Chaptet 124 Conflict ( Z & U)

9.5K 1.6K 5
                                    

C-124 Conflict.
အခန္း ၁၂၄ ပဋိပကၡ
အေနာက္ေဆာင္က ပံုမွန္အားျဖင့္ စစ္သည္ဌာန မွ ဂိုဏ္းသားမ်ား ၾကိမ္ဖန္မ်ားစြာ လာေလ့ရွိေသာ ေနရာျဖစ္သည္။ ပံုမွန္အားျဖင့္ အဲဒိမွာေမွာ္ဆရာအမ်ားအျပား သင္ျမင္ႏိုင္မည္ မဟုတ္ပါ။
ဒီတစ္ၾကိမ္ေတာ့ You XiaoMo အံ့ၾသသြားသည္ အဘယ္ေၾကာင့္ ဆိုေသာ္ သူ႔၀ိဥာဏ္ က အထဲက အျခားေမွာ္ဆရာအမ်ားအျပားကို အာရံုခံမိလို႕ျဖစ္သည္။ အဆင့္ကေတာ့ သိပ္မျမင့္ေပမယ့္ သူတို႕က အဆင့္သံုးေလာက္ရွိသည္။ ဘာေၾကာင့္မ်ား သူတို႕ေတြရဲ႕ အဆင့္ေတြကို အာရံုခံမိသလဲဆိုတာ သူ႔ဘာသာသူေတာင္ သေဘာမေပါက္ဘူးျဖစ္သြားသည္။
အထဲကို ၀င္လုိက္ေတာ့ You XiaoMo ကေတာ့ အာရံုစိုက္ျခင္းေတာ့ အမ်ားၾကီးမခံရေခ်။ လူတိုင္းက သူ႔တို႕လက္ထဲက စာလိပ္ေတြ စာအုပ္ေတြကို စုပ္ယူေတာ့မည့္ အလား ၾကည့္ရႈေနသည္ဟုထင္ရသည္။
You XiaoMo သည္လည္း သူတို႕ကို အေႏွာင့္အယွက္မေပး၀ံ့။ သူ ပထမဆံုးစာအုပ္စင္ကေန စရွာလိုက္သည္။ သိပ္မၾကာခင္မွာပင္ ေမွာ္၀င္သားရဲမ်ားႏွင့္ ပါတ္သတ္ေသာ အရာမ်ား ရွိေသာ စာအုပ္စင္ကုိ သူေတြ႕သြားသည္။ စာအုပ္စင္၏ ေနရာအေတာ္မ်ားမ်ားက လြတ္ေနတာကေတာ့ သူ႔ကို အံ့ၾသေစသည္.
အနားတြင္စာဖတ္ေနေသာ ဂိုဏ္သားမ်ားကို သူလွည့္ပါတ္ၾကည့္လိုက္သည္။ သူ႔တို႕လက္ထဲက စာအုပ္ေတြက သူရွာေနတဲ့ စာအုပ္အတိအက်ျဖစ္ေနတာကို သူအံ့ၾသသြားမိသည္။ လူအမ်ားအျပားက ေမွာ္၀င္သားရဲမ်ားႏွင့္ ပတ္သတ္တာကို ဒီေလာက္ လူအမ်ားၾကီးက တကယ္ကို လာရွာၾကလိမ့္ဟု သူမထင္ထားတာျဖစ္သည္။ ၾကည့္ရတာ သုခဘံုနယ္ေျမ ကို သြားခ်င္ေနတာက သူ တစ္ေယာက္ထဲ မကဘူးထင္သည္။
ကံေကာင္စြာနဲ႕ TianXin ဂုိဏ္းက ဒီအေျခအေနကို စဥ္းစားထားေသာအားျဖင့္ ေမွာ္၀င္သားရဲႏွင့္ဆိုင္ေသာ စာအုပ္ အမ်ားအျပား ဒီမွာ ရွိသည္။ လူအမ်ားက ေမွာ္၀င္သားရဲႏွင့္ဆုိင္ေသာ အရာမ်ားကို စစ္ေဆးသိရွိခ်င္ၾကေသာ ထူးကဲတဲ့အေျခအေနေၾကာင့္ သူတို႕ကို စာၾကည့္တိုက္မွ စာအုပ္ကို ယူေဆာင္သြားခြင့္ မေပးထားသည္က အေတာ္ဆုိးသည္။
You XiaoMo စာအုပ္စင္ကေန စာလိပ္တစ္လိပ္ ေကာက္ယူလုိ္က္သည္။ ျပီးေနာက္ လူမရွိသည့္ စားပြဲတြင္ ထုိင္ျပီး ျဖည္းျဖည္းခ်င္းစီ စာလိပ္ကို ျဖန္႕လုိ္က္သည္။ သူ႔မ်က္လံုးထဲ ၀င္လာတာက နမိတ္မေကာင္းတဲ႔ မ်က္လံုးေတြ တလက္လက္ႏွင့္ ရက္စက္တတ္တဲ့ ကိုယ္ဟန္ႏွင့္ သစ္ (အေမရိကန္ေတာင္ျခေသၤ့) တစ္ေကာင္ ျဖစ္သည္။ အလယ္အလတ္အဆင့္ သစ္ ကို သန္မာေသာ ေရႊသစ္နက္ ဟု ေခၚသည္။ သူ႔က အဆင့္ရွစ္ေမွာ္၀င္သားရဲျဖစ္သည္။ ျခံဳၾကည္လွ်င္ သူတို႕က အမ်ားအားျဖင့္ အလယ္အလတ္အဆင့္ ေမွာ္၀င္သားရဲမ်ားျဖစ္သည္။
You XiaoMo ေခါင္းေမာ့ကာ အျခားသူမ်ားကို ျဖတ္ခနဲ ၾကည့္လုိသည္။ သူ႔ကို တစ္ေယာက္မွ ၾကည့္မေနတာေတြ႕ေတာ့မွ သူ႔လက္ႏွစ္ဖက္လံုးကို သူ႕၀ိဥာဏ္အားႏွင့္ တိတ္တိတ္ေလး ဖံုးကြယ္လုိ္က္ကာ စာလိပ္ထဲမွ အခ်က္အလက္မ်ားကို စတင္ျပီး မွတ္သားေတာ့သည္။
ဒီအရာက ေမွာ္ဆရာမ်ားသာ သံုးႏိုင္ေသာ ျဖတ္လမ္းျဖစ္သည္။ သူ တတိယအထပ္ကို သြားစဥ္က ေနာက္ဆံုးသံုးခဲ႕တာျဖစ္သည္။ သို႕ေသာ္ အခုေတာ့ ၀ိဥာဏ္အားကို သံုးျပီး မွတ္သားတာက စာလိပ္ထဲက မာတိကာမ်ားကို သူ႔မွတ္ဥာဏ္ထဲမွာ နက္နက္ရွိုႈ္င္းရႈိုင္းျဖစ္ေအာင္ စြဲျမဲေစသည္။ အခ်ိန္ ဘယ္ေလာက္ၾကာပေစ ဘယ္ေတာ့မွ မေမ့ႏို္င္ေတာ့ေပ။
သို႕ေသာ္ ဒီလုိ္ မွတ္သားနည္းသည္လည္း ေမွာ္ဆရာမ်ားအတြက္ အကန္႔အသတ္ရွိသည္။ ဒါေပါ့ ဒါက ၀ိဥာဏ္အားအမ်ားအျပား ကုန္ဆံုးေစသည္။ သာမာန္လူမ်ားအတြက္ကေတာ့ သူတို႕ စာအုပ္တစ္အုပ္သို႕မဟုတ္ စာလိပ္တစ္လိပ္ ကိုမွတ္သားျခင္းသည္ပင္ သူတို႕၏ ၀ိဥာဏ္အားအကုန္လံုးကို သံုးျပီးျဖစ္သြားႏို္င္သည္။ You XiaoMo ကေတာ့ ကံေကာင္းစြာႏွင့္ သာမာန္လူ မဟုတ္ေပ။
