Chapter 163 Rescuse and Bonding (Z & U)

9.1K 1.5K 83
                                    

C-163 Rescue and bonding

အခန်း ၁၆၃ ကယ်ဆယ်ခြင်းနှင့် စည်းနှောင်ခြင်း

“ဒီနေရာက ထွက်သွား”

အမိန့်ပေးတဲ့အသံက အံသြထိတ်လန့်ဖွယ် ဖိအားနှင့်အတူ ကောင်းကင်ဘုံကနေ ရုတ်တရက် ကျဆင်းလာသည်။ အကြီးအကဲShi က လွဲလျှင် လူတိုင်း၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

ဒီပုဂ္ဂိုလ်က အတော်ဘွင်းဘွင်းလင်းလင်း ရှိသည်။ ထိုပုဂ္ဂိုလ်က သူတို့ကို ကူညီဖို့ လုပ်ဆောင်သလဲ ဆိုတာ သူ ရှင်းရှင်း မသိရ။ အကြီးအကဲShi တောင်မှ ဘာအာရုံမှ ခံမရပေ။

အကြီးအကဲ Shi ၏ မျက်နှာက အစိမ်းနှင့် အဖြူကြားကို ပြောင်းလဲသွားသည်။ သူတို့ကို သူက ကယ်တင်လိုက်သော်ငြား လည်း အဲဒါကို အကြောင်းပြချက် တစ်ခုအနေနှင့်  သုံးပြီးတော့ ကိုယ့်ကိုကိုယ် အထင်ကြီး ပြီး သူတို့ကို တောင် မောင်းထုတ်နေသည်။  ကျောက်စိမ်းစိတ်ဝိဉာဏ်ဂူထဲက မှော်ဝင်သားရဲများနဲ့ မှော်ဆေးပင်တွေ အားလုံးကို သူတစ်ယောက်ထဲ ယူချင်တာတော့ မဟုတ်လောက်ပါဘူး?

ထိုကဲ့သို့တွေးမည်ဆိုလျှင် ဖြစ်တန်ချေက ပိုမရှိနိုင်။ ကြယ်အဆင့် ကြယ်ခုနစ်ပွင့် တိုက်ခိုက်သူက  ကျောက်စိမ်းစိတ်ဝိဉာဏ်ဂူ လောက် ကြီးမားသော အရာကို ဘယ်လိုမှ မ၀ါးမြို နိုင်ချေ။ အထဲမှာ အလယ်အလတ်အဆင့် မှော်ဝင်သားရဲများ အများအပြား ရှိနေကာ အတော်များများက ကြယ်အဆင့်နှင့် အထက်တောင် ဖြစ်နိုင်သည်။ သူက အလောတကြီး သိမ်းကြုံးဝါးမြို နိုင်ရင်တောင်မှ အချိန် မလုံလောက်။

သူဘယ်လောက်ပဲ ကြိုးစားတွေးတွေး အကြီးအကဲShiက သူကအကြီးအကဲလို့ ခေါ်လိုက်သူက မြောက်ဘက်ကို သွားဖို့ သူလွှတ်လိုက်သော Ling Xiao ဖြစ်နေမယ်ဆိုတာ စိတ်ကူးတောင် ပေါ်မှာ မဟုတ်ချေ။ သို့သော် သူက အခုချိန်မှာ နက်နက်နဲနဲ မတွေးခေါ်နိုင်သေး။ ထိုပုဂ္ဂိုလ်က မည်သူမည်ဝါဖြစ်နိုင်ကြောင်းကို သာ ကြိုးစားပြီး ဖော်ထုတ်နေသည်။

သူ မသိခင်မှာပဲ မထင်မှတ်ထားသော အရာ ဖြစ်ပျက်လာသည်။

သူ့တို့ ခြေအောက်က မြေသားက ရုတ်တရက် ပြင်းပြင်းထန်ထန် လှုပ်ရှားလာသည်။ ယိမ်းထိုး လှုပ်ခါနေတာများ ငလျင်လှုပ်နေသလိုပင်။ မပြင်မဆင်ထားသော ဂိုဏ်းသား အတော်များများက မြေပေါ်ကို ပြုတ်ကျကုန် သည်။ နားအူစေသော အသံကြီးက သူတို့ နောက်ကနေ ထွက်လာသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Onde as histórias ganham vida. Descobre agora