြီးကျယ် ခန်းနားခြင်းက အလွန့်အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။ အမြင့်ကနေ ကြည့်ရင် တစ်ယောက်က Qing မြို့၏အဆုံးကို မမြင်နိုင်ပေ။ Qing Cheng ဂိုဏ်းက TianXinဂိုဏ်းနှိင့် ရင်ဘောင်တန်းနိုင်တာ အံ့သြစရာ မရှိပေ။ ဒီလိုအင်အားကို ပြနိုင်တာတင် အရမ်းအထင်ကြီးဖို့ကောင်းနေပြီဖြစ်သည်။
သူတို့က အချိန်မရှိတာကြောင့် မြို့ကို လျှောက်လည်နေဖို့ အချိန်မရှိပေ။ Ling Xiao က တောင်ပံငှက်ကို မြို့အပြင်က တောအုပ်ထဲမှာ ချထားခိုင်းသည်။ ပြီးတော့ သူက ကြည်လင်နေတဲ့ You XiaoMoကို ခေါ်ပြီး မြို့ထဲ ၀င်သည်။ သို့သော် သူတို့အထဲ မ၀င်ခင် Ling Xiao က သူတို့မျက်နှာတွေကို ပြောင်းခဲ့သည်။
HunJi မြို့ကို သူတို့သွားတုန်းက သူတို့သွင်ပြင်တွေကို ပြောင်းလဲဖို့မလိုအပ်နိုင် အဘယ့်ကြောင့်ဆို သော် HunJiမြိုက  TianXin ဂိုဏ်းနှင့် အလွန်အလှမ်းဝေးသည်။ သတင်းတွေက လဲ TianXinဂိုဏ်းကို ရောက်ဖို့ မလွယ်။ သို့သော် Qing မြို့နှင့်တော့ မတူပေ။
Qing မြို့က QingChengဂိုဏ်း၏ ပိုင်နက်ထဲမှာ ရှိသည်။ ဒီမှာ QingCheng ဂိုဏ်းသားအမြောက်အမြား မြို့ထဲမှာ စောင့်ကြပ်နေသည်။ အစောင့်တွေကလည်း နေ့တိုင်းလှည့်လည်နေသည်။ လုံခြုံရေးက လျော့ရဲတယ် မဆိုပေမယ့် ဒီနေရာက လူများ ၀င် ထွက်နေသည်။ အကယ်လို့သတင်းသာထွက်သွားပါက TianXinဂိုဏ်း၏နားထဲ ရောက်ဖို့လွယ်ကူသည်။ ဒီတော့သူတို့ လုပ်သမျှကို သတိထားပြီး လုပ်ရုံအပြင် အပိုမရှိ။
Qing မြို့ က ရတနာတစ်သောင်းစင်မြင့်ကြောင့် ထင်ရှားသည်။ ရတနာတစ်သောင်းစင်မြင့် က လတိုင်း လေလံပွဲ ကျင်းပသည်။ သို့သော် အာမခံပစ္စည်းများကိုတော့ သုံးလတစ်ကြိမ်သာ လေလံတင်လေ့ ရှိသည်။
ဒီလ လေလံပွဲက တိုက်ဆိုင်စွာနှင့် သုံးလတစ်ကြိမ် လုပ်သော အာမခံပစ္စည်းများဖြစ်သည်။
သို့သော် ကြယ်ခုနစ်ပွင့်လေလံအိမ်နှင့်တော့ သိပ်မတူပေ။ ကြယ်ခုနစ်ပွင့်လေလံအိမ်က ပုံမှန် လေလံအိမ်ဖြစ်သည်။ အများသူငါအတွက် ဖွင့်လှစ်ပေးသည်။ လူတိုင်းသွားနိုင်သည်။ ရတနာတစ်သောင်းစင်မြင့်က ပုဂ္ဂလိကလေလံအိမ်ဖြစ်သည်။ QingCheng ဂိုဏ်းက အထူးဖိတ်စာကတ်မပါပဲ ၀င်ခွင့် မရပေ။
'အစ်ကိုကြီးLing , ကျွန်တော်တို့ ဖိတ်စာမရှိပဲ ဘယ်လိုသွားမလဲ?´