ပထမစာလိ္ပ္ကို မွတ္ျပီးေနာက္ You XiaoMo ေနာက္ထပ္ စာလိပ္တစ္လိပ္သြားရွာလုိက္သည္။ ဒီတစ္ၾကိမ္ေတာ့ သူက အဆင့္နိမ့္ေမွာ္၀င္သားရဲမ်ားပါေသာ တစ္ခုကို ရွာေတြ႕သည္။ အဆင့္နိမ့္ေမွာ္၀င္သားရဲမ်ားက အမ်ားၾကီး ရွိျပီး သူတို႕၏ အမ်ိဳးအစားေပၚလိုက္၍ စာလိပ္ငါးလိပ္ အျဖစ္ ခြဲျခားထားသည္။ အဆင့္နိမ့္ေမွာ္၀င္သားရဲမ်ားကို ရွာေဖြသူနည္းပါး ေသာေၾကာင့္ အစံုလိုက္အျပည့္အစံုရွိေနတာ ေကာင္းသည္။
စာလိပ္ငါးလိပ္မွာ အခ်က္အလက္ေတြ အမ်ားၾကီးရွိေနတာမို႕You XiaoMo ကမွတ္သားသည့္အခါတြင္ ႏွစ္ပိုင္းခြဲလိုက္သည္။ သူက အဆင့္ျမင့္ေမွာ္၀င္သားရဲမ်ားအေၾကာင္းစာလိပ္မ်ားကိုလည္းသူရွာခ်င္ေပမယ့္ သူရွာမေတြ႕ဘူးျဖစ္ေနသည္။ ေဘးပါတ္လည္ကို လွည့္ပတ္ၾကည့္ျပီးေနာက္ အျခားဂိုဏ္သားရဲ႕ လက္ထဲမွာ သူ႕ရွာေနသည့္ စာလိပ္ကို ေတြ႕သြားသည္။ သူအရင္ယူထားေပမယ့္ သူက ၾကည့္ေတာ့ မၾကည့္ရေသးပဲ ေဘးမွာ ခ်ျပီး ထိုင္ေနတာျဖစ္သည္။
သူ႔ရဲ႕ ဓါးလြယ္ခုပ္ (ေထာင့္ျဖတ္) တြင္ထုိင္ေနေသာ အျဖဴေရာင္၀တ္စံုႏွင့္ ဂိုဏ္းသားကို သူခိုးေခ်ာင္ခိုး၀ွက္ႏွင့္ လွမ္းၾကည့္လိုက္သည္။ သူ႕လက္ထဲ စာအုပ္ကို နစ္ျမဳပ္ကာ ဖတ္ေနတာကို ေတြ႕ျမင္လိုက္သည္။ သူ႔ေဘးက စာလိပ္ကို သြားသြားၾကည့္မိေနေသာ မ်က္လံုးမ်ားက ကူရာမဲ႕ေနသည္။ တျဖညး္ျဖည္းႏွင့္ သူ႔တင္ကို ေရြ႕ကာ ေရြ႕ကာႏ်င့္ ကပ္သြားသည္။ တခဏအတြင္းမွာပင္ အေစာက ႏွစ္ေယာက္က မ်က္ႏွာခ်င္းဆုိင္ ျဖစ္သြားသည္…..
ဒီ ဂိုဏ္းသားက သူ႔ကို သတိမထားမိေအာင္ကို အရမ္းအာရံုစိုက္ေနသည္ဟုထင္ရသည္။
You XiaoMo သတိထားျပီး သူ႔အသံကို ႏွိမ့္ကာ လည္ေခ်ာင္းရွင္းျပီး ေပ်ာ့ေျပာင္းစြာႏွင့္ သူ႕ကို 'ဒီက အကို အေႏွာင့္အယွက္ ေပးရတာ အားနာပါတယ္´
Li Jun သူ႔မ်က္ႏွာခ်င္းဆိုင္က တစ္ေယာက္ေယာက္ရဲ႕ စကားေျပာသံၾကားျပီးေတာ့ အံ့အားသင့္စြာႏွင့္ ေခါင္းေမာ့လိုက္သည္။ You XiaoMo၏ျပံဳးျဖဲျဖဲ မ်က္ႏွာက သူ႔မ်က္လံုးထဲ၀င္လာသည္။ မ်က္ေမွာင္မၾကဳပ္ပဲ မေနႏိုင္ပဲ မေျပမျပစ္ႏွင့္ 'ဘာလိုခ်င္လို႕လဲ´
သူ႔ရဲ႕ထင္ျမင္ခ်က္ကို မေသခ်ာေပမယ့္ You XiaoMo က အဆိုပါ ဂိုဏ္သားက သူ႔ကို ျမင္ရတာ ေပ်ာ္ရႊင္ပံုမရဘူးလို႕ ခံစားမိသည္။ သို႕ေသာ္ ဒီဂိုဏ္သားကို ဒါက ပထမဆံုးေတြ႕ဖူးမွန္းေတာ့ သူေသခ်ာသည္။
'မင္းေဘးနားက စာလိပ္ကေလးကို ၾကည့္ခြင့္ေပးႏိုင္မလားဟင္´
'မရဘူး´
Li Jun က ခ်က္ခ်င္းျငင္းလုိ္က္သည္။ တစ္ခ်ိန္တည္းမွာပဲ သူ႕လက္ထဲက စာအုပ္ကို ေဘးခ်ျပီး သူ႔စာလိပ္ကို အလစ္သုတ္မွာကို စိုးရိမ္သည့့္အလား စာလိပ္ကို ေကာက္ကိုင္လိုက္သည္။
You XiaoMo အဆိုပါလူ စာလိပ္ကို ေကာက္ကိုင္လိုက္ျပီး သူၾကည့္ေနတဲ့ စာအုပ္ကို ပိတ္လိုက္တာကို ျမင္ေလသည္။ ျပီးေနာက္ စာလိပ္ကိုျဖန္႕ကာ 'ငါအခုၾကည့္ေနျပီ မင္းကို မငွားနုိင္ဘူး´
You XiaoMo သူ႕ကို ရိုးရိုးေလးပဲ စကားတစ္ခြန္းလက္ေဆာင္ေပးခ်င္သည္ : အရွက္မရွိဘူး သို႕ေသာ္ သူ႔ႏွလုံးသားထဲေတာ့ ထဲ့လိုက္သည္။
ဒီအမူအယာကိုျမင္သည္ႏွင့္ အဆိုပါ ဂိုဏ္သားက သူ႔ကို စာလိပ္ မငွားခ်င္တာ ေသခ်ာလွသည္။ သူက တစ္လံေလာက္ မရႏုိ္င္ဘူးဆိုရင္ သူရုပ္လံုးအသစ္ေဖာ္ဖို႕ ေမ့လိုက္ဖို႕သာ ရွိသည္။ (မရလို႕ လက္ေလ်ာ့လိုက္မယ္) သူ နားမလည္ႏိိုင္္တာေတာ့ ရွိသည္ သူအဲဒိ ဂိုဏ္းသားကို အရင္က မဆန္႕က်င္ဘူး လို႕ပဲ သူထင္သည္။
အဆိုပါ စာလိပ္ကို ငွားလို႕ မရေတာ့မွေတာ့ သူနည္းနည္းေတာ့ စိတ္ဓါတ္က်သလို ခံစားရသည္။ ၾကည့္ရတာ သူမနက္ျဖန္ မွ ထပ္လာရလိမ့္မည္ ထင္သည္။
သူ႕ခံုေပၚက စာလိပ္ကို ေကာက္ယူျပီး ျပန္ဖို႕လုပ္ေနတုန္း အံ့ၾသေပ်ာ္ရႊင္သြားဟန္အျပည့္ပါတဲ့ အသံက သူ႔ေနာက္က ထြက္ေပၚလာသည္။ ဒါကအရမ္းၾကီး မက်ယ္ေပမယ့္ တိတ္ဆိတ္ေနတဲ့ စာၾကည့္တုိက္ထဲမွာေတာ့ အလြန္ကို ရွင္းလင္းပီသစြာ ၾကားရသည္။
'အကိုၾကီးYou´
ဒီအသံက ရင္းနွီးသည္ဟု You XiaoMo ခံစားရသည္။ သူ႕ကို ေခၚသည့္လူကို လွည့္ၾကည့္ေတာ့ အကဲျဖတ္တဲ့ေန႕ထဲက ထပ္္မေတြ႕ရတဲ့သူကို ေတြ႕လုိက္သည္ Jiang Liu ပါ။ သူက ေကာင္းကင္ေတာင္ထြတ္ဂိုဏ္းသားမ်ားသာ ၀တ္ဆင္ရသည့္ နက္ျပာေရာင္ ၀တ္ရံုကို ၀တ္ဆင္ထားသည္။ ေျမကမၻာေတာင္ထြတ္ႏွင့္ ၀တ္ရံုတူေပမယ့္ ေျမကမၻာေတာင္ထြတ္၏ အေရာင္က အစိမ္းေရာင္ျဖစ္သည္။
သူလွည့္ၾကည့္လိုက္တာႏွင့္ Jiang Liu က သူ႕ဆီကို ေပ်ာ္ရႊင္စြာႏွင့္ ခ်က္ခ်င္းေျပးလာသည္။ သူ႕မ်က္ႏွာေခ်ာေခ်ာေလးက အရမ္း ကို ထင္းခနဲ ျမင္သာလွသည္။ ထို႕အျပင္ ေကာင္းကင္ေတာင္ထြတ္၏ အလားအလာ ရွိေသာ ဂိုဏ္းသားအသစ္ေလးအေနျဖင့္ လူ အမ်ားက သူ႕ကို မွတ္မိေနၾကသည္။
'ညီေလးJiang မင္းလဲ စာအုပ္ဖတ္ဖို႕ လာတာလား´
You XiaoMo က သူ႕ကိုေတြ႕ရတာ အရမ္းေပ်ာ္ရႊင္သြားသည္။
သို႕ေသာ္ သူထိုစကားမ်ားကို ေျပာျပီးသည္ႏွင့္ မေရမတြက္ႏိုင္ေသာ အထင္ေသးသည့္ အၾကည့္ေတြက သူ႔အေပၚက်ေရာက္လာသည္ဟုသူခံစားလုိက္ရသည္။ စာၾကည့္တိုက္လာတာ စာဖတ္ဖို႕ အျပင္ ဘာမ်ားလုပ္လို႕ရလို႕လဲ သူတို႕ ေတြးလိုက္တာ ျဖစ္တန္သည္။ ဒါေပမယ့္ သူကေတာ့ ဘာမွမမွားဘူးလို႕ပဲ သူခံစားရသည္ေလ။
Jiang Liu ကေတာ့ ဘာမွ မသိသလို ထင္ရကာ သူ႔အနားမွာ ထိုင္ခ်လုိ္က္သည္။ သူ႕ အၾကည့္ေတြက သူ႕(YXM)လက္ထဲက စာလိပ္အနည္းငယ္ကို အေပၚယံရွပ္ၾကည့္လိုက္သည္။ သူကဆက္ျပီး 'အာ .. အင္း သုခဘံုနယ္ေျမက ေနာက္သံုးလဆိုရင္ ပြင့္ေတာ့မွာေလ။ ဆရာက ကြ်န္ေတာ့္ကို ေမွာ္၀င္သားရဲ နဲ႕ပတ္သတ္တာေတြ ဖတ္ဖို႕ စာၾကည့္တုိက္ သြားခြင့္ေပးတယ္။ မဟုတ္ရင္ ကၽြန္ေတာ္ သုခဘံုနယ္ေျမကိုသြားတဲ့အခါ ေမွာ္၀င္သားရဲေတြကို မခြဲျခားႏိုင္ရင္ အရွက္ကြဲလိမ့္မယ္´
You XiaoMo က သူ႕အတြက္ ၀မ္းသာသြားျပီး သူ႔လက္ထဲက စာလိပ္ေတြကို ျပကာ 'ဒါေတြက အဆင့္နိမ့္ ေမွာ္၀င္သားရဲေတြ။ မင္းဖတ္ခ်င္ရင္ ယူလုိ႕ရတယ္´
မထင္မွတ္စြာနဲ႕ Jiang Liu က ျငင္းဆန္သည္။ သူက ရွက္ကိုးရွက္ကန္ႏွင့္ 'မလိုပါဘူး ကၽြန္ေတာ္ဒါေတြ ေတြ႕ျပီးသား ကၽြန္ေတာ္အခု အဆင့္ျမင့္ေမွာ္၀င္သားရဲနဲ႕ ပတ္သတ္တဲ့ အခ်က္ေတြ လိုက္ရွာေနတာ´
အကယ္လို႕သာ You XiaoMo ေသခ်ာနားေထာင္မယ္ဆိုလွ်င္ သူ႕ေလသံထဲ မာနေထာင္လႊားဟန္အနည္းငယ္ကို ၾကားႏုိ္င္မွာျဖစ္သည္။ သူေျပာသည့္ပံုက ေဖာ္ေရြတတ္ေသာ လူအျဖစ္ႏွင့္ လူတိုင္းႏွင့္ ေပါင္းသင္းႏိုင္သည့္ပံုျဖစ္ေပမယ့္ တစ္ကယ္ေတာ့ ကိုယ့္ကိုကိုယ္သာၾကီးျမတ္က ေတာ္တတ္ေနေအာင္ လုပ္တတ္ေသာ သူမ်ိဳးျဖစ္သည္။
You XiaoMo သူ႔ကို အံ့အားသင့္တဲ႕ အၾကည့္ႏွင့္ၾကည့္လိုက္သည္။ သူက ဖတ္ေတာင္ျပီးသြားျပီ။ ဒါဆို သူဘာလို႕ ေမွာ္၀င္သားရဲမ်ားကို မခြဲျခားႏုိင္ေလာက္ဘူးဆိုတဲ့ စကားမ်ိဳးေျပာတာလဲ။ ဒါကဘာလဲ။ ေသခ်ာျပန္စဥ္းစားၾကည့္ေတာ့ Jiang Liu အဆင့္ျမင့္ေမွာ္၀င္သားရဲမ်ားကို ရည္ညႊန္းတယ္လို႕သူမွတ္ယူလုိက္ကာ သူဒီအတုိင္းထားလုိက္သည္။
You XiaoMo က ၀မ္းနည္းပက္လက္နဲ႕ သတင္းေပးလုိက္သည္ 'ညီေလးJiang မင္းေတာ့ ေျခတစ္လွမ္းေနာက္က်သြားျပီ အဆင့္ျမင့္ ေမွာ္၀င္သားရဲနဲ႕ ပတ္သတ္တာေတြက အျခားသူေတြ ယူသြားၾကျပီ´
'အ… ဒီလုိလား´
Jiang Liu လွပစြာ မ်က္ေမွာင္အနညး္ငယ္က်ံဳ႕သြားသည္။ ရုတ္တရက္ သူက အျခားတစ္ဖက္က Li Jun က အဆင့္ျမင့္ေမွာ္၀င္သားရဲစာလိပ္တစ္လိပ္ဖတ္ေနတာကို သူျမင္သြားသည္။ သူ႕မ်က္လံုးေတြက လင္းလက္သြားကာ 'အကို အကို႕လက္ထဲက စာလိပ္ေလး ငွားေပးလုိ႕ရမလား´
Li Jun က သူေရာက္လာကတည္းက သတိထားမိတာၾကာျပီ။ သူကဒါ ေကာင္းကင္ေတာင္ထြတ္ကJiang Liu ဆိုတာ သူသိတာေပ့ါ ။ သူ႕အသံၾကားတာနဲ႕ မ်က္ႏွာခ်ိဳေသြးတဲ႕အျပံဳးတစ္ခုကို ေဖာ္ျပကာ သူ႕လက္ထဲက စာလိပ္ကို လက္လွမ္းေပးကာ 'ရတာေပါ့´