ဖိတ်စာလိုတယ်လို့ကြားတဲ့အခါမှာ You XiaoMoက ကတိုက်ကရိုက် LingXiaoကို မေးလိုက်သည်။ သူမေ့နေတာကတော့ Ling Xiao က သူ့ကို ဖိတ်စာမရှိပဲ ခေါ်လာပါ့မလားဆိုတာပင်။ ပြီးတော့ သူ့မှာ မရှိရင်တောင် သူက တစ်ခုတော့ ရနိုင်သည်။
LingXiaoက 'Tang Hunရဲ့အဖွဲ့က ပထမတန်းစားလို့ မဆိုနိုင်ပေမယ့်ဒုတိယအဆင့် အင်အားရှိတယ်တော့ ဆိုနိုင်တယ်။ ပြီးတော့သူ့ရဲ့စီးပွားရေးလုပ်ငန်းက ကျယ်ပြန့်တာမို့ လွှမ်းမိုးမှုရှိတယ်တော့ ဆိုနိုင်တယ်။ အရေးအကြီးဆုံးက သူ့မှာ ငွေရှိတယ်။ ဒီတော့ QingCheng ဂိုဏ်းက သူ့ကို သေချာပေါက် ဖိတ်စာပို့လိမ့်မယ်။´
LingXiao က ရတနာတစ်သောင်းစင်မြင့်လေလံပွဲကို သွားချင်တာသိတာနဲ့ မန်နေဂျာQi က အချက်အလက်တွေ ရှာပြီး သူ့လက်ထဲကို ဖိတ်စာထည့်အပြီးဖြစ်သည်။ LingXiao က သူ့ရဲ့ ပြည့်စုံတဲ့ အကျိုးသက်ရောက်တဲ့ အပြုအမူတွေကို အရမ်းကျေနပ်သည်။
သူတို့တွေက သူတို့သွင်ပြင်တွေ ပြောင်းလိုက်ပေမယ့် ထင်ရှားနေတုန်းဖြစ်သည်။ ဒါက ဘာ့ကြောင့်လဲ ဆိုတော့ Ling Xiao က You XiaoMo ကို သယ်ထားလို့ဖြစ်သည်။ အကယ်လို့သူက မိန်းမတစ်ယောက်ကိုသာ သယ်ထားတာဆိုရင် ဒီလောက် လူအများကို ဆွဲဆောင်နိုင်မှာ မဟုတ်ပေ။ သို့သော် တစ်ခုက သူသယ်ထားတဲ့ တစ်ယောက်က ယောက်ျားလေးဖြစ်သည်။
You XiaoMoက အဲလောက် အရေမထူပေ။ ဆက်တိုက်ငေးအကြည့်ခံရတော့ သူဆက်သီးမခံနိုင်ပဲ အောက်ဆင်းဖို့ ရုန်းကန်တော့သည်။ တကယ်တော့ သူ့ခြေထောက်က လဲ အဲလောက် မနာပေ။
Ling Xiao က သူက မရေမထူတာ သိတော့ မငြင်းဆန်တော့။ သူ့ကို အောက်ချပြီးတော့ သူက ရတနာတစ်သောင်းစင်မြင့်ကို တန်းဆွဲခေါ်သွားချင်ပေမယ့် You XiaoMo က နေရာမှာတင်အမြစ်စွဲနေသည်။ Ling Xiao ကလှည့်ကြည့်တော့ သူက ဆိုင်တစ်ဆိုင်ကို စိတ်လှုပ်ရှာစွာနဲ့ကြည့်နေသည်။ ထိုဆိုင်က မှော်ဆေးလုံးဆိုင်ဖြစ်သည်။
'အစ်ကိုကြီးLing ကျွန်တော်အထဲဝင်ပြီး မှော်ဆေးလုံးအချို့ရောင်းဦးမယ် ဒီမှာ စောင့်နေမလား?´
You XiaoMo သူ့ခေါင်းလှည့်ပြီး   Ling Xiaoကို ပြောလိုက်သည်။ အကယ်လို့သူသာ ဒီမှော်ဆေးလုံးဆိုင်ကို မမြင်မိလျှင် သူ့မှာ အခြားလုပ်စရာရှိတာ မေ့သွားမှာပင်။ လေလံပွဲစပြီးတော့ သူ့မှာ ငွေအလုံအလောက်မရှိလျှင် သူလာရတဲ့ခရီးက အလဟသတ် ဖြစ်သွားလိမ့်မည်။