You XiaoMo မ်က္လံုးေတြ ခ်က္ခ်င္း ျပဴးက်ယ္သြားသည္။ သူမယံုၾကည္ႏိုင္စြာနဲ႕ 'အကို ကၽြန္ေတာ္ အခုေလးတင္ ငွားဖို႕ေျပာတုန္းက အကိုပဲ ကိုယ့္ဘာသာဖတ္မလို႕ဆို´
Li Jun ကခ်က္ခ်င္း သူ႕ကို  သေဘာမက်စြာၾကည့္ျပီး ေအးစက္စက္ စိမ္းစိမ္း၀ါး၀ါး အၾကည့္ ႏွင့္ မေပ်ာ္မရႊင္ 'ဒီစာလိပ္က ငါ့ဟာ။ ငါ့ဘာသာ ၾကိဳက္တဲ႕လူ ငွားမွာေပါ့။ ငါက မင္းရဲ႕ ခြင့္ျပဳခ်က္ကို ေတာင္းရဦးမွာလား´
' ဒီစာလိပ္က ….. TianXin ဂုိဏ္းအပိုင္မဟုတ္ဘူးလား? ဘယ္တုန္းကအကို႕ အပိုင္ ျဖစ္သြားတာလဲ?´
You XiaoMo မေက်မခ်မ္းႏွင့္ တီးတိုးေျပာသည္။ ဒီလူက သူ႔ကို ရည္ရြယ္ေနတာ သူသိတာေပါ့။
'မင္းဘာေျပာတာလဲ ဘယ္လိုေတာင္ မင္းလိုလူက အကိုၾကီးတစ္ေယာက္ကို ေျပာေနတာလဲ?´
Li Jun ရွက္တာကေန ခ်က္ခ်င္းကို ေဒါသအျဖစ္ေျပာင္းသြားသည္။ ခံုကို ရိုက္ခ်လိုက္ကာ ဘုန္း ခနဲ အသံအက်ယ္ၾကီးထြက္လာကာ အျခားသူေတြကိုပါ သတိေပးသလိုျဖစ္သြားသည္။ သူ႕တို႕အေပၚ မေက်နပ္ေသာ အၾကည့္မ်ားက်ေရာက္လာသည္။
Jiang Liu က ခ်က္ခ်င္းကို ျဖန္ေျဖသူအျဖစ္ ၀င္ကာ ျပံဳးရင္း 'အကိုႏွစ္ေယာက္ ရန္မျဖစ္ပါနဲ႕။ ဒါက စာၾကည့္တုိက္ေလ။ အသံထြက္ခြင့္ မေပးဘူး နို႕မို႕ ကၽြန္ေတာ္တို႕ ေမာင္းထုတ္ခံရလိမ့္မယ္။ တစ္လွမ္းဆီ ေနာက္ဆုတ္ၾကမယ္ဆို ဘယ္လိုလဲ´
သူ ေျပာျပီးတာနဲ႕ You XiaoMo ဘက္ကို လွည့္ကာ 'အကုိၾကီးYou ျမန္ျမန္ ဒီ အကိုၾကီးကို ေတာင္းပန္လိုက္ေလ´
You XiaoMo စကားျပန္ေျပာတာေတာင္ မေစာင့္ပဲႏွင့္ Li Jun က ေအးစက္စက္ႏွာတစ္ခ်က္မႈတ္ကာ 'ငါက ညီေလးYou ရဲ႕ ႏွိမ့္ႏွိမ့္ခ်ခ် နဲ႕ ေတာင္းပန္တာကို မခံယူ၀ံ့ပါဘူး´
သူတို႕ႏွစ္ဦးလံုးက အတိုင္အေဖာက္ညီညီႏွင့္ မွားယြင္းသူက You XioMo အျဖစ္ေရာက္ေအာင္ ေသခ်ာကို ပံုေဖာ္ ေနသလိုသည္။ ဘာကို တစ္လွမ္းေနာက္ဆုတ္တာလဲ? အဲဒိ ေနာက္ဆံုးစကားက You XiaoMo ရဲ႕အျပစ္အျဖစ္ ပံုခ်ေနတာ အေသအခ်ာၾကီးကို။ ဘာျဖစ္တာလဲဆိုတာ ေသခ်ာမသိသူမ်ားကေတာ့ သူတို႕ ႏွစ္ဦးရဲ႕ လွည့္ကြက္ထဲ ခ်က္ခ်င္းက်သြားသည္။ စြပ္စြဲသည့္အၾကည့္မ်ားက You XiaoMo အေပၚကို စတင္ က်ေရာက္လာသည္။
You XiaoMo က Li Junရဲ႕စကားကို ေဒါသထြက္သြားသည္။ သူမမွားတာ ထင္ရွားရဲ႕သားနဲ႕ ဘာလို႕ သူက ေတာင္းပန္ရမွာလဲ? သူ႕မွွာ ေဒါသမရွိပဲ အသာေလးအႏို္င္က်င့္လို႕ရမယ္ေတာ့ မထင္နဲ႕။ ၾကမ္းတမ္းတဲ့ေခြးက နံရံေပၚခုန္တက္တယ္ ဆိုတဲ႕ စကားပံုလိုေပါ့။ (ေခြးေတာင္ ေခ်ာင္ပိတ္ခံရရင္ ျပန္ကိုက္ေသးတာပဲ ႏွင့္ တူပါတယ္)
'ဘာလို႕ သူ႕ကို ငါက ေတာင္းပန္ရမွာလဲ မွားတာက သူပဲဆုိတာ ထင္ရွားေနတာပဲကို´
ဒီစကားမ်ားကို ၾကားလုိ္က္တာနဲ႕ Jiang Liu ရဲ႕ ႏႈတ္ခမ္းေတြ က ေက်နပ္တဲ့အျပံဳးျဖစ္သြားလိမ့္မယ္လို႕ ဘယ္သူမွ မထင္ထား။ လူတိုင္းရဲ႕ အာရံုက You XiaoMo အေပၚမွာပဲ က်ေရာက္ေနတာေၾကာင့္ ဘယ္သူမွ သတိမထားမိၾက။
Li Jun က ေဒါသတၾကီးနဲ႕ ရယ္ေတာ့သည္။ ဒါက ေအးစက္စက္ ရယ္ျခင္းျဖစ္သည္။ သူက က်ယ္ေလာင္စြာေအာ္ဟစ္ကာ 'ေကာင္းလိုက္ေလ မင္းက လူတိုင္းမင္းေအာက္ကလို႕ ထင္တာလား You XiaoMo။ ဒီေန႕ မင္းကို မင္းဆရာအစား သင္ေပးရမွာေပါ့ မင္းက ကိုယ့္ထက္အၾကီးေတြကို ရိုေသေလးစားမႈ မရွိတဲ့ သူပဲ။ ´
ေျပာျပီးတာႏွင့္ You XiaoMo ကို ခပ္ၾကမ္းၾကမ္းခ်လို္္က္ရန္ ဟန္ျပင္သည့္ပံုျပင္လိုက္သည္။
စာၾကည့္တုိက္အ၀င္၀ကေန လူတစ္ေယာက္ ရုတ္တရက္၀င္လာတာမို႕ လူတိုင္းက အံ့ၾသသြားသည္။ အဲဒိလူရဲ႕ မ်က္ႏွာက အလြန္တင္းမာစြာႏွင့္ ရုတ္စု ရုတ္စုလုပ္ေနတဲ႕ လူစုကိုၾကည့္လုိက္သည္။ 'ဘာလဲ စာၾကည့္တိုက္ထဲမွာ မေအာ္ဟစ္ရဘူးဆိုတာ မင္းတို႕ မသိဘူးလား´ဆူပူသံထြက္လာသည္။
Unicode
C-124 Conflict.
အခန်း ၁၂၄ ပဋိပက္ခ
အနောက်ဆောင်က ပုံမှန်အားဖြင့် စစ်သည်ဌာန မှ ဂိုဏ်းသားများ ကြိမ်ဖန်များစွာ လာလေ့ရှိသော နေရာဖြစ်သည်။ ပုံမှန်အားဖြင့် အဲဒိမှာမှော်ဆရာအများအပြား သင်မြင်နိုင်မည် မဟုတ်ပါ။
ဒီတစ်ကြိမ်တော့ You XiaoMo အံ့သြသွားသည် အဘယ်ကြောင့် ဆိုသော် သူ့ဝိဥာဏ် က အထဲက အခြားမှော်ဆရာအများအပြားကို အာရုံခံမိလို့ဖြစ်သည်။ အဆင့်ကတော့ သိပ်မမြင့်ပေမယ့် သူတို့က အဆင့်သုံးလောက်ရှိသည်။ ဘာကြောင့်များ သူတို့တွေရဲ့ အဆင့်တွေကို အာရုံခံမိသလဲဆိုတာ သူ့ဘာသာသူတောင် သဘောမပေါက်ဘူးဖြစ်သွားသည်။
အထဲကို ၀င်လိုက်တော့ You XiaoMo ကတော့ အာရုံစိုက်ခြင်းတော့ အများကြီးမခံရချေ။ လူတိုင်းက သူ့တို့လက်ထဲက စာလိပ်တွေ စာအုပ်တွေကို စုပ်ယူတော့မည့် အလား ကြည့်ရှုနေသည်ဟုထင်ရသည်။
You XiaoMo သည်လည်း သူတို့ကို အနှောင့်အယှက်မပေးဝံ့။ သူ ပထမဆုံးစာအုပ်စင်ကနေ စရှာလိုက်သည်။ သိပ်မကြာခင်မှာပင် မှော်ဝင်သားရဲများနှင့် ပါတ်သတ်သော အရာများ ရှိသော စာအုပ်စင်ကို သူတွေ့သွားသည်။ စာအုပ်စင်၏ နေရာအတော်များများက လွတ်နေတာကတော့ သူ့ကို အံ့သြစေသည်.
အနားတွင်စာဖတ်နေသော ဂိုဏ်သားများကို သူလှည့်ပါတ်ကြည့်လိုက်သည်။ သူ့တို့လက်ထဲက စာအုပ်တွေက သူရှာနေတဲ့ စာအုပ်အတိအကျဖြစ်နေတာကို သူအံ့သြသွားမိသည်။ လူအများအပြားက မှော်ဝင်သားရဲများနှင့် ပတ်သတ်တာကို ဒီလောက် လူအများကြီးက တကယ်ကို လာရှာကြလိမ့်ဟု သူမထင်ထားတာဖြစ်သည်။ ကြည့်ရတာ သုခဘုံနယ်မြေ ကို သွားချင်နေတာက သူ တစ်ယောက်ထဲ မကဘူးထင်သည်။
ကံကောင်စွာနဲ့ TianXin ဂိုဏ်းက ဒီအခြေအနေကို စဉ်းစားထားသောအားဖြင့် မှော်ဝင်သားရဲနှင့်ဆိုင်သော စာအုပ် အများအပြား ဒီမှာ ရှိသည်။ လူအများက မှော်ဝင်သားရဲနှင့်ဆိုင်သော အရာများကို စစ်ဆေးသိရှိချင်ကြသော ထူးကဲတဲ့အခြေအနေကြောင့် သူတို့ကို စာကြည့်တိုက်မှ စာအုပ်ကို ယူဆောင်သွားခွင့် မပေးထားသည်က အတော်ဆိုးသည်။
You XiaoMo စာအုပ်စင်ကနေ စာလိပ်တစ်လိပ် ကောက်ယူလိုက်သည်။ ပြီးနောက် လူမရှိသည့် စားပွဲတွင် ထိုင်ပြီး ဖြည်းဖြည်းချင်းစီ စာလိပ်ကို ဖြန့်လိုက်သည်။ သူ့မျက်လုံးထဲ ၀င်လာတာက နမိတ်မကောင်းတဲ့ မျက်လုံးတွေ တလက်လက်နှင့် ရက်စက်တတ်တဲ့ ကိုယ်ဟန်နှင့် သစ် (အမေရိကန်တောင်ခြင်္သေ့) တစ်ကောင် ဖြစ်သည်။ အလယ်အလတ်အဆင့် သစ် ကို သန်မာသော ရွှေသစ်နက် ဟု ခေါ်သည်။ သူ့က အဆင့်ရှစ်မှော်ဝင်သားရဲဖြစ်သည်။ ခြုံကြည်လျှင် သူတို့က အများအားဖြင့် အလယ်အလတ်အဆင့် မှော်ဝင်သားရဲများဖြစ်သည်။
You XiaoMo ခေါင်းမော့ကာ အခြားသူများကို ဖြတ်ခနဲ ကြည့်လိုသည်။ သူ့ကို တစ်ယောက်မှ ကြည့်မနေတာတွေ့တော့မှ သူ့လက်နှစ်ဖက်လုံးကို သူ့ဝိဥာဏ်အားနှင့် တိတ်တိတ်လေး ဖုံးကွယ်လိုက်ကာ စာလိပ်ထဲမှ အချက်အလက်များကို စတင်ပြီး မှတ်သားတော့သည်။
ဒီအရာက မှော်ဆရာများသာ သုံးနိုင်သော ဖြတ်လမ်းဖြစ်သည်။ သူ တတိယအထပ်ကို သွားစဉ်က နောက်ဆုံးသုံးခဲ့တာဖြစ်သည်။ သို့သော် အခုတော့ ၀ိဥာဏ်အားကို သုံးပြီး မှတ်သားတာက စာလိပ်ထဲက မာတိကာများကို သူ့မှတ်ဥာဏ်ထဲမှာ နက်နက်ရှို်င်းရှိုင်းဖြစ်အောင် စွဲမြဲစေသည်။ အချိန် ဘယ်လောက်ကြာပစေ ဘယ်တော့မှ မမေ့နိုင်တော့ပေ။
သို့သော် ဒီလို မှတ်သားနည်းသည်လည်း မှော်ဆရာများအတွက် အကန့်အသတ်ရှိသည်။ ဒါပေါ့ ဒါက ၀ိဥာဏ်အားအများအပြား ကုန်ဆုံးစေသည်။ သာမာန်လူများအတွက်ကတော့ သူတို့ စာအုပ်တစ်အုပ်သို့မဟုတ် စာလိပ်တစ်လိပ် ကိုမှတ်သားခြင်းသည်ပင် သူတို့၏ ၀ိဥာဏ်အားအကုန်လုံးကို သုံးပြီးဖြစ်သွားနိုင်သည်။ You XiaoMo ကတော့ ကံကောင်းစွာနှင့် သာမာန်လူ မဟုတ်ပေ။