Ling Xiao က သူ့မျက်ခုံးများ မြင့်တက်သွားကာ သူ့စိတ်ထဲ ဘာရှိတာလဲဆိုတာ အကြမ်းဖြင်းမှန်းဆလိုက်သည်။ သူ့ကို အသာလေး ပြန်ဆွဲခေါ်ရင်းနဲ့' မှော်ဆေးလုံးရောင်းဖို့မလိုဘူး ရွှေပြားတွေပါတယ်´
You XiaoMo ကတောင့်တင်းသွားပြီးမေးလေသည် 'အစ်ကိုဘယ်လိုလုပ်ရတာလဲ?´
သူ့စိတ်ထဲမှာတော့ Ling Xiao ကသူ့ထက်ပင်ပိုပြီး ဆင်းရဲသော လူဆင်းရဲလေးဖြစ်သည်။ ဒီတော့ သူတို့သွားတဲ့ နေရာတိုင်းမှာ ရွှေပြားတွေသုံးရမယ်ဆိုရင် သူက Ling Xiao ကို ပေးခိုင်းဖို့ စိတ်ထဲမရှိပေ။ ဒီတော့ သူ့အိတ်ထဲမှာ ဘယ်လောက်တောင်ရှိသလဲလို့ သူအရမ်းစပ်စုချင်သွားတာဖြစ်သည်။
'Tang Hun´ ဒီစကားလုံးတွေက သူအတွက် မထီလေးစားဖြစ်နေသလိုမျိုးကို Ling Xiao က တစ်ချက်မကြည်ပဲ ပြောလိုက်တာဖြစ်သည်။
အဲဒိနာမည်ကြားတာနဲ့ You XiaoMo က နက်ရှိုင်းစွာမနာလိုဖြစ်သွားသည်။ အချို့လူတွေက တစ်ချက်လှုပ်ရှားတာနဲ့ ရွှေတွင်းကြီး ပိုင်ဆိုင်သွားတာပဲ (Tang Hun၏ဥစ္စာပစ္စည်းများ) သူ့အတွက်ကတော့ သူမှော်ဆေးလုံးရောင်းတိုင်း ရွှေပြားသောင်းဂဏန်းအနည်းငယ်သာ ရတတ်သည်။ အများဆုံးကတော့ နှစ်သန်းနီးပါးသာ တစ်ကြိမ်ရဖူးသည်။ အဲဒါပြီးတော့ သူတစ်သန်းနီးပါးသုံးပလိုက်သေးသည်။ သူတို့နှစ်ယောက်ကို ယှဉ်ကြည့်လျှင် သူဒေါသနဲ့တောင် သေလောက်တယ်။
သို့သော် အဆုံးမှာတော့ You XiaoMo က သူရောင်းဖို့စီစဉ်ထားသည့်မှော်ဆေးလုံးများကို Ling Xiao၏ ရွှေပြားများနှင့် လဲလှယ်လိုက်သည်။ မှော်အိတ်က မကြီးပေမယ့်  ရွှေပြားတွေနဲ့ပြည့်နေသည်။ သူအကြမ်းဖြင်းရေတွက်လိုက်သည်။ သူ့ထက်အဆနည်းနည်းတောင် ပိုနေ……………
ဒီရွှေပြားတစ်ပုံတစ်ခေါင်းကြီးကို ကြည့်ပြီးတော့ စကားသုံးခွန်းသာ You XiaoMoစိတ်ထဲကျန်တော့သည် မနာလိုဘူး အားကျတယ် မုန်းတယ်
နာရီဝက်ကြာသော် သူတို့ နောက်ဆုံးမှာတော့ ရတနာတစ်သောင်းစင်မြင့် တံခါးသို့ရောက်ရှိသည်။
မျှော်လင့်ထားတာရဲ့ဆန့်ကျင်ဘက်အနေနဲ့ ရတနာတစ်သောင်းစင်မြင့်က ကြယ်ခုနစ်ပွင့် လေလံအိမ်လောက် မထူးခြားချေ။ ၀င်ပေါက်လဲ ဖုံးကွယ်နေသေးသည်။ အကျွမ်းတ၀င်မရှိသည့်သူများက သတိမပြုမိပဲနဲ့ ကျော်သွားနိုင်သေးသည်။ သို့သော် အဲဒိမှာတော့ လူအများက လျှောက်သွားနေတာမျိုး မရှိပေ။