ပထမစာလ်ိပ်ကို မှတ်ပြီးနောက် You XiaoMo နောက်ထပ် စာလိပ်တစ်လိပ်သွားရှာလိုက်သည်။ ဒီတစ်ကြိမ်တော့ သူက အဆင့်နိမ့်မှော်ဝင်သားရဲများပါသော တစ်ခုကို ရှာတွေ့သည်။ အဆင့်နိမ့်မှော်ဝင်သားရဲများက အများကြီး ရှိပြီး သူတို့၏ အမျိုးအစားပေါ်လိုက်၍ စာလိပ်ငါးလိပ် အဖြစ် ခွဲခြားထားသည်။ အဆင့်နိမ့်မှော်ဝင်သားရဲများကို ရှာဖွေသူနည်းပါး သောကြောင့် အစုံလိုက်အပြည့်အစုံရှိနေတာ ကောင်းသည်။
စာလိပ်ငါးလိပ်မှာ အချက်အလက်တွေ အများကြီးရှိနေတာမို့You XiaoMo ကမှတ်သားသည့်အခါတွင် နှစ်ပိုင်းခွဲလိုက်သည်။ သူက အဆင့်မြင့်မှော်ဝင်သားရဲများအကြောင်းစာလိပ်များကိုလည်းသူရှာချင်ပေမယ့် သူရှာမတွေ့ဘူးဖြစ်နေသည်။ ဘေးပါတ်လည်ကို လှည့်ပတ်ကြည့်ပြီးနောက် အခြားဂိုဏ်သားရဲ့ လက်ထဲမှာ သူ့ရှာနေသည့် စာလိပ်ကို တွေ့သွားသည်။ သူအရင်ယူထားပေမယ့် သူက ကြည့်တော့ မကြည့်ရသေးပဲ ဘေးမှာ ချပြီး ထိုင်နေတာဖြစ်သည်။
သူ့ရဲ့ ဓါးလွယ်ခုပ် (ထောင့်ဖြတ်) တွင်ထိုင်နေသော အဖြူရောင်ဝတ်စုံနှင့် ဂိုဏ်းသားကို သူခိုးချောင်ခိုးဝှက်နှင့် လှမ်းကြည့်လိုက်သည်။ သူ့လက်ထဲ စာအုပ်ကို နစ်မြုပ်ကာ ဖတ်နေတာကို တွေ့မြင်လိုက်သည်။ သူ့ဘေးက စာလိပ်ကို သွားသွားကြည့်မိနေသော မျက်လုံးများက ကူရာမဲ့နေသည်။ တဖြည်းဖြည်းနှင့် သူ့တင်ကို ရွေ့ကာ ရွေ့ကာနျင့် ကပ်သွားသည်။ တခဏအတွင်းမှာပင် အစောက နှစ်ယောက်က မျက်နှာချင်းဆိုင် ဖြစ်သွားသည်…..
ဒီ ဂိုဏ်းသားက သူ့ကို သတိမထားမိအောင်ကို အရမ်းအာရုံစိုက်နေသည်ဟုထင်ရသည်။
You XiaoMo သတိထားပြီး သူ့အသံကို နှိမ့်ကာ လည်ချောင်းရှင်းပြီး ပျော့ပြောင်းစွာနှင့် သူ့ကို 'ဒီက အကို အနှောင့်အယှက် ပေးရတာ အားနာပါတယ်´
Li Jun သူ့မျက်နှာချင်းဆိုင်က တစ်ယောက်ယောက်ရဲ့ စကားပြောသံကြားပြီးတော့ အံ့အားသင့်စွာနှင့် ခေါင်းမော့လိုက်သည်။ You XiaoMo၏ပြုံးဖြဲဖြဲ မျက်နှာက သူ့မျက်လုံးထဲဝင်လာသည်။ မျက်မှောင်မကြုပ်ပဲ မနေနိုင်ပဲ မပြေမပြစ်နှင့် 'ဘာလိုချင်လို့လဲ´
သူ့ရဲ့ထင်မြင်ချက်ကို မသေချာပေမယ့် You XiaoMo က အဆိုပါ ဂိုဏ်သားက သူ့ကို မြင်ရတာ ပျော်ရွှင်ပုံမရဘူးလို့ ခံစားမိသည်။ သို့သော် ဒီဂိုဏ်သားကို ဒါက ပထမဆုံးတွေ့ဖူးမှန်းတော့ သူသေချာသည်။
'မင်းဘေးနားက စာလိပ်ကလေးကို ကြည့်ခွင့်ပေးနိုင်မလားဟင်´
'မရဘူး´
Li Jun က ချက်ချင်းငြင်းလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့လက်ထဲက စာအုပ်ကို ဘေးချပြီး သူ့စာလိပ်ကို အလစ်သုတ်မှာကို စိုးရိမ်သည့်အလား စာလိပ်ကို ကောက်ကိုင်လိုက်သည်။
You XiaoMo အဆိုပါလူ စာလိပ်ကို ကောက်ကိုင်လိုက်ပြီး သူကြည့်နေတဲ့ စာအုပ်ကို ပိတ်လိုက်တာကို မြင်လေသည်။ ပြီးနောက် စာလိပ်ကိုဖြန့်ကာ 'ငါအခုကြည့်နေပြီ မင်းကို မငှားနိုင်ဘူး´
You XiaoMo သူ့ကို ရိုးရိုးလေးပဲ စကားတစ်ခွန်းလက်ဆောင်ပေးချင်သည် : အရှက်မရှိဘူး သို့သော် သူ့နှလုံးသားထဲတော့ ထဲ့လိုက်သည်။
ဒီအမူအယာကိုမြင်သည်နှင့် အဆိုပါ ဂိုဏ်သားက သူ့ကို စာလိပ် မငှားချင်တာ သေချာလှသည်။ သူက တစ်လံလောက် မရနိုင်ဘူးဆိုရင် သူရုပ်လုံးအသစ်ဖော်ဖို့ မေ့လိုက်ဖို့သာ ရှိသည်။ (မရလို့ လက်လျော့လိုက်မယ်) သူ နားမလည်နိုင်တာတော့ ရှိသည် သူအဲဒိ ဂိုဏ်းသားကို အရင်က မဆန့်ကျင်ဘူး လို့ပဲ သူထင်သည်။
အဆိုပါ စာလိပ်ကို ငှားလို့ မရတော့မှတော့ သူနည်းနည်းတော့ စိတ်ဓါတ်ကျသလို ခံစားရသည်။ ကြည့်ရတာ သူမနက်ဖြန် မှ ထပ်လာရလိမ့်မည် ထင်သည်။
သူ့ခုံပေါ်က စာလိပ်ကို ကောက်ယူပြီး ပြန်ဖို့လုပ်နေတုန်း အံ့သြပျော်ရွှင်သွားဟန်အပြည့်ပါတဲ့ အသံက သူ့နောက်က ထွက်ပေါ်လာသည်။ ဒါကအရမ်းကြီး မကျယ်ပေမယ့် တိတ်ဆိတ်နေတဲ့ စာကြည့်တိုက်ထဲမှာတော့ အလွန်ကို ရှင်းလင်းပီသစွာ ကြားရသည်။