ရတနာတစ်သောင်းစင်မြင့်ဝင်ပေါက်မှာ အစောင့်လဲ မရှိ။ အနက်ရောင် လိုက်ကာစတစ်ခုသာ ရွေ့လျားမှုမရှိ ချိတ်ဆွဲထားသည်။ Ling Xiao ကတော့ တွန့်ဆုတ်မှုမရှိပဲ You XiaoMo ကို ဆွဲခေါ်ပြီး အထဲကို ၀င်သွားသည်။
အထဲမှာတော့ You XiaoMo ထင်သလိုမျိုး မှောင်နေမည့်အစား အရမ်းလင်းထိန်နေသည်။ သူတို့နောက်ဆုံးတော့လဲ အစောင့်ကို တွေ့သည်။ သူတို့က စင်္ကြန်အပေါက်ဝများမှာ စောင့်ကြပ်နေကြသည်။ သူတို့ လျှောက်သွားတာနဲ့ အစောင့်တစ်ယောက်က ဖိတ်စာမေးလေသည်။
Ling Xiao က ဖိတ်စာထုတ်ကာ လှမ်းပေးလိုက်သည်
အစောင့်က Ling Xiao ကို ပြန်မပေးခင် တစ်ချက်ကြည့်လိုက်သည်။ ပြီးတော့ သူက သူတို့ကို ခြုံထည်လိုသလားမေးသည်။
Ling Xiao က ခြုံထည် နှစ်ထည်တောင်းလိုက်သည်။ ပြီးတော့ သူတစ်ထည်ယူပြီး You XiaoMoကို ပတ်ပေးလိုက်သည် အဘယ့်ကြောင့်ဆိုသော် ရတနာတစ်သောင်းစင်မြင့်မှာ လေလံပါဝင်ဆင်နွဲမည့်သူတိုင်းက အထဲက ခန်းမကြီးမှာ စုဝေမည့်ဟန်ရှိသည်။ ဒီတော့ လူတိုင်းက ခန်းမကြီးထဲမှာဖြစ်ပျက်သမျှအရာတိုင်းကို မြင်ကြသည်။ အဲဒိအချိန်မှာ အကယ်လို့ မင်းက အခြားသူတွေကို ကိုယ့်ရဲ့ မျက်နှာအမှန်ကို မသိစေချင်လျှင် ခြုံထည်က လိုအပ်သော အရာဖြစ်သည်။
ခြုံထည်ဝတ်ပြီးတော့ Ling Xiao ကYou XiaoMo ကို သီးဆောင်ပြီး လေလံခန်းမထဲခေါ်သွားသည်။
သူတို့ရောက်တာ နောက်ကျနေတာကြောင့် ဒီအကြိမ်တော့ ခမ်းမကြီးမှာ လူများနှင့် ပြည့်ပြီးသားဖြစ်သည်။ သို့သော် QignChen ဂိုဏ်းက ရတနာတစ်သောင်းလေလံအိမ်၏ နောက်တွင်ရှိတာကြောင့် ဘယ်သူကမှ လက်လွတ်စပယ် မပြုမူရဲ။ ကြယ်ခုနစ်ပွင့်လေလံအိမ်က ပတ်ဝန်းကျင်ထက်တောင် ဖရိုဖရဲဖြစ်တာ နည်းသေးသည်။ လူအများစုက သူတို့ထိုင်ခုံမှာ တည်ငြိမ်အေးဆေးစွာ ထိုင်ကာ ဖော်ဖော်ရွေရွေစကားဆိုနေသော မြင်ကွင်းဖြစ်သည်။
သူတို့နှစ်ဦး အထဲလှမ်းလိုက်တာနှင့် Ling Xiao ကချက်ချင်း စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်ခြင်းများ သူတို့ပေါ်ကျရောက်လာတာ ခံစားမိသည် စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုက ရတနာတစ်သောင်းစင်မြင့်၏ ဦးတည်ရာ အနည်းငယ်က လာတာဖြစ်သည်။ အဆိုပါ ဦးတည်ရာများကကလဲ ရတနာတစ်သောင်းစင်မြင့်၏ အစောင့်များရှိရာ နေရာများမှ တိုက်တိုက်ဆိုင်ဆို်င်လာတာဖြစ်သည်။ လေလံစင်မြင့်ခုံနောက်ကနေ လှမ်းလာသော စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုတစ်ခုလဲ ရှိသည်။ ထိုစိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုက ကျန်အရာများထက် ပိုပြီး အားကြီးသည်။