'အကိုကြီးYou´
ဒီအသံက ရင်းနှီးသည်ဟု You XiaoMo ခံစားရသည်။ သူ့ကို ခေါ်သည့်လူကို လှည့်ကြည့်တော့ အကဲဖြတ်တဲ့နေ့ထဲက ထပ်မတွေ့ရတဲ့သူကို တွေ့လိုက်သည် Jiang Liu ပါ။ သူက ကောင်းကင်တောင်ထွတ်ဂိုဏ်းသားများသာ ၀တ်ဆင်ရသည့် နက်ပြာရောင် ၀တ်ရုံကို ၀တ်ဆင်ထားသည်။ မြေကမ္ဘာတောင်ထွတ်နှင့် ၀တ်ရုံတူပေမယ့် မြေကမ္ဘာတောင်ထွတ်၏ အရောင်က အစိမ်းရောင်ဖြစ်သည်။
သူလှည့်ကြည့်လိုက်တာနှင့် Jiang Liu က သူ့ဆီကို ပျော်ရွှင်စွာနှင့် ချက်ချင်းပြေးလာသည်။ သူ့မျက်နှာချောချောလေးက အရမ်း ကို ထင်းခနဲ မြင်သာလှသည်။ ထို့အပြင် ကောင်းကင်တောင်ထွတ်၏ အလားအလာ ရှိသော ဂိုဏ်းသားအသစ်လေးအနေဖြင့် လူ အများက သူ့ကို မှတ်မိနေကြသည်။
'ညီလေးJiang မင်းလဲ စာအုပ်ဖတ်ဖို့ လာတာလား´
You XiaoMo က သူ့ကိုတွေ့ရတာ အရမ်းပျော်ရွှင်သွားသည်။
သို့သော် သူထိုစကားများကို ပြောပြီးသည်နှင့် မရေမတွက်နိုင်သော အထင်သေးသည့် အကြည့်တွေက သူ့အပေါ်ကျရောက်လာသည်ဟုသူခံစားလိုက်ရသည်။ စာကြည့်တိုက်လာတာ စာဖတ်ဖို့ အပြင် ဘာများလုပ်လို့ရလို့လဲ သူတို့ တွေးလိုက်တာ ဖြစ်တန်သည်။ ဒါပေမယ့် သူကတော့ ဘာမှမမှားဘူးလို့ပဲ သူခံစားရသည်လေ။
Jiang Liu ကတော့ ဘာမှ မသိသလို ထင်ရကာ သူ့အနားမှာ ထိုင်ချလိုက်သည်။ သူ့ အကြည့်တွေက သူ့(YXM)လက်ထဲက စာလိပ်အနည်းငယ်ကို အပေါ်ယံရှပ်ကြည့်လိုက်သည်။ သူကဆက်ပြီး 'အာ .. အင်း သုခဘုံနယ်မြေက နောက်သုံးလဆိုရင် ပွင့်တော့မှာလေ။ ဆရာက ကျွန်တော့်ကို မှော်ဝင်သားရဲ နဲ့ပတ်သတ်တာတွေ ဖတ်ဖို့ စာကြည့်တိုက် သွားခွင့်ပေးတယ်။ မဟုတ်ရင် ကျွန်တော် သုခဘုံနယ်မြေကိုသွားတဲ့အခါ မှော်ဝင်သားရဲတွေကို မခွဲခြားနိုင်ရင် အရှက်ကွဲလိမ့်မယ်´
You XiaoMo က သူ့အတွက် ၀မ်းသာသွားပြီး သူ့လက်ထဲက စာလိပ်တွေကို ပြကာ 'ဒါတွေက အဆင့်နိမ့် မှော်ဝင်သားရဲတွေ။ မင်းဖတ်ချင်ရင် ယူလို့ရတယ်´
မထင်မှတ်စွာနဲ့ Jiang Liu က ငြင်းဆန်သည်။ သူက ရှက်ကိုးရှက်ကန်နှင့် 'မလိုပါဘူး ကျွန်တော်ဒါတွေ တွေ့ပြီးသား ကျွန်တော်အခု အဆင့်မြင့်မှော်ဝင်သားရဲနဲ့ ပတ်သတ်တဲ့ အချက်တွေ လိုက်ရှာနေတာ´
အကယ်လို့သာ You XiaoMo သေချာနားထောင်မယ်ဆိုလျှင် သူ့လေသံထဲ မာနထောင်လွှားဟန်အနည်းငယ်ကို ကြားနိုင်မှာဖြစ်သည်။ သူပြောသည့်ပုံက ဖော်ရွေတတ်သော လူအဖြစ်နှင့် လူတိုင်းနှင့် ပေါင်းသင်းနိုင်သည့်ပုံဖြစ်ပေမယ့် တစ်ကယ်တော့ ကိုယ့်ကိုကိုယ်သာကြီးမြတ်က တော်တတ်နေအောင် လုပ်တတ်သော သူမျိုးဖြစ်သည်။
You XiaoMo သူ့ကို အံ့အားသင့်တဲ့ အကြည့်နှင့်ကြည့်လိုက်သည်။ သူက ဖတ်တောင်ပြီးသွားပြီ။ ဒါဆို သူဘာလို့ မှော်ဝင်သားရဲများကို မခွဲခြားနိုင်လောက်ဘူးဆိုတဲ့ စကားမျိုးပြောတာလဲ။ ဒါကဘာလဲ။ သေချာပြန်စဉ်းစားကြည့်တော့ Jiang Liu အဆင့်မြင့်မှော်ဝင်သားရဲများကို ရည်ညွှန်းတယ်လို့သူမှတ်ယူလိုက်ကာ သူဒီအတိုင်းထားလိုက်သည်။
You XiaoMo က ၀မ်းနည်းပက်လက်နဲ့ သတင်းပေးလိုက်သည် 'ညီလေးJiang မင်းတော့ ခြေတစ်လှမ်းနောက်ကျသွားပြီ အဆင့်မြင့် မှော်ဝင်သားရဲနဲ့ ပတ်သတ်တာတွေက အခြားသူတွေ ယူသွားကြပြီ´
'အ… ဒီလိုလား´
Jiang Liu လှပစွာ မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။ ရုတ်တရက် သူက အခြားတစ်ဖက်က Li Jun က အဆင့်မြင့်မှော်ဝင်သားရဲစာလိပ်တစ်လိပ်ဖတ်နေတာကို သူမြင်သွားသည်။ သူ့မျက်လုံးတွေက လင်းလက်သွားကာ 'အကို အကို့လက်ထဲက စာလိပ်လေး ငှားပေးလို့ရမလား´
Li Jun က သူရောက်လာကတည်းက သတိထားမိတာကြာပြီ။ သူကဒါ ကောင်းကင်တောင်ထွတ်ကJiang Liu ဆိုတာ သူသိတာပေ့ါ ။ သူ့အသံကြားတာနဲ့ မျက်နှာချိုသွေးတဲ့အပြုံးတစ်ခုကို ဖော်ပြကာ သူ့လက်ထဲက စာလိပ်ကို လက်လှမ်းပေးကာ 'ရတာပေါ့´
You XiaoMo မျက်လုံးတွေ ချက်ချင်း ပြူးကျယ်သွားသည်။ သူမယုံကြည်နိုင်စွာနဲ့ 'အကို ကျွန်တော် အခုလေးတင် ငှားဖို့ပြောတုန်းက အကိုပဲ ကိုယ့်ဘာသာဖတ်မလို့ဆို´
Li Jun ကချက်ချင်း သူ့ကို  သဘောမကျစွာကြည့်ပြီး အေးစက်စက် စိမ်းစိမ်းဝါးဝါး အကြည့် နှင့် မပျော်မရွှင် 'ဒီစာလိပ်က ငါ့ဟာ။ ငါ့ဘာသာ ကြိုက်တဲ့လူ ငှားမှာပေါ့။ ငါက မင်းရဲ့ ခွင့်ပြုချက်ကို တောင်းရဦးမှာလား´
' ဒီစာလိပ်က ….. TianXin ဂိုဏ်းအပိုင်မဟုတ်ဘူးလား? ဘယ်တုန်းကအကို့ အပိုင် ဖြစ်သွားတာလဲ?´
You XiaoMo မကျေမချမ်းနှင့် တီးတိုးပြောသည်။ ဒီလူက သူ့ကို ရည်ရွယ်နေတာ သူသိတာပေါ့။
'မင်းဘာပြောတာလဲ ဘယ်လိုတောင် မင်းလိုလူက အကိုကြီးတစ်ယောက်ကို ပြောနေတာလဲ?´
Li Jun ရှက်တာကနေ ချက်ချင်းကို ဒေါသအဖြစ်ပြောင်းသွားသည်။ ခုံကို ရိုက်ချလိုက်ကာ ဘုန်း ခနဲ အသံအကျယ်ကြီးထွက်လာကာ အခြားသူတွေကိုပါ သတိပေးသလိုဖြစ်သွားသည်။ သူ့တို့အပေါ် မကျေနပ်သော အကြည့်များကျရောက်လာသည်။
Jiang Liu က ချက်ချင်းကို ဖြန်ဖြေသူအဖြစ် ၀င်ကာ ပြုံးရင်း 'အကိုနှစ်ယောက် ရန်မဖြစ်ပါနဲ့။ ဒါက စာကြည့်တိုက်လေ။ အသံထွက်ခွင့် မပေးဘူး နို့မို့ ကျွန်တော်တို့ မောင်းထုတ်ခံရလိမ့်မယ်။ တစ်လှမ်းဆီ နောက်ဆုတ်ကြမယ်ဆို ဘယ်လိုလဲ´
သူ ပြောပြီးတာနဲ့ You XiaoMo ဘက်ကို လှည့်ကာ 'အကိုကြီးYou မြန်မြန် ဒီ အကိုကြီးကို တောင်းပန်လိုက်လေ´
You XiaoMo စကားပြန်ပြောတာတောင် မစောင့်ပဲနှင့် Li Jun က အေးစက်စက်နှာတစ်ချက်မှုတ်ကာ 'ငါက ညီလေးYou ရဲ့ နှိမ့်နှိမ့်ချချ နဲ့ တောင်းပန်တာကို မခံယူဝံ့ပါဘူး´
သူတို့နှစ်ဦးလုံးက အတိုင်အဖောက်ညီညီနှင့် မှားယွင်းသူက You XioMo အဖြစ်ရောက်အောင် သေချာကို ပုံဖော် နေသလိုသည်။ ဘာကို တစ်လှမ်းနောက်ဆုတ်တာလဲ? အဲဒိ နောက်ဆုံးစကားက You XiaoMo ရဲ့အပြစ်အဖြစ် ပုံချနေတာ အသေအချာကြီးကို။ ဘာဖြစ်တာလဲဆိုတာ သေချာမသိသူများကတော့ သူတို့ နှစ်ဦးရဲ့ လှည့်ကွက်ထဲ ချက်ချင်းကျသွားသည်။ စွပ်စွဲသည့်အကြည့်များက You XiaoMo အပေါ်ကို စတင် ကျရောက်လာသည်။
You XiaoMo က Li Junရဲ့စကားကို ဒေါသထွက်သွားသည်။ သူမမှားတာ ထင်ရှားရဲ့သားနဲ့ ဘာလို့ သူက တောင်းပန်ရမှာလဲ? သူ့မှာ ဒေါသမရှိပဲ အသာလေးအနိုင်ကျင့်လို့ရမယ်တော့ မထင်နဲ့။ ကြမ်းတမ်းတဲ့ခွေးက နံရံပေါ်ခုန်တက်တယ် ဆိုတဲ့ စကားပုံလိုပေါ့။ (ခွေးတောင် ချောင်ပိတ်ခံရရင် ပြန်ကိုက်သေးတာပဲ နှင့် တူပါတယ်)
'ဘာလို့ သူ့ကို ငါက တောင်းပန်ရမှာလဲ မှားတာက သူပဲဆိုတာ ထင်ရှားနေတာပဲကို´
ဒီစကားများကို ကြားလိုက်တာနဲ့ Jiang Liu ရဲ့ နှုတ်ခမ်းတွေ က ကျေနပ်တဲ့အပြုံးဖြစ်သွားလိမ့်မယ်လို့ ဘယ်သူမှ မထင်ထား။ လူတိုင်းရဲ့ အာရုံက You XiaoMo အပေါ်မှာပဲ ကျရောက်နေတာကြောင့် ဘယ်သူမှ သတိမထားမိကြ။
Li Jun က ဒေါသတကြီးနဲ့ ရယ်တော့သည်။ ဒါက အေးစက်စက် ရယ်ခြင်းဖြစ်သည်။ သူက ကျယ်လောင်စွာအော်ဟစ်ကာ 'ကောင်းလိုက်လေ မင်းက လူတိုင်းမင်းအောက်ကလို့ ထင်တာလား You XiaoMo။ ဒီနေ့ မင်းကို မင်းဆရာအစား သင်ပေးရမှာပေါ့ မင်းက ကိုယ့်ထက်အကြီးတွေကို ရိုသေလေးစားမှု မရှိတဲ့ သူပဲ။ ´
ပြောပြီးတာနှင့် You XiaoMo ကို ခပ်ကြမ်းကြမ်းချလို်က်ရန် ဟန်ပြင်သည့်ပုံပြင်လိုက်သည်။
စာကြည့်တိုက်အ၀င်ဝကနေ လူတစ်ယောက် ရုတ်တရက်ဝင်လာတာမို့ လူတိုင်းက အံ့သြသွားသည်။ အဲဒိလူရဲ့ မျက်နှာက အလွန်တင်းမာစွာနှင့် ရုတ်စု ရုတ်စုလုပ်နေတဲ့ လူစုကိုကြည့်လိုက်သည်။ 'ဘာလဲ စာကြည့်တိုက်ထဲမှာ မအော်ဟစ်ရဘူးဆိုတာ မင်းတို့ မသိဘူးလား´ဆူပူသံထွက်လာသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now