သို့သော် Ling Xiao ကတော့ မျက်ခုံးတစ်ချက်ပင် ပင့်မသွားပေ။ ပိုပြီး အားကောင်းသန်မာသူတောင့် သူ့မျက်လုံးထဲမှာ သန်းတစ်ကောင်လောက်ပဲ ရှိမှာ။ သူ နှင့် You XiaoMo အနားမှာသူချထားသော အဟန့်အတားကို ဖောက်ထွင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်။
ပုံမှန်ဆိုလျှင် အားကြီးသူများက အရှေ့မှာထိုင်ဖို့ရွေးချယ်တတ်သည်။ သို့သော် Ling Xiao ကတော့ အရှေ့မှာထိုင်ဖို့မရွေးချယ်။ သူက အနောက်က ခုံအလွတ်တစ်ခုကို ရွေးချယ်ပြီး You XiaoMoကို သူ့ဘေးက ခုံမှာ ထိုင်စေသည်။
သူက လေလံပွဲကို အရင်က ဆင်နွှဲဖူးသောကြောင့် ဒီတစ်ကြိမ်တော့ You XiaoMo က သူပြီးခဲ့တဲ့အကြိမ်က ပြုမူသလို မွေးကင်းစ ကလေးလို မပြုမူတော့ချေ။ တကယ်တော့ သူမှာ ရွေးချယ်စရာမရှိ အဘယ့်ကြောင့်ဆိုသော် သူ့အပေါ်က ခြုံထည်က သူ့တစ်ခေါင်းလုံးကို ဖုံးထားသလိုထင်ရသည်။ လမ်းလျှောက်ရတာတောင် နည်းနည်း ခက်ခဲနေသည်။
သူတို့နှစ်ဦးက အချိန်မှန်ရောက်လာပုံထင်ရသည်။ သူတို့ထိုင်ပြီး သိပ်မကြာခင် လေလံပွဲစတင်တော့သည်။
ခန်းမကြီးက ငြိမ်ကျသွားပြီးသာမို့ ပိုပြီးတိတ်ဆိတ်သွားသည်။ လူတိုင်းက လေလံစင်မြင့်ကို လှမ်းကြည့်ကြသည်။
အစိမ်းရောင်ဝတ်ရုံနှင့် အဖိုးကြီးတစ်ယောက်က စင်မြင့်အနောက်က လျှောက်လှမ်းလာသည်။ မလိုအပ်သော စကားများ မပြောပဲ သူက အဓိကပွဲကိုသာအလွန်လျင်မြန်စွာ စလိုက်သည်။ ပထမဆုံးလေလံပစ္စည်းက လူတိုင်းစောင့်မျှော်နေသော အဖိုးတန် အံ့ဖွယ်သိုးသားဖြစ်သည်။ သို့သော် Ling Xiao ရထားသော အချက်အလက်နှင့်တော့ မတူ။ ဒီဟာက သိုးတစ်ကောင်တည်းက အသားသာဖြစ်ပုံရသည်။
လူတိုင်းက စိုးရိမ်နေဖို့မလိုပေ။ ပြန်လည်သုံးသပ်မှုများက နောက်ကျလျှင် သေချာပေါက် ပြင်ဆင်လိမ့်မည်ဖြစ်သည်။
UNICODE
C-140 Qing city's Pavilion of Ten thousand treasures.

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